★1★

4.3K 54 0
                                    

ကြီးမားလှတဲ့အိမ်ကြီးတစ်အိမ်‌ရှိ ကျယ်ပြန့်လှတဲ့ ဧည့်ခန်းတစ်ခုတွင် သားဖနှစ်ယောက် တိတ်ဆိတ်စွာထိုင်နေကြသည်။

"အဟင်း.."

တိတ်ဆိတ်ခြင်းကို အဖေဖြစ်သူ ဉီးမြတ်သော ၏ချောင်းဟမ့် သံက ဖြိုခွဲလိုက်သည်။

"ဘာလို့လဲ..ဘာလို့လဲလို့..ကျုပ်ကကလေးလား‌အဖေရာ "

"19နှစ်က လူကြီးလားကွ "

"ကျုပ်အသက် ပြည့်ပြီလေ..ကိုယ့်ကိုယ်ကို စောင့်ရှောက် တတ်တယ်‌လေ.. ဘာလို့bodyguard ခန့်ဉီးမှာ‌လဲ"

"မင်းလုံခြုံရေးအတွက်ကွ.."

မိနစ်အနည်းငယ်ကြာသည်အထိ မင်းယောက်ကျားမြတ်ထံမှ စကားသံထွက်မလာ။ထို့နောက်...

"အဖေတို့က မမိုက်ဘူးဗျာ"

ပြောပြီး ထထွက်သွားသော သားဖြစ်သူကို ကြည့်ကာ ဉီးမြတ်သောသက်ပြင်းကြီးချရသည်။

ငါလည်းခန့်ချင်လို့မှ မဟုတ်တာ ။စိတ်ပူလို့လေ မင်းအမေလိုဖြစ်မှာဆိုးလို့ပါ"

"ဟင်း....."
_________________________________

မင်းယောက်ကျားမြတ်အဖေနဲ့စကားများပြီး barကိုထွက်လာလိုက်သည်။အရက်သောက်ချင်စိတ် ဖြစ်ပေါ်လာတာကြောင့် ။ဘားကိုရောက်တော့ ကောင်တာမှာထိုင်လိုက်ပြီ ပြင်းပြင်းလေးတစ်ခွက် ဆက်ခိုင်းလိုက်သည်။

ထိုနောက်တော့ နာရီဝက်လောက် ထိုင်သောက်နေလိုက်ပြီ ရုတ်တရက် ဆေးလိပ်သောက်ချင်တာကြောင့် toilet ကိုထွက်လာလိုက်သည်။ဆေးလိပ်သောက်ပြီးပြန်ထွက်လာတော့ ဟိုကောင့်ဆီမှဖုန်းဝင်လာသည်။

ဟိုကောင်ဆိုတာဘယ်သူမှမဟုတ်ပါ။သူ့သူငယ်ချင်းဖြစ်သူ သစ္စာရှင် ပဲဖြစ်သည်။

'ဟယ်လို'

"အေး..ပြောစရာရှိလို့လား"

'သောက်ရအောင်လား...ငါဒကာလုပ်ပါ့မယ်'

"မင်းဟာမင်း ဒကာမ ပဲလုပ်လုပ် မသောက်ဘူး...ငါကပြီးပြီ ခုပဲပြန်မလို့"

'အေးပါကွာ..အဲ့တာဆိုဒါပဲ'

တီ~~~

ဖုန်းချပြီး ပြန်ဖို့လုပ်တော့သည်။ဒီနေ့စိတ်မကြည့်တာကြောင့်အိမ်မပြန်ချင်။သို့သော်သွားစရာမရှိ ယနေ့ကျမှပြင်းစရာဖြစ်နေတာ။
____________________________

husband is my husband ★Where stories live. Discover now