"Hello"
message requestထဲကို ရောက်လာတဲ့ စာတိုလေးတစ်ခု၊ သေချာကြည့်လိုက်တော့ မနေ့ကမှကိုယ့်ကိုလာfollowထားတဲ့ အကောင့်လေးမှန်း သတိထားလိုက်မိတာမို့ "ဟုတ်ကဲ့"လို့ replyပြန်လိုက်တဲ့အခါ အကောင့်ပိုင်ရှင်လေးဆီကနေ နောက်ထပ်စာလေးတွေထပ်ရောက်လာခဲ့လေသည်။
"fic authorဆိုလို့ ရေးဖူးတဲ့ficနာမည်လေးတွေပြောပြလို့ရမလား ဖတ်ဖူးတဲ့authorလားဆိုတာသိချင်လို့ရှင့်"
သူမလေးရဲ့ဆန္ဒအတိုင်း wp acc nameနဲ့အတူ ficနာမည်လေးတွေပြောပြလိုက်တော့ သူမလေးကစကားဆက်လာခဲ့ပြန်၏။
"ရည်းစားရှာပိုစ့်ရေးထားတော့ authorတစ်ယောက် ficတွေရေးရင်းများ ရည်းစားလိုချင်လာလို့လားလို့။ စာဖတ်သူတွေတောင် အာသာရေးထားတဲ့ပိုစ့်ကိုဖတ်ပြီး ရည်းစားလိုချင်သွားလို့လေ"
"အာ...အဲဒါကအပျော်ရေးလိုက်တာမို့ အတည်လို့မသတ်မှတ်စေချင်ဘူး။ ခုတောင်ပြဿနာကိုမီးစက်ထွန်းရှာမိလို့ ကိုယ့်အပြစ်နဲ့ကိုယ် အရှုပ်တွေရှင်းထုတ်နေရပြီလေ"
ဘာရယ်လို့မှမဟုတ်ပါဘဲ ခုမှစသိသူလေးက ကိုယ့်ကို လူရှုပ်တစ်ယောက်ရယ်လို့ အထင်မခံနိုင်ဖို့အရေး ဖြေရှင်းချက်တွေတန်းပေးမိတယ်။ တကယ့်အမှန်တရားမှာလဲ ကိုယ်ဟာဒီပိုစ့်ကို အပျော်သဘောနဲ့လက်ဆော့မိလိုက်တာမို့ အတည်မဟုတ်ပါဘဲ မကစားလိုတဲ့စိတ်ဟာ လာပတ်သတ်သမျှကို ငြင်းဖို့သာ ဆန္ဒရှိနေခဲ့လေတယ်။ဒါကိုပင် ကိုယ့်ရဲ့ရှင်းလင်းချက်က သူမအတွက် ဘယ်လိုအဓိပ္ပါယ်တွေများ သက်ရောက်သွားစေတယ်မသိ သူမလေးကလည်း ခပ်သွက်သွက်ပင်ငြင်းချက်ထုတ်လာခဲ့လေ၏။
"အဲ့ထဲမှာ ညီမတော့မပါဘူးနော် ။ ညီမက ဒီတိုင်းfic authorဆိုလို့ လာစပ်စုတာ"
သူမ၏တုံ့ပြန်စကားတွင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်လိုစိတ်လေးအား ကောင်းကောင်းသဘောပေါက်လိုက်တာမို့ ကိုယ့်မှာပြုံးလိုက်မိသေး၏။သူများနဲ့မတူကွဲပြားခြားနားလိုက်ပုံများ spaceမခြားဘဲ တစ်ဆက်တည်းရေးထားပါသော acc nameလေးကအစ တမူထူးခြားနေခဲ့သည်မဟုတ်ပါလား။ဒါကြောင့်ပင် လာfollowတဲ့နေ့ကတည်းက ကိုယ့်မှာသူ့အကောင့်လေးထဲသို့ဝင်ကြည့်မိခဲ့သေးသည်။