ကုန်လွန်ခဲ့တဲ့ ၁၃နှစ်တာ......ငြိမ်သက်တိတ်ဆိတ်နေတဲ့ စာသင်ဆောင်၊
စိမ်းလန်းသာယာနေတဲ့ တောင်အနောက်ဖက်က မြက်ခင်းစိမ်း၊ တသွင်သွင်စီးဆင်းနေတဲ့ စမ်းရေအိုင်ငယ်၊ လေတိုးသံ
တဖျဖျ ကြားနေရတဲ့ စာကြည့်ခန်း၊ အပြစ်ဒဏ်ခံယူရာ ဘိုးဘွားခန်းမဆောင်ရှေ့၊ စည်းကမ်းသုံးထောင် ပညတ်ရာ ကျောက်ထွင်းလှေကားငယ်၊
တိမ်လွှာနန်းမြိုင်ရဲ့ အရှေ့ဖက် စည်းရိုးတလျှောက်.........အကုန် မင်း အရိပ်တွေပါပဲ...
မင်းကိုဆုံးရှုံးလိုက်ရပြီလို့ သိခဲ့ရတဲ့ အချိန်
နာကျင်မှုကို ဖြေဖျောက်ဖို့
ဧကရာဇ်ပြုံးဝင့်ကို သောက်မိခဲ့ပါရဲ့
ရင်ဘတ်ထဲက ဒဏ်ရာကို စကြာတံဆိပ်
ခတ်နှိပ်လို့ အသိအမှတ် ပြုမိတယ်။ကျောပြင်ပေါ်က ကြာပွတ်ရာတွေနဲ့
ဝဲဘက်ရင်အုံပေါ်က မင်းနဲ့တူတဲ့ အမာရွတ်လေးကို အဖော်ပြုလို့ မင်းဝိဉာဥ်လေးများ
အထီးကျန်နေမလားလို့ လိုက်ရှာခဲ့မိတာ
ကိုယ်ပဲ အထီးကျန်နေခဲ့တာ ထင်ပါရဲ့။မျှော်လင့်ချက်တွေ ဆက်သိမ်းမထားဖို့
အကိုတော် နားချတာလည်း မဖြစ်နိုင်တဲ့ပုံပါပဲ။
ဒီနေ့ထိလေ မင်းဆိုတဲ့ အိပ်မက်လေးနဲ့
ကိုယ်အသက်ရှင်ခဲ့တာ။ဆိတ်ငြိမ်ဆောင်မှာ....
မင်းကြိုက်တဲ့ ဧကရာဇ်ပြုံးဝင့်တွေ ဝှက်လို့၊ အပြစ်ဒဏ်အဖြစ် မင်းရေးခဲ့တဲ့ လက်ရေးမူတွေကို အဖော်ပြုလို့၊
ချစ်ဖို့ကောင်းတဲ့ ယုန်ကလေးတွေ မွေးလို့၊
မင်းပေးခဲ့တဲ့ စန္ဒပန်းကို တဖွဖွနမ်းရှိုက်လို့၊''ဝမ်ရှန့်'' ကို ညည်းရင်း ကိုယ်ရှင်သန်ခဲ့တယ်။
မင်းနဲ့မတူတဲ့ ယွမ်အာက အရမ်းလိမ္မာတယ်၊ ကိုယ်ပျိုးထောင်ပေးတဲ့ တပည့်မလို့ ဦးလေးကလည်း အရမ်းသဘောကျနေတာ၊ မင်းနဲ့သာဆို အဆိုးလေးဖြစ်နေမလားလေ...
ကူးစူးကို ပြန်လိုက်ဖို့ အမြဲငြင်းခဲ့တဲ့ မင်း
ကိုယ့်နဖူးစည်းကို သဘောတကျဆော့ကစားခဲ့တဲ့ မင်း
မဟုတ်မခံစိတ်နဲ့ အများအတွက်
အမြဲရပ်တည်ပေးခဲ့တဲ့မင်း
ကိုယ်မှန်တယ် ထင်ရာ ခေါင်းမာတတ်တဲ့ မင်း