Part (7)

698 17 0
                                    

မိုးတိတ်သွားပေမဲ့ ညအမှောင်ကြောင့် ချမ်းစိမ့်"ဖြစ်နေပါတယ် လမ်းမပေါ်မှာ ကြွေတျောက်တည်း အိမ်ကိုပြန်လာနေတယ် ဒီနေ့က လူအရမ်းရှင်းတာမို့ လမ်းကြိုလမ်းကြား ကနေပြန်ဖို့ ဆုံးဖြတ်လိုက်တယ် အ့တာမှ အကူအညီတောင်းရင် လွယ်မှာလေ သူမ ပြန်နေတဲ့ အချိန် ဆူညံ့ တစ်ခုကို‌ကြားလိုက်ရပါတယ်
'မင်း အသုံးမကျတဲ့ကောင် သွား အိမ်ပြန်မလာနဲ့'
'အင်း မလာဝူး အဖေရှိတဲ့နေရာကို အရမ်းလာချင်နေတယ် ထင်နေလား'
ခွပ် ကလွမ် ကလွမ်
အထိုးခံရတဲ့ အသံနဲ့အတူ ဘေးနားက ပစ္စည်းတွေပါ ပြုတ်ကျသွားပါတယ် ကြွေ အနားမကပ်ရဲ ဘဲ အဝေးကနေ သေချာကြည့်နေတယ်
'ဘယ်သူတွေလဲ ရန်ဖြစ်နေကြတာလား'
သေချာကြည့်လိုက်တော့မှ °ဟင် ဟိုအကိုပဲ'
အသံတွေတိတ်ပြီး သူ လမ်းပေါ်မှာ လှဲကျနေတဲ့ အကိုဆီ သွားလိုက်ပါတယ်
'အကို အဆင်ပြေရဲ့လား လာ ဖြည်း"ထ'
'ဟင် ကြွေ မင်းဒီကို ဘယ်လိုရောက်လာတာလဲ'
'ကြွေ အလုပ်က ပြန်လာတာပါ ဟယ် အကို့နှုတ်ခမ်းပေါက်နေတယ် ကြွေလုပ်ပေးမယ်'
'ဟင့်အင် ရတယ် အကို အဆင်ပြေတယ်'
'အကိုရယ် ကြွေလုပ်ပေးပါ့မယ် လာပါ'
ကြွေ သူ့ကို အလင်းရပြီး ထိုင်လို့ရတဲ့နေရာတစ်ခုပေါ်မှာ ထိုင်စေပြီး သူမ တစ်ရှုးနဲ့ သွေးတွေကို သုတ်ပေးလိုက်ပါတယ်
'အယ် အရက်ပြန်မပါဝူး ပလာစတာပဲ ကပ်ပေးမယ်နော်'
'ရပါတယ် ဆို ကြွေကလည်း'
'အကို ရယ် ခနလေးပဲ ပြီးပြီ'
'ကျေးဇူးပဲနော် ကြွေ'
'ဟု ရပါတယ် ဒါနဲ့ ခုနကဘာဖြစ်တာလဲ'
'ကိုယ့်အဖေနဲ့ ရန်ဖြစ်တာပါ အမေဆုံးပြီးတည်းက သူ့နဲ့မတည့်တာ သူက အခြားမိန်းမ တျောက်ကို အိမ်ပေါ်ခေါ်လာတယ်လေ အ့ကြောင့် သူ့ကို မကြည်တာ'
'အော် အကိုရယ်'
'ကြွေ အလုပ်ကပြန်လာတာဆိုတော့'
'အဲ အ့တာက ကြွေ ဘားတစ်ခုမှာ ဝိတ်တာလုပ်နေတာလေ တစ်ည ၃သောင်းရတယ်'
'ကြွေက အသက်လည်း မပြည့်သေးပဲ'
'လိမ်ထားတာလေ😁'
'အ့တာကျ တတ်တယ်နော်🙃'
'ဒီလိုပါပဲ ခုနက ကြားတာ အိမ်ပြန်မလာနဲ့ဆိုတော့ အကို ဘယ်သွားမှာလဲ'
'အဒေါ်တွေဆီပဲ သွားမှာ သူတို့ဆီမှာပဲနေတာ အကို အလုပ်ရရင် သူတို့ကို ပိုက်‌ဆံနဲ့ပြန်ထောက်ပံ့မှာ'
'အော် ကောင်းပါတယ် အ့ဆို ကြွေ သွားတော့မယ်နော် နောက်ကျနေပြီ'
'ကိုယ်လိုက်ပို့မယ်'
'လမ်းတူလို့လား'
'အင်း တူတယ် လာ'
သူတို့အတူတူ သွားကြတယ်
×××××××××
ဒေါက် ဒေါက် ဒေါက်
ရှိန်းခန့် ခရီးအတွက် ပြင်ဆင်နေချိန် တံခါးခေါက်သံကြားလိုက်ရတာကြောင့်
'ဝင်ခဲ့'
'သူဌေး ကြွေရိပ်ငယ်ရဲ့ အကြောင်းတွေ စုံစမ်းတာ အကုန်သိရပါပြီ'
'အင်း င့ါကို အကုန်ပြော'
'သူမရဲ့အမေက မကြွေးတွေ ဝိုင်းနေပြီး သူမအဖေက အလုပ်ကရတဲ့ လစာလေးနဲ့သူမတို့နေရတာ သူမအမေအကြွေးတွေက သိန်း၄၀လောက်ရှိတယ်'
'သိန်း ၄၀ အဟက် ကြွေ မင်းကိုတော့ကိုယ်ပိုင်ပြီ'
''သိရသလောက်တော့ အ့တာပါပဲ ကျန်တာဘာမှ ထွေ"ထူးမရှိပါဘူး'
'ငါ ခရီးက ပြန်လာမှ ဆက်စီစဉ်မယ် ငါ ဟိုဘက်ရောက်နေတုန်း သူ့ကို စောင့်ကြည့်ထား'
'ဟုကဲ့ သူဌေး'

သခင့်အလိုကျWhere stories live. Discover now