Part (13)

1.3K 25 1
                                    

Rose house Bakery 🥞🥯🥐..
ဆိုင်ရှေ့တွင်ကားရပ်ကာ ‌အထဲဝင်သွားတဲ့သူ ကိုစောင့်ကြည့်နေတဲ့သူကတော့ အခြားသူမဟုပါဝူး ဘုန်းရှိန်းခန့်ပဲဖြစ်တယ် ဘောင်းဘီအပွကိုမှ တီရှပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတာကြောင့် သူမရဲ့ ရိုးရှင်းပြီး ပေါ့ပါးတဲ့စတိုင်က အထင်းသား‌ ပေါ်လွင်နေပါတယ် ဆိုင်ထဲကို ဝင်ကာ ယူနီဖောင်းအပေါ်ဝတ် ကို ဝတ်လိုက်ပြီ အလုပ်စလုပ်နေတဲ့ ကြွေကတော့ သူမကို စောင့်ကြည့်နေတဲ့ သူကို သတိမထားမိပါဝူး
သူမရဲ့အလုပ်ကိုသာ အာရုံစိုက်နေတာမို့ပါ ရှိန်းခန့် သူမ အလုပ်စနေတာ တွေ့ပြီး ခနအကြာမှာတော့ ထိုနေရာကနေ ထွက်လာခဲ့ပါတယ် သူမ လုံခြုံရေး ကိုစိတ်ပူတာမို့ အလွတ်စုံထောက် တျောက်ငှားထားပါတယ် ဒါမဲ့ သူမက အ့လိုတွေမကြိုက်ပါဝူး ဒါကိုသာ သူမသိရင် စိတ်ဆိုးမှာအမှန်ပါ
'ကြွေ'
'ရှင် ဂျာကြီး အယ် မှားလို့ ကိုရန်လင်း'
'ကြွေ နော်'
'ဟီးး ဘာခိုင်းစရာရှိလို့လဲဟင်'
'မရှိပါဘူး ခုမှ ရောက်လို့'
'အော် ခိုင်းစရာရှိရင် ကြွေ့ကို ခေါ်လိုက်လေ ကြွေလာခဲ့မယ်'
'ဟုပါပြီဗျာ'
'အ့ဆို ကြွေ ဟိုဘက်သွားရှင်းလိုက်အုန်းမယ်'
'သွားပါ သွားပါ'
‌ထိုသို့ပြောကာ ထွက်သွားတဲ့သူမကို ‌ရပ်ကြည့်နေတယ် စားပွဲဝိုင်းကို သေချာ ရှင်းလင်းပြီး မှာထားတာတွေ ပို့ပေးနေတဲ့သူမက တကယ်ဖြတ်လတ်တဲ့ ကလေးငယ်လို အမှားအယွင်းမရှိ သေချာလုပ်နေပါတယ် သူမက အလှဆုံးအပြုံးကို ပြုံးကာ ဝန်ဆောင်မှု ကောင်းအောင် ကြိုးစားနေတာကြောင့် သူ့ရင်ထဲ အတေယ်စိတ်ကျေနပ်နေပါတယ် °ဒီလိုသာဆို ငါ့ဆိုင်လေး ဖောက်သည်တွေ များမယ်ထင်တယ်°
သူစိတ်ထဲကနေ ရေရွတ်မိတယ် ဘာလို့ဆို ကြွေရဲ့ဖော်ရွေတဲ့ပုံစံနဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုကို ပေးနေတဲ့ သူမလေးက အရမ်းကို ရိုးသားဖြူစင်နေပါတယ် သူမ တစ်ချက် ပြုံးလိုက်တိုင်း သူ့နှလုံးခုန်သံတွေ မြန်လာကာ သူတို့ ၂ယောက် တစ်ခါ တစ်ခါ အကြည့်ဆုံတဲ့အခိုက်မှာလဲ သူရင်တစ်စုံက ကုလားဗုံတီး သလို မြန်ဆန်နေတယ်
'ကြွေ'
