"မင်းတို့သခင်လေးရော..."ည ၁၁နာရီရှိနေတာတောင် ရစ်ခီရှန်ရဲ့အရိပ်ယောင်မမြင်ရသေးတာမလို့ မက်သရူးလီယမ်အားမေးလိုက်သည်။ဘယ်လိုပဲ ဒီလူကိုမချစ်ပါစေဦး ကိုယ့်ရဲ့အိမ်ထောင်ဖက်ဖြစ်တာကြောင့် မေးဖို့ဝတ္တရားကသူ့မှာရှိနေသည်။
"ရှန်သခင်လေးကရှယ်လ်ယာရှင်တွေနဲ့ညစာစားပွဲသွားပါတယ် သခင်လေး"
ရစ်ခီရှန်ရဲ့အသက်က ၁၉နှစ်သာရှိသေးပေမယ့် မိဘကမြို့မျက်နှာဖုံးဆိုသည့်အလျောက်အခြား သူဌေးမင်းတွေလိုအပျော်ပါးတော့မလိုက်စားချေ။သူဌေးဆိုတဲ့ဂုဏ်လည်းမမောက်။အတော်လေးတော်လွန်းတဲ့လူငယ်ဆိုတာ ငြင်းမရချေ။
သန်းခေါင်ယံအချိန်ရောက်နေပြီဖြစ်ပေမယ့် မက်သရူးမှာအိပ်မပျော်နိုင်သေး။အိပ်ယာဘေးမှာလစ်လပ်နေတဲ့နေရာလွတ်ကိုကျင့်သားမရနိုင်။ရစ်ခီရှန်အားမချစ်သော်လည်း လက်ထပ်ပြီးကတည်းကတစ်လျောက်လုံးအနားမှာရှိခဲ့တဲ့သူဖြစ်တာကြောင့် လွတ်နေတဲ့နေရာက အနေခက်စေ၏။
ရစ်ခီအားစောင့်ရင်းနဲ့မှေးခနဲအိပ်ပျော်သွားတဲ့အချိန်မှာပဲ အိပ်ခန်းတံခါးဖွင့်လိုက်တဲ့အသံကြောင့် မက်သရူးနိုးလာခဲ့သည်။တံခါးဖွင့်တဲ့အသံကအကြမ်းကြီးမဟုတ်ပေမယ့် သူကအအိပ်ဆတ်သည်မလို့ နိုးလာခဲ့၏။
လုပ်ငန်းရှင်တွေနဲ့ညစာစားပွဲဆိုတော့ သောက်ခဲ့ရသည်ထင် အခန်းထဲဝင်လာတဲ့ရစ်ခီရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ယိုင်ထိုးနေခဲ့သည်။ရစ်ခီကအိပ်ယာဆီလျှောက်လာပြီး မက်သရူးရဲ့ဘေးတိတ်တိတ်လေးဝင်ထိုင်ကာ နက်ခ်တိုင်ကိုချွတ်နေ၏။
ရစ်ခီမှာအတော်လေးအားထုတ်နေရပေမယ့် နက်ခ်တိုင်ကဖြုတ်လို့မရဖြစ်နေသည်။မက်သရူးက ကြည့်မနေနိုင်တော့တာကြောင့် ထလာပြီး နက်ခ်တိုင်ကိုဖြုတ်ပေးဖို့လုပ်လိုက်သည်။
အရက်ရှိန်ကြောင့် ရစ်ခီရဲ့ပါးနှစ်ဖက်ပင် အနီရောင်သန်းနေသည်။
"ကိုယ့်ကြောင့် နိုးသွားတာလား တောင်းပန်ပါတယ်"
ပြောရင်းဆိုရင်းပင် ရစ်ခီရဲ့မျက်ဝန်းအိမ်ထဲကမျက်ရည်တွေစီးကျလာကာ တစ်ရှုံ့ရှုံ့နဲ့စ၍ငိုတော့သည်။မက်သရူးမှာ ငိုနေတဲ့လူကိုဘယ်လိုချော့ရမယ်မသိအခက်တွေ့နေတော့သည်။
YOU ARE READING
Lost in Blue
Fanfiction"That you are the savior that has come to ruin me" Lee Hi - 구원자 (Savior)