Pt.14

638 92 80
                                    

💬 တောင်းပန်ပါတယ် Omma... ဒီနှစ် Omma ရဲ့မွေးနေ့မှာ အတူမရှိပေးနိုင်လို့

💬 ပြန်လာပါလားဂျင်းနီရယ် Omma က သားလေးအရမ်းစားချင်နေတဲ့အစားအသောက်တွေကိုတောင် ပြင်ထားပေးမလို့လေ

💬 ကျွန်တော် ခွင့်ယူဖို့မလွယ်လို့ပါ Omma ရယ်

💬 Appa က ဒီရက်ပိုင်း ကျန်းမာရေးမကောင်းဘူး၊ ဂျင်းနီပြန်လာမယ်ဆိုလို့ သူ ဒီရက်ပိုင်း နည်းနည်းတက်ကြွနေတာ

💬 တောင်းပန်ပါတယ် Omma...

ဆော့ဂျင်ရေချိုးနေတုန်း ထယ်ယောင်းက ဆော့ဂျင်ရဲ့ဖုန်းထဲကစာတွေကို ယူဖတ်နေတာ ...

စောနက ဆော့ဂျင် ရေချိုးခန်းမ၀င်ခင် သူ့ကိုပြောခဲ့တာက သူ့မိဘတွေရဲ့အိမ်ကို အလည်မပြန်ဖြစ်တော့ဘူးတဲ့၊ မိဘတွေကလဲ အတင်းမခေါ်တာမို့ အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းကို ရယ်ရယ်မောမောပြောနေတာ...

ဒါပေမဲ့ သူကမယုံလို့ ခု ဆော့ဂျင်ရဲ့ဖုန်းကိုစစ်လိုက်တာ... ဆော့ဂျင်ပြောသလိုတော့ သူ့မိဘတွေက ကြည်ကြည်ဖြူဖြူလက်ခံလိုက်တာမဟုတ်ပေမဲ့ ဆော့ဂျင်မသွားရင်ပြီးရောမို့ သူ စိတ်ကျေနပ်သလို ဖြစ်သွားသည်...

သို့ရာတွင် ဆော့ဂျင် ရေချိုးခန်းထဲ၀င်တာ နဲနဲကြာနေသလိုမို့ သူ တံခါးခေါက်ရန်အနားသွားတော့ ရေချိုးခန်းထဲက ရှိုက်သံသဲ့သဲ့...

ရုတ်တရက် စိတ်ပူသွားပြီး သူ တံခါးကိုအတင်းတွန်းဖွင့်ရန်ပြင်တော့ ဗလုံးဗထွေးရေရွတ်သံကိုကြားလိုက်သည်...

"တောင်းပန်ပါတယ် Omma နဲ့ Appa"

ပါးစပ်ကို လက်နှင့်ပိတ်ပြီး ငိုနေဟန်တူသည့် ဆော့ဂျင်၏ ခပ်ကြိတ်ကြိတ်အသံ...

ဒေါက် ဒေါက် ဒေါက် !!

"ဂျင် တံခါးဖွင့်"

သူ အပြင်မှ ခပ်ပြင်းပြင်းခေါက်လိုက်တော့..

"ခဏလေး ခဏလေး"

ရေချိုးခန်းထဲမှ ဆော့ဂျင်၏ပြန်အော်သံလေး... ထို့နောက် ရေဆွဲချသံနှင့်အတူ ဘေစင်ရေဖွင့်လိုက်ဟန်...

မကြာမီ ရေချိုးခန်းတံခါး ပွင့်လာသည်...

ရေစက်တချို့တင်နေသည့် မျက်နှာလေးက အခုမှ သစ်လိုက်ပုံ...

𝐊ɪᴍWhere stories live. Discover now