'ရှင် ဟုပြောပါ ကိုရန်လင်း ဘာခိုင်းစရာရှိလို့လဲ'
'ကိုယ့်အတွက် အမေရိကာနို တစ်ခွက် ယူခဲ့ပေး'
'ဟု ကိုရန်လင်း'
မကြာလိုက်
'ရပါပြီရှင့်'
'အင်း ကျေးဇူးပဲ'
'ဟု အ့ဆို ခွင့်ပြုပါအုန်းနော်'
'နေအုန်း'
'ကြွေ ကိုယ့်ကို ဖောင်မဖြည့်ပေးရသေးဝူး'
'အော် ဟုလား ခုဖြည့်လိုက်မယ်လေ'
'အင်း ရော့'
'ဟု'
××××××××××××
'သူဌေး'
'အင်း ဘာလဲ'
'ဟို မသိန္ဂီမေ ရောက်နေပါတယ်'
'အင်း အထဲဝင်ခိုင်းလိုက်'
'ကို'
'အင်း ပြောလေ'
'စိမ်းကားနေတာ ကြည့်'
'မဟုပါဘူး ငါက ဒီတိုင်း မင်းနဲ့'
'ဘာဖြစ်လဲ ငယ်တို့က သဘောတူထားတဲ့ သူတွေနော်'
'ငါ အ့မင်္ဂလာပွဲ ကိုလက်မခံဘူး လို့ပြောပြီးသား'
'ကို လက်မခံလည်း ငယ်ကတော့ လက်ခံတယ် ကိုရယ် ငယ်တို့ လက်ထပ်ရအောင်လေ နော်'
'မထပ်ဘူး ငါမှမင်းကိုမချစ်တာ ငါက မင်းအကြောင်းသိချင်တာနဲ့ အမေတို့ အတင်းတိုက်တွန်းလို့သာ မင်းနဲ့တွဲရတာ ငါကမင်းနဲ့ တွဲချင်နေတယ်များထင်နေလား'
'ကို ကလည်းကွာ အ့လိုမပြောနဲ့လေ ငယ် ကိုယ့်ကိုချစ်တယ်လေ'
'ဒါမဲ့ ငါမချစ်ဘူးလေ'
'ဘာလဲ အ့ကောင်မလေးကြောင့်'
'ဘယ် ကောင်မလေးကိုပြောနေတာလဲ'
'ကို သူ့အမေဆီက သိန်း200နဲ့ဝယ်ခဲ့ပြီး သူ့ကိုအကြွေးနဲ့ သိမ်းလိုက်တယ် ဆိုပြီး ခေါ်လာတဲ့ ကောင်မလေး လေ'
'မင်း ဒီကိစ္စတွေကိုဘယ်လိုသိတာလဲ'
'အဟင်း ဟင်း ကိုရယ် ငယ်က ကိုယ်လုပ်နေတဲ့အရာတွေအားလုံးကိုသိတယ်'
'မင်းဒီကိစ္စသူ့ကို သွားမပြောနဲ့ မဟုရင် မင်းအသက်အာမမခံဘူး'
'အဟား ဟား ငယ့်ကို ခြိမ်းခြောက်လို့ရ် ထင်နေလား အကယ်၍ ငယ်သာသေရင် ကို့ စီးပွားရေးအကြောင်းတွေနဲ့ ကို့မိသားစုအကြောင်းတွေက ဘူးပေါ်သလိုပေါ်ကုန်မှာနော် သတိရှိရင် သတ်လိုက်လေ '
'မင်းကများ ငါမလုပ်ရဲဘူးလို့ မင်းထင်နေတာလား'
'အဟင်း ထားပါတော့ ကိုနဲ့ရန်မဖြစ်တော့ဘူး
ကို ငယ်နဲ့ လက်ထပ်ပွဲကို လက်ခံ
မဟုရင် ငယ်သူ့ကို အကုန်ပြောပြလိုက်မယ်'
'မင်းကိုသူက ယုံမယ် များထင်နေတာလား'
'ကြည့်ကြတာပေါ့'
