🧝Chapter 10
ကျိန်းသေပေါက်ကိုသူမကစျေးမြှင့်ထားခဲ့တာပင်၊
ပုံမှန်ဆိုလျှင်ရွာသားတစ်ဦးက ကောတစ်ယောက်ကိုတင်တောင်းသည့်အခါ ငွေစ၅တွဲသာလျှင်လက်ဖွဲ့အဖြစ်ပေးရသည်၊ သူမက၈တွဲဟုတောင်းသည်မှာ မြောင်ဟယ်အား စျေးကြီးသော ကောအဖြစ်သတ်မှတ်ထား၍ပင်၊ သူမကချက်ချင်းကို မြောင်ဟယ်မှာ ရောင်းမထွက်သည့် သတင်းဆိုးထွက်ထားသော ကောမှန်းမေ့သွားခဲ့သည်။
မြောင်ဟယ်၏မျက်နှာကဆိုးရွားသွားခဲ့သည်။
"ရှစ်တွဲဟုတ်လား မလွန်လွန်ဘူးလား၊ ကျွန်တော်ကတော့ ၆တွဲပဲပေးနိုင်မယ်၊အဲဒီအတွက်ကိုလည်း သာ့လန်ကသဘောတူတာသေချာဦးမှ၊ ရှစ်တွဲဆိုပဲ၊ သာ့လန်ကအဲလောက်ငွေအများကြီးရှာနိုင်မယ်ထင်လို့လား၊ ငွေမယူချင်ရင်လည်းထားလိုက်တော့ ကျွန်တော်တို့မကြာခင် ယုန်နည်းနည်းမွေးမှာမို့ ရှောင်ပေါင်အတွက်တစ်ကောင်ဆီပို့ပေးဖို့ကြိုးစားပေးမယ်"
ယုန်ဟုတ်လား.. ယုန်ကကြက်ကိုဘယ်လိုလုပ်မှီမှာလဲ
မြောင်ဟယ်နျန်မှာမူအိပ်မက်ထဲပျော်၀င်နေဆဲပင်
မြောင်ဟယ်က ပြန်ဆုတ်ခွာနေသည်ကိုမြင်လျှင်
သူမက ကမူရှူးထိုးဆိုလာခဲ့သည်။"နင် နင်ဘာလို့မတွက်ကြည့်တာလဲ၊ ခုနကကျသဘောတူနေပြီးတော့ ရန်သာ့လန်ကဒီမှာမရှိလည်း နင်က သူ့ရဲ့အိမ်ထောင်ဖက်ပဲမလား၊ နင့်ဘာနင်မဆုံးဖြတ်နိုင်ဘူးလား"
"ဟင့်အင်း အားနျန်ပဲ ကျွန်တော်နဲ့ သာ့လန်ကိုရင်းနှီးစေချင်တာမဟုတ်ဘူးလား၊ ဒီငွေရှစ်တွဲကိုကျွန်တော်ကဘယ်လိုလုပ်ပြောထွက်မှာလဲ၊"
"နင်မပြောရဲရင်၊ငါပြောမယ်၊ ရန်သာ့လန်ကငါတို့အိမ်က ကောကိုအလကားယူသွားပြီး ၀န်ခံရမှာငြင်းနေတယ်လို့ တာ၀န်ယူမှုမရှိဘူးလို့ တစ်ရွာလုံးကိုပြောပစ်မယ်"
သူမပေါက်ကွဲနေစဥ်မှာပင် ရန်သာ့လန်က ကြက်မတစ်ကောင်နှင့်အတူ တခြားသားကောင်ရောင်းရငွေများကိုဆွဲလျက် အိမ်ပြန်လာခဲ့သည်၊
YOU ARE READING
ကောငယ်လေး၏စတိုရီ(ဘာသာပြန်)
FantasíaUpdate - Tuesday and Saturday (2chapters A week)