"ရော့...ဒါမင်းရှာခိုင်းထားတဲ့ အချက်အလတ်တွေပဲ...."
ဝေယံနိုင် သူ့ရှေ့ကိုရောက်လာတဲ့ စာရွက်စာတမ်းတွေကိုကြည့်ပြီး အလိုမကျစွာ မျက်ခုံးတွေတွန့်ချိုးသွားတယ်။ သူတစ်ပတ်လုံးလုံးအချိန်ရော ၊ ငွေရောသုံးခဲ့တာ ရလာတော့ဒါပဲတဲ့လား......
"ဒါပဲလား....."
"မင်းပြောတဲ့ ဒါပဲလားဆိုတဲ့ အချက်အလတ်သေးသေးလေးရအောင် အထက်ရော ၊ အောက်ရောအနှံ့အလုပ်လုပ်ခဲ့ရတာ မင်းသိရဲ့လား......"
ဝေယံနိုင် ဦးလေးဖြစ်သူနဲ့ ပြိုင်မပြောချင်တော့ပါ။ သူကိုယ်တိုင်လည်း Die ဆိုတဲ့တစ်ယောက်ရဲ့ အချက်အလတ်တွေကို အစတောင်ရှာမရမှတော့ အထက်ရော အောက်ရောကို အပိုင်ချုပ်ထားနိုင်တဲ့ ဦးလေးဖြစ်သူဆီက ဒီလောက်သိရတာနဲ့တင် ကျေနပ်ရတော့မှာပေါ့။
ဝေယံနိုင် ကိုယ့်စိတ်ကိုယ် အတက်နိုင်ဆုံး လျှော့ချပြီး ရလာတဲ့စာရွက်စာတမ်းအနည်းငယ်ကိုသာကို စတင်စစ်ဆေးလိုက်တယ်။ ပထမဆုံးတွေ့ရတဲ့ နာမည်က........
"Puzzle...."
"ဟုတ်တယ်။ Puzzle အဲ့တာသူတို့ ဂိုဏ်းရဲ့နာမည်။ နာမည်ကိုကြည့်ရသလောက်တော့ ခပ်ပေါ့ပေါ့လို့ထင်ရပေမယ့် အတွင်းပိုင်းက လုံးဝကြောက်ဖို့ကောင်းတယ်......"
"ကျွန်တော်တွေးပြီးသားပါ...."
ဝေယံနိုင် ခန့်မှန်းပြီးသားပါ။ ဒီလောက်ထိ အနံ့ထွက်နေတာတောင် ဘယ်သူမှန်းမသိရပဲ ကိုယ်ယောင် ဖျောက်နိုင်မှတော့ လွယ်လွယ်ကူကူတော့ ဘယ်ဟုတ်ပါ့မလဲ......
"ငါသိရသလောက် ရှင်းပြမယ် ဝေယံ..."
"ဟုတ်ကဲ့ အန်ကယ်လေး....."
"ဒီမှာ ဒါကအဲ့ဂိုဏ်းရဲ့နာမည် puzzle ။ အဲ့ဂိုဏ်းရဲ့ ဂိုဏ်းသားတွေအားလုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ လတ်သတ်မွေးထားတဲ့လူတွေချည်းပဲ။ အများစုက မိဘမဲ့ဂေဟာကကလေးတွေနဲ့ လမ်းပေါ်ကကလေးတွေချည်းပဲ။ သူတို့တွေက ကလေးဘဝတည်းက လူမဆန်တဲ့လေ့ကျင့်မှုတွေနဲ့ အသားကျနေပြီးသား။ ဘာတွေလည်းဆိုတာတော့ ငါတို့လည်းမသိဘူး။
သူတို့တွေဆယ့်ခြောက်နှစ်ပြည့်ရင် နောက်ဆုံးအဆင့်ကိုဖြတ်ကျော်ရတယ်။ အဲ့မှာ ပြိုင်ရတဲ့သူတွေက ထိပ်တန်းအဆင့်တွေချည်း ဆယ့်နှစ်ယောက် လေးယောက်ပဲအသက်ရှင်မယ်......."
YOU ARE READING
DIE OR DIE
Acciónကျုပ်နာမည်က "Die".... အန်စာတုံးလို့ အဓိပ္ပာယ်ရသလို သေခြင်းတရားလို့လည်း အဓိပ္ပာယ်ရတယ်......