Chapter 2

197 37 3
                                    

တစ်စုံတစ်ခုပြုတ်ကျသံကြောင့် မက်သရူးအိပ်ယာနိုးလာခဲ့သည်။အိပ်‌ေမာကျနေတုန်း အနှိုးခံလိုက်ရသလိုဖြစ်သွားတာကြောင့် မက်သရူးစိတ်ဟာကြည်လင်မနေချေ။

"ကိုယ့်ကြောင့်နိုးသွားတာလား...ပြန်အိပ် ပြန်အိပ်"

ခပ်ချိုချိုအသံကမက်သရူးနားထဲပြန်လွှင့်လာတဲ့အချိန်တွင်မက်သရူးရဲ့စိတ်ကပိုလို့ပင်ဆိုးရွားသွားသေးသည်။အိပ်ပျော်နေတာကို အနှိုးခံလိုက်ရတော့ ဘယ်လိုလုပ်ပြန်အိပ်လို့ရတော့မည်နည်း။ဒီလူကရူးများနေသလား။

အိပ်ယာနဲ့ခပ်လှမ်းလှမ်းတွင် အလုပ်သွားဖို့ရာအတွက်ပြင်ဆင်နေသည့်ရစ်ခီအားတွေ့လိုက်ရသည်။မနေ့ကတင် မည်းနက်နေသည့်ရစ်ခီရှန်၏ဆံပင်များသည် နေ့ချင်းညချင်းပင် အနီရောင်များကအစားထိုးသွားခဲ့သည်။ရစ်ခီအားကြည့်ကာ မက်သရူးနှာခေါင်းရှုံ့လိုက်မိသည်။

မက်သရူးမှာ ရစ်ခီအားဘယ်လောက်ပင်မုန်း‌ေနပါ‌ေစဦး။ရစ်ခီရှန်ရဲ့ရုပ်ရည်ဟာသိပ်ကိုချောမောလွန်းတာဟာမက်သရူးလက်မခံချင်လည်း လက်ခံရမည်။

ဒီလူကဘာလို့ သူ့လိုအခြေခံလူတန်းစား နာမည်မရှိတဲ့ပန်းချီဆရာတစ်ယောက်အားအတင်းကြပ်လက်ထပ်ခဲ့သလဲဆိုတာမက်သရူးမှာနားမလည်နိုင်ချေ။သူ့ရုပ်သူ့ရည်၊သူ့အဆင့်တန်းနဲ့ဆွေမျိုးတော်ချင်တဲ့ မျိုးရိုးမိသားစုတွေများ တောင်လိုပုံနေမှာကြိမ်းသေ။

"ကိုယ့်ကိုနက်ခ်တိုင်လေးကူတပ်ပေးပါဦး"

မက်သရူးမှာရစ်ခီအားဘာမှပြောချင်စိတ်မရှိတာကြောင့် အနားကိုလျှောက်သွားလိုက်ကာ နက်ခ်တိုင်ကိုတပ်ဖို့သာပြင်လိုက်သည်။

အိပ်ယာထခါစမလို့ စိတ်ကြည်မနေတဲ့ချစ်ရသူလေးကိုကြည့်ကာ ရစ်ခီမှာပျော်ရွှင်မိသည်။သူဘဝတစ်သက်သာလုံးဒီလိုနေ့မျိုးရောက်ဖို့စောင့်ဆိုင်းခဲ့ရတာဖြစ်ပြီး မက်သရူးအားအိမ်မက်ဆန်စွာပင်ပိုင်ဆိုင်ခဲ့ရသည်။

ဆော့မက်သရူးကသူ့အပိုင် သူကဆော့မက်သရူးနဲ့တရားဝင်လက်ထပ်ထားတဲ့သူဆိုတဲ့အသိက ရစ်ခီအားရွှင်မြူးစေသည်။

Lost in BlueWhere stories live. Discover now