Today (one)

7 0 0
                                    

အင်း ခေါင်းစဥ်ကတော့ ''ဒီနေ့ '' ပေါ့။

ဒီနေ့ သူ့အကြောင်းပြန်တွေးမိတာလေး
အမှတ်တရ ပြန်သိမ်းထားချင်လို့လေ။

ဘာမှ ထွေ''ထူး''ရယ်လို့ မဟုတ်ပါဘူး။

ဒီတိုင်းဖြတ်သွားနေကျ ရထားစောင့်တဲ့နေရာလေးကို ငေးမိသွားလို့လေ။

အတိတ်လှလှလေးတွေရှိတဲ့ အဲ့နေရာမှာ
သူရယ် ၊ ကိုယ်တို့ အတူတူစီးနေကျ ရထားလေးရယ် မရှိတော့တာ ကြာခဲ့ပါပြီလေ....

1/ ပုံစံလား?
အင်း သူ့ပုံစံကိုပြောပြရရင်
အရပ်ကရှည်ရှည် တရုတ်စပ်ကလေးမို့
အသားလေးလည်း ဖြူဖြူရယ်ပေါ့
ရယ်လိုက်ရင် မျက်လုံးလေးတွေ မှိတ်မှိတ်သွားတတ်တယ်
uniformလက်ရှည်အဖြူကို လက်အနားစွန်းလေးတွေ ပြန်ပြန်ဆွဲချပြီး လမ်းလျှောက်တဲ့အခါ မသိမသာလေး ခုန်စွခုန်စွ ဖြစ်နေတတ်တာ
လူကို ကြည့်ရင်လည်း မဝံ့မရဲနဲ့လေ
ပြုံးလိုက်ရင်လည်း ရှက်ပြုံးခေါ်တာလား
မခို့တရို့လေးနဲ့
အနားကပ်ကြည့်မိလို့ မတော်တဆ
အကြည့်ချင်းစုံမိတဲ့ မျက်လုံးလေးတွေက
အစ ပြုံးရိပ်သန်းနေတတ်တာ
အင်းး တိတိကျကျပြောရရင်
ကိုယ့်အိုအေစစ်လေးး။

2.နာမည်လား?
အင်း သူ့နာမည်ရဲ့အဓိပ္ပါယ်ကလေ
''အာကာသကောင်းကင်ကြီးကို ပိုင်စိုးသော'' လို့အဓိပ္ပါယ်ရတယ်
ကိုယ် ကတော့ အမိုးလေး လို့ ခေါ်တယ်
ကရင်လို အမေလို့ ခေါ်တာတော့မဟုတ်ပါဘူး
ဒီတိုင်း အဖျားဆွတ်​ ခေါ်ရတာ
သဘောကျမိလို့
အစကတော့ ချိုချဥ်လေး လို့ခေါ်တာလေ
ချစ်စရာလေး မလား။

3.သူငယ်ချင်းလား?
အင်း ခြုံငုံပြောရင်တော့ သူငယ်ချင်းပေါ့
၉တန်းတုန်းကတော့ အတန်းဖော်လေ
သူရော ကိုယ်ရော ကိုယ်ပျောက်လူသားတွေမလို့ ရင်းနှီးခဲ့ဖူးတာလည်း မရှိသလို
ကိုယ့်ဖက်ကတော့ မျက်မှန်းတန်းရုံလောက်ပါပဲ
သူ့ဖက်ကတော့ အင်း မသိပါဘူးလေ
သူငယ်ချင်းစဖြစ််တယ်လို့
ထင်တာကတော့
ကိုယ်တွေ uni first year စတက်တုန်းက
အင်း ခင်တာလည်း မဟုတ်ပါဘူး
စကားတောင်တစ်ခါလား ပြောဖူးတာ
အဲ့လို ပြောဖူးတာတောင် second year
first semester မှလေ
အဲ ထားပါတော့ first year အကြောင်း
ဆက်ပြောပြမယ်
ကိုယ်တို့က မေဂျာမတူတော့
အတန်းက အလယ်မှာ တစ်ခန်းခြားတယ်

ကိုယ်တို့အုပ်စုထဲက အကြည်လေး တစ်ယောက်တည်း မေဂျာကွဲသွားတာမလို့
နေ့လည်ဆို သူ့အတန်းထဲမှာ ထမင်းတူတူစားကြတယ် ဆိုပါတော့
ကျောင်းစစတက်ချင်း တစ်လခွဲလောက်က သတိမထားမိသေးဘူးရယ်
နောက်တော့ သူက မနက်ကျောင်းလာရင်
ရထား တူတူစီးတာဆိုတော့ ဘူတာမှာ
မနက်တိုင်း တွေ့ရတယ်
အတန်းက ၈ခွဲမှပေမယ့်
ရထားက စောတော့ ကျောင်းကို၈နာရီဆို
ရောက်ပြီလေ
အတန်းချင်းလည်းနီးတော့ မနက်တိုင်း
အတူတူလာတယ်ပဲဆိုပါတော့

