သာယာလှပတဲ့မနက်ခင်းလေးတစ်ခု....
"မင်းယောက်ကျားမြတ် 10နာရီထိုးနေပြီ လူအိပ်ချိန်မဟုတ်ဘူး ထစမ်း..."
"5မိနစ်"
"ပြန်မအိပ်နဲ့ထ bodyguard ရောက်ပြီကွ.."
"စောင့်ခိုင်းလိုက်ပေါ့ဗျာ"
"ငါတို့က ခေါ်ပြီးငါတို့ကပြန်စောင့်ခိုင်းလို့ရမလားဟ..ထစမ်းပါကွာ"
ထိုတော့မှ ထထိုင်လာပြီး...
"ဟုတ်ပြီဗျာ..ဟုတ်ပြီဗျာ..ထပြီ အဖေသွားတော့.."
"ပြီးရောကွာ..."
ထိုသို့ပြောကာ အခန်းထဲမှထွက်သွား၏။မင်းယောက်ကျားမြတ် လည်းအိပ်ချင်စိတ်မရှိတော့တာကြောင့် ရေချိုးဖို့လုပ်ရတော့သည်။
ရေချိုးပြီးအောက်ထက် ဆင်းလာတော့ ဧည့်ခန်းဆိုဖာတွင် ခေါင်းငုံ့၍ထိုင်နေသော လူတစ်ယောက်..။
ဘာလဲဟ အဲ့လောက်ကြောက်တတ်ရင် ဘာလို့bodyguard လုပ်ချင်တာလဲ...။
မင်းယောက်ကျားမြတ် လည်းစိတ်ထဲ၌သာ ရေရွတ်ပြီး ထိုလူ၏မျက်နှာချင်းဆိုင် ဆိုဖာတွင် ဝင်ထိုင်လိုက်တော့ တစ်ချက်တုန်သွားသည်။လန့်စရာလား..။"အဟင်း.."
"ဟို..ဟို..ကျွန်တော်က အကိုလေးရဲ့ bodyguard အသစ်ပါ.."
မင်းယောက်ကျားမြတ်ချောင့်ဟန့်တော့ မော့မကြည့်ပဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။သူလည်းစချင်လာတာကြောင့်...
"အကိုလေးလို့ မခေါ်စမ်းပါနဲ့ ကျုပ်နာမည် မင်းယောက်ကျားမြတ် ရှည်ရင် ယောက်ကျားလို့ခေါ်ပေါ့.."
"ဟင်.."
ထိုတော့မှ မော့ကြည့်လာသည်။
"ဟင်..ခင်ဗျား.."
ရုတ်တရက်ထိုလူသည် ထရပ်ပြီးဆိုဖာပေါ်ရှိ ခေါင်းအုံးနဲ့မင်းယောက်ကျားမြတ်အား လှန်းထုသည်။တကယ်ကို ရုတ်တရက်ကြီးပါ..
"ဒီမှာ မင်းရိုင်းလှချည်လား မင်း.."
မင်းယောက်ကျားမြတ်ရဲ့ ရဲ့စကားသံမှာ ထက်ထွက်မလာ..အကြောင်းမှာကားး
ဒီလူ မနေ့ညကဒီလူ ..ဟုတ်လောက်တယ် အပြာရောင်မျက်ဝန်းမှတ်မိတယ်..။
YOU ARE READING
husband is my husband ★
Teen Fictionကျုပ်နာမည်အရင်းကို ခင်ဗျားတို့ဘယ်သူမှ ခေါ်ခွင့်မရှိဘူး ကျုပ်အချစ်ကလွဲရင်ပေါ့..