၀မ်ရိပေါ် အိမ်တော်ကို ပြန်ရောက်ရောက်ခြင်း နားထင်ကို သွေးစောင့်တတ်သွားစေသော အဖြစ်ပျက်ဖြစ်နေခဲ့သည်။စီမံကိန်း၏ အဆုံးသတ်ရန်တစ်ခုကို ရှောင်ကျန့်က ယူသွားသည်ဆိုသော အချက်ကိုဖြစ်သည်။တစ်ဆတ်တည်းမှာဘဲ ရှောင်ကျန့် ဘေးကင်းကင်းနဲ့ မြို့တော်ပြန်ရောက်ခဲ့ကြောင်းသိလိုက်ရတော့ စိတ်အေးသွားရသည်။အစေခံကို ဘာမှမပြောတော့ဘဲ လုပ်စရာရှိတာများကိုသာ သွားလုပ်ရန်ပြောခဲ့လိုက်ရသည်။
တစ်ဖတ်က ရှောင်မင်းသားဖြစ်တာကြောင့် သူတို့ မတားနိုင်ဘူးဆိုတာလည်း မလွန်ချေ။
ရိပေါ် မြို့ တော်ကို မနည်းအားတင်းရင်း မြင်းကို အသားကုန် စီးနှင်းလာခဲ့တာကြောင့် ဓါးဒဏ်ရာမှာ ယောင်ယန်းနေတော့သည်။ကျောဘက်ရှိဒဏ်ရာကို ဆေးလိမ်း ပတ်တီးစီးပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ်ပြင်၀တ်လိုက်သည်။ထို့နောက် စာပွဲခုံပေါ်တွင် ကျနေသော အလင်းရောင်ကြောင့် အပေါ်မော့ကြည့်တော့ လူ၀င်စာ ခေါင်မိုးပြားများ အခွာခံရတာကို မြင်ခိုက် နှုတ်ခမ်းဒေါင့်စွန်းနှစ်ဖတ်မှာ မသိလိုက်ပါဘဲ ကော့တတ်သွားကြသည်။အံစွဲထဲရှိ သပ်ရပ်စွာ ခေါက်ချိုးထားသော စာရွတ်လိပ်လေးကို ခပ်ဖွဖွပွတ်သပ်ရင်း"ခင်များ ဘာမှမဖြစ်ရင်ကို ရပြီ.."
အပြုံးကို ၀မ်ရိပေါ် သတိထားမိတော့ အမြန် စာလိပ်ကို အံစွဲ၏ ဒေါင့်အကျဆုံးနေရာကို ထိုးထည့်လိုက်ရသည်။ အိမ်ထဲမှ အမြန်ထွတ်လာခဲ့ကာ ခြေဦးတည်ရာက ရှောင်ကျန့် စီသို့ဖြစ်သည်။
_____
ရှောင်ကျန့်က စားပွဲခုံပေါ် မေးထောက်ရင်း ရှေ့ရှိ ပိုင်ယွဲ့ကို မော့ကြည့်ရင်း သက်ပြင်းချမိသည်။ပိုင်ယွဲ့လက်ထဲတွင် ကိုင်ထားသော စာရွတ်လိပ်အဖြူလေးမှာ တွန့်ကျေနေသည်။
ထိုစာလိပ်ထဲတွင်ရေးထားသည်က"လျှိုတိုင်းပြည်က အိမ်ရှေ့စံကို အနိုင်ယူရန်
မဟုတ်လျှင် ၀မ်၀မ်ကို သေဒဏ်ပေးရမည်"
ဖြစ်သည်။ရှောင်ကျန့်က လက်ကို ပိုက်လိုက်ရင်း ၀တ်ထားသော အပြာရင့်ရောင်၀တ်စုံလေးကို
တစ်ချက် အကျအနပြင်လိုက်ရင်း
![](https://img.wattpad.com/cover/358057283-288-k505024.jpg)
YOU ARE READING
၀မ်ကိုချစ်ဖို့မွေးဖွားလာပါသည်။
RomanceRealy Name= ၀မ်ကိုချစ်ဖို့ မွေးဖွားလာပါသည်။ Nicke Name= အလှလေးတွေက ဉာဏ်များလွန်းတယ် စိတ်ကူးနဲ့ပုံဖော်ထားခဲ့မိတဲ့ ၀တ္ထုတစ်ပုဒ်အသက်၀င်လာပြီး ရှောင်ကျန့်ကို ထို၀တ္ထုထဲ ဆွဲသွင်းခံရသောအခါ။ရှောင်ကျန့်တစ်ယောက် သူ့ရဲ့ချစ်လှစွာသော ၀မ်အလှလေးကို မျက်မြင်တွေရမယ...