နေ့လည်ပိုင်းကကျ သူက ဆိုင်မှာ
ထမင်းသွားစားပြီးရင် အတန်းထဲမှာပဲ
ထိုင်နေတတ်တာ
အင်း သီချင်းတော့ နားထောင်နေတယ်
ထင်တာပဲ အမြဲလိိုလို နားကြပ်တပ်ထားတယ်လေ
ကိုယ်တွေအဖွဲ့က ထမင်းစားပြီးရင်
စကားပြောကြ၊ ရယ်ကြတာ
အသံတွေ တအုံးအုံးနဲ့ကို သူနားမညီးဘူးလား မသိပါဘူး နေ့တိုင်း ခုံမှာ ထိုင်နေတာပဲ ၊ ကိုယ်ကလား? အင်း ကိုယ်က သူငယ်ချင်းတွေ စကားပြောကြရင်တောင်
ထိုင်ရယ်နေတတ်တဲ့သူမလို့ ရုပ်ရှင်ထိုင်ကြည့်ရင်ကြည့် မကြည့်ရင် တောင်ကြည့်မြောက်ကြည့်ပဲ၊
ဖြစ်ချင်တော့ mathsချိန်တွေကို သူတို့မေဂျာနဲ့ ပေါင်းသင်ရတာလေ၊အဲ့မှာ ကိုယ်က အဝေးမှုန်ကို မျက်မှန်လည်း မလုပ်ရသေးတာနဲ့ ရှေ့ဆုံးတန်းမှာ
အမြဲထိုင်တယ်၊ သူကလား? သူက ကိုယ့်ညာဖက် rowက ဒုတိယတန်းမှာ
mathsချိန်ဆို တီချယ်က စာတအားမေးတယ် ၊ ကိုယ်ကအဲ့တုန်းက အတန်းထဲက
ဘော်ဒါတွေကောင်းမှုနဲ့ ထထဖြေရတာပေါ့ ၊ အဲ့လိုနဲ့ တခြားဆရာမတွေကြားမှာပါ
နာမည်ကြီးသွားရော
သူလည်း ကိုယ့်ကို မျက်မှန်းတန်းမိပုံပါပဲ
နောက်ရက်တွေကျ သူက ကိုယ်နဲ့ ကော်ရစ်တာမှာ ဆုံတာမျိုး ရထားရပ်တဲ့နေရာကနေ ကျောင်းဖက်ကို အတူလာရင်း
အကြည့်ချင်းစုံတာမျိုးဆို ပြုံးပြတတ်တယ်၊ အထက်တန်းကျောင်းလည်း တူတယ်လေ ၊ ကိုယ်နဲ့ ရထားအတူစီးတဲ့
ယောကျာ်းလေး ဘော်ဒါတွေနဲ့လည်း
ခင်တာဆိုတော့ ကိုယ်တွေ ဘူတာမှာ
အာလူးဖုတ်နေပြီဆို သူက ဘေးကနေထိုင်ကြည့်နေတာ ၊ ဒီတိုင်းပဲ နားထောင်နေပြီး
ရယ်စရာရှိလည်း ရယ်နေတာပဲ
စကားတစ်လုံးမှ မပြောဘူး
သူတစ်ယောက်တည်း ထိုင်နေရင် နားကြပ်တပ်ထားပြီး ကိုယ်တွေအုပ်စုလိုက်ကြီး
မုန့်ဝယ်ပြီး ပြန်လာကြရင် နားကြပ်လေး
ချွတ်လို့ ထိုင်ငေးနေတာပဲ
အဲ့လိုနဲ့ ကိုယ့်အာရုံထဲ ရောက်ရောက်လာတာ
ဘယ်လိုပြောရမလဲ ဘေးက ငနာ တွေနဲ့
မတူဘူးလေ ၊ တကယ်ကို အေးအေးငြိမ်ငြိမ်ကလေး ၊ရေခဲတုံးလူသားတွေလို
အေးစက်နေတာလည်း မဟုတ်ဘူး၊
နွေးထွေးတာရော နူးညံ့တာရော စုပေါင်းထားတဲ့ marshmallow ပူပူလေးလိုပဲ.....

•10:54pm, Wed ,Jul 10 ,2024

#sambi

You've reached the end of published parts.

⏰ Last updated: Aug 24 ⏰

Add this story to your Library to get notified about new parts!

Little Pieces  !!!Where stories live. Discover now