ထိုသို့ပြောကာ အခန်းထဲက ထွက်သွားတဲ့ သူမကိုကြည့်ပြီးဒေါကန်နေနေတယ် အကယ်၍ ကြွေသာသိရင် သူ့ကို ထားခဲ့မှာ ကြွေကို လိုချင်လို့ ချစ်လွန်းလို့ဘသူမအမေကို မရမက ပိုက်ဆံထိုးပေးပေမဲ့ အငြင်းသန်ခဲ့တဲ့တာကြောင့်ဘမဟုမမှန်တဲ့စကား ကိုပြောပြီး သိမ်းသွင်းနိုင်ခဲ့တယ် အ့ကြောင့် သူမလေး သူ့အနားမှာရှိနေတာ အကယ်၍သူမသာ သိခဲ့ရင်
'တောက်စ်'
ဒုန်း ခလွပ် ဘုန်း
စိတ်တိုပြီး တွေ့သမျှအရာတိုင်းကို ရိုက်ခွဲနေပါတော့တယ်
'သူဌေး စိတ်ထိန်းပါအုန်း'
'သူဌေး စိတ်ကိုလျှော့ပါ‌ဗျ'
နောင် ဝင်ဆွဲမှ စိတ်ငြိမ်သွားပေမဲ့ စိတ်ပူနေတုန်းပါ
'နောင်'
'ပြောပါ သူဌေး'
'သူ့ကို စောင့်ကြည့်ထား သိန္ဂီမေ ဘာသွားတယ် ဘယ်သူ့ဆီသွားတယ် အကုန်စောင့်ကြည့်ထား'
'ဟုတ်ကဲ့ပါ သူဌေး'
'မင်း မလုပ်ရဲပါဘူး မဟုရင် ဘုန်းရှိန်းခန့် ဘာကောင်လဲဆိုတာ သိစေရမယ်👿'
‌ရှိန်းခန့်ရဲ့ဒေါသ ကိုသိတဲ့ နောင်ကတော့ တုန်"‌ေ‌တာင်မလှုပ်ရဲ သူကအပြောနဲ့အလုပ် တစ်ထပ်တည်း ကျတဲ့သူမို့ စိတ်ကိုမနည်းထိန်းရပါတယ် မဟုရင် လူသတ်ဖို့တောင်ဝန်မလေးတဲ့သူမလို့ပါ
××××××××××
ညနေ 6နာရီ
'ကြွေရိပ် ဘယ်မှာလဲ'
'ကြွေ ဒီမှာပါ '
သူရှေ့က မဟုဘဲ နောက်ကနေ ပြောလိုက်တဲ့သူမကြောင့် စိတ်ခုသွားကာ
'မင်း ဘယ်သွားနေတာလဲ'
'ဂိုဒေါင်ဘက် ခနသွားတာ အ့မှာ ပန်းပင်လေးတွေ အများရီးပဲ မို့'
'အင်း ညစာပြင်ထားလိုက် ကိုယ်ဗိုက်ဆာနေပြီ '
'ဟု ကြွေယူသွားပေးရမလား'
'နေ ကိုယ်ခနနေ ပြန်ဆင်းလာမယ်'
'ဟု'
ထို့သို့ ပြောကာ အပေါ်ထပ်တက်သွားတဲ့သူ ကို ခေါင်းအစခြေအဆုံးလိုက်ကြည့်နေတော့် ဘာလို့ဆို မျက်နှာကနီရဲနေပြီ တစ်ခု"ဖြစ်နေသလို ခံစားနေရလို့ပဲ
ညစာစားပြီး
'သခင် လက်ကဘာဖြစ်တာလဲ'
'ဟင် အော် မတော်တဆ ထိမိသွားပါ'
'နာနေလား'
'ဟင့်အင် ဘာမှဖြစ်ဘူး'
'ကြွေ ဆေးလိမ်းပေးမယ်လေ'
'ရတယ်'
'လာပါ လိမ်းပေးပါ့မယ်'
အ့လိုပြောပြီး ဆေးအိတ်ယူလာကာ အတင်းဆေးလိမ်းပေးတော့တယ် ဖူးယောင်နေတာမို့ ပတ်တီးစီးစရာမလိုပေမဲ့ သေချာလေး လုပ်ပေးလိုက်တယ် သူကတော့ သူမရဲ့ကြင်နာမှုတွေကို မြင်နေရတာပေမဲ့ စိတ်ထဲမှာတော့ ဒီအခိုက်အတန့်လေး ဒီလိုအခြေအနေလေးကို ပြောင်းလဲမသွားချင်ဘူး အကယ်၍ အ့ကိစ္စသာသိခဲ့ရင် ဆိုတဲ့ အတွေးက သူ့ကိုအကြိမ်"ထိုးနှက်နေတယ်

သခင့်အလိုကျWhere stories live. Discover now