🧝Chapter 11
ရန်သာ့လန်ကသူမအားကတိပေးထားသော
ငွေတွဲများကိုသတိရလိုက်လျှင် သူမ၏ရင်ထဲမှနေသာသွားလျက် အတွေးတို့မျက်လုံးတွင်မပေါ်မိစေရန် မျက်လွှာချလိုက်သည်။ဘာပဲဖြစ်ဖြစ်သည်မိသားစုကိုပေးသိ၍မဖြစ်ပေ။
ထိုအချိန်တွင်အိမ်ကိုပြန်ရောက်လာသောမြောင်ဟယ်ကတော့သူ့ကိုယ်သူအားမလိုအားမရဖြစ်နေမိသည်။
ထိုကောင်းကင်ပေါ်ပျံသွားတော့မည့်ငွေခြောက်တွဲအတွက်သူ့မှာတာ၀န်အပြည့်ရှိသည်ပင်၊သူ၏လက်ထဲတွင် မှော်ဆန်သောမြေဆီသြဇာရှိနေသော်လည်း သုံးစရာငွေတွဲတော့မရှိချေ။ ထို့အပြင်သူစိုက်ပျိုးထားသောအသီးအရွက်များကိုရောင်းရန်မှာလည်း လ၀က်ခန့်အချိန်ယူရပေလိမ့်မည်၊
သူနောက်မှကောငယ်၏မျက်နှာမှာ ညှိုးငယ်နေသည်ကိုမြင်သောအခါ သူကအိပ်ခန်းထဲသို့တိုက်ရိုက်၀င်လိုက်ပြီး မြေအိုးကိုလှမ်းယူလိုက်သည်၊ ထိုမြေအိုးကိုလှန်လိုက်တော့ အထဲမှကြေးပြားအနည်းငယ်ထွက်လာခဲ့လေသည်၊
"ကိုယ့်လက်ထဲမှာလည်းပိုက်ဆံရှိပါသေးတယ်"
သူက တော၀က်ရောင်း၍ရလာသော ငွေကိုဆွဲထုတ်လာခဲ့သည်။မနေ့ကဖမ်းမိလာသော တော၀က်ကလေးမှာ ဒဏ်ရာကြီးကြီးမားမားမရှိသလောက်နည်းကာ ရှားပါးသော သားကောင်လည်းဖြစ်သည်မို့ သူက သားကောင်များကို အသင့်တော်ဆုံးစျေးဖြင့်ရောင်း၀ယ်လေ့ရှိသည့်
မြို့၏မြောက်ဘက်ပိုင်းကိုသွားရောင်းခဲ့လေသည်။သို့နှင့် ကြက်နှစ်ကောင်နှင့် ရန်သာ့လန်၀ယ်လာခဲ့သည့် ဂျုံမှုန့်တစ်ထုပ်ဖိုးကိုဖယ်လိုက်လျှင်ပင် တော၀က်ကလေးမှာ ငွေနှစ်တွဲခန့်ဖြင့်ရောင်းချနိုင်ခဲ့သည်မှာအသိသာပင်။
သို့နှင့်စုစုပေါင်းလိုက်ပါက ရန်သာ့လန်လစဥ်ရှာဖွေနိုင်စွမ်းမှာ ငွေနှစ်တွဲမှသုံးတွဲအထိရှိလေသည်၊ သို့ဆိုပါလျှင်ဤလအတွက်လျော်ကြေးငွေတစ်တွဲကိုပေးချေနိုင်လိမ့်မည်၊

YOU ARE READING
[COMPLETED]ကောငယ်လေး၏စတိုရီ(ဘာသာပြန်)
FantasyUpdate - Tuesday and Saturday (2chapters A week) Zawgyi user များအတွက် Tele channel မှာ pdf file ရှိပါတယ်ရှင်