Part 1

172 13 0
                                    

    
        သာယာလှပတဲ့မနက်ခင်းတစ်ခုမှာဂျယ်ယွန်းတစ်ယောက်ကတော့ ကျောင်းအသစ်ပြောင်းရမည်ဖြစ်သည့်အတွက် အလွန်ကိုစိတ်လှုပ်ရှားနေလေသည်။ဩဇီကနေ ကိုရီးယားကို ပထမဆုံးကျောင်းလာတက်သည့်အတွက်သူငယ်ချင်းအသစ်များရရှိချင်နေလေသည်။
ထိုနေ့မနက်မှာတော့ ဂျယ်ယွန်းအလွန်စိတ်လှုပ်ရှားနေလေသည်။သူ့ကျောင်းအသစ်ကလူတွေကသူ့ကိုသဘောကျပါ့မလား၊သူနဲ့သူငယ်ချင်းလုပ်ချင်ပါ့မလား ဆိုတော့အတွေးတွေနဲ့လည်းစိတ်ထဲတွင်ပြည့်နေလေသည်။ထိုသို့တွေးတောနေတဲ့အချိန်အတော့အတွင်းမှာပင် သူတက်ရောက်ရမည့်ကျောင်းရှေ့သို့ရောက်ရှိလာချေပီ။
"ဟူး...အားတင်းထားဂျယ်ယွန်း အဆင်ပြေပါမှာ"
သူ့ကိုယ်သူနှစ်သိမ့်ပီးတော့ ကျောင်းထဲသို့ဝင်လာလိုက်သည်။သူတက်ရမည့်အခန်းကိုတော့ ကျောင်းအုပ်ကြီးရုံးခန်းသို့ဝင်မေး၍သူ့အခန်းရှိရာသို့ဦးတည်လာခဲ့သည်။သူ့အခန်းသို့ရောက်သောအခါ ဆရာမက သူ့ကိုအတန်းသို့မိတ်ဆက်ပေးလေသည်။သူအခန်းထဲဝင်လာတဲ့အချိန်ကစ၍ကျောင်းသူလေးများက
"ပြောင်းလာတဲ့ကျောင်းသားအသစ်လေးကချောလိုက်တာဟယ်"
"ချစ်စရာလေးဟယ်"
"အဆင်လေးတော့"
စသည်ဖြင့် စကားပြောသဲတွေဆူညံလာလေသည်။ထိုအခါကျမှ ဆရာမက တိတ်တိတ်နေဖို့ပြောကာ ဂျယ်ယွန်းအား ထိုင်ဖို့နေရာညွှန်ပေးလိုက်လေသည်။
သူ့ဘေးမှာထိုင်တဲ့ကောင်လေးက
"အာညော် နာမည်ကဂျယ်ယွန်းမလား ငါ့နာမည်က ဂျောင်ဝန်းပါ အသက်ဘယ်လောက်လဲမသိဘူး"
"အာညော် ကျွန်တော်ကမကြာသေးခင်ကမှ ၁၇နှစ်ပြည့်ထားတာပါ"
"အာအာ့ဆို ဟျောင်းလို့ ခေါ်ရမှာပဲ ကျွန်တော်က ၁၆ပဲရှိသေးတယ် ခုနက ငါလို့သုံးခဲ့မိလို့တောင်းပန်ပါတယ်နော် ဟျောင်း"
"ရပါတယ် အဲ့လောက်အသက်ကြီးတာလဲမဟုတ်ဘဲနဲ့ "
အဲ့လိုနဲ့ပဲ ဂျောင်ဝန်းနဲ့ သူငယ်ချင်းဖြစ်သွားတော့တယ်။ ဒီနေ့မှပထမဆုံးတွေ့တာဆိုပေမဲ့လဲ နှစ်ယောက်က bffတွေဖြစ်သွားတယ်။
နေ့လည်ထမင်းစားချိန်ရောက်တော့ ဂျောင်ဝန်းအတူ ကန်တင်းကိုသွားလိုက်တယ်။ပီးတော့ သန့်စင်ခန်းသွားချင်လာလို့ ဂျောင်ဝန်းကိုပြောပီး ကန်တင်းကနေထွက်လာခဲ့တယ်။သန့်စင်ခန်းသွားတဲ့လမ်းမှာ ဂျယ်ယွန်းကအတွေးထဲနစ်မြောနေလို့လူ‌တစ်ယောက်ကိုဝင်တိုက်မိတယ်။မော့ကြည့်လိုက်တဲ့အချိန်မှာတော့ နတ်သားတစ်ပါးကိုချောမောလှပတဲ့ မျက်နှာလေးကိုတွေ့လိုက်ရတယ်။မျက်နှာပေါ်ကမှဲ့လေးတွေက သူ့ကိုမိုပိုပီးချောမောသွားစေသည်။သူအဲ့လူကိုငေးကြည့်နေမိတာကိုတောင်သတိမထားမိလို့ ဟိုဘက်ကစကားစပြောမှသာ ဂျယ်ယွန်းတစ်ယောက် အသိပြန်ဝင်လာလေသည်။
"ဘာဖြစ်သွားသေးလဲ"
"အာ ဘာမှမဖြစ်ပါဘူး တောင်းပန်ပါတယ် ဝင်တိုက်မိလို့ "
"ရပါတယ် ဒါနဲ့နာမည်က ကိုယ့်နာမည်က တတိယနှစ်က ပတ်ဆောင်းဟွန်းပါ "
"ကျွန်တော့်နာမည်ကပထမနှစ်ကရှင်းမ်ဂျယ်ယွန်းပါ ဂျိတ်ခ်လို့လဲခေါ်လို့ရပါတယ် စီနီယာ"
"နောက်တစ်ခါထပ်တွေ့မယ်နော် ဂျိတ်ခ်"
"ဟုတ်ကဲ့ပါစီနီယာ"
စီနီယာလည်းထွက်သွားကော ဂျယ်ယွန်းသူ့အလုပ်သူလုပ်ပီး ကန်တင်းကိုပြန်သွားခဲ့တယ်။ထိုနေ့တစ်နေ့လုံး ဆောင်းဟွန်းဆိုတဲ့စီနီယာကိုခေါင်းထဲကထုတ်လို့မရခဲ့ချေ။

____________________________

Part 1လေးကတော့ပီးသွားပါပီ
ညမရဲ့ ပထမဆုံး jakehoon fic လေးဖြစ်တာမို့ အားပေးကြပါဦးနော်
နောက်အပိုင်းတွေမှာလဲ ဘယ်လိုဆက်ဖြစ်မလဲကြည့်ကြရအောင်

My vampire boyfriend Where stories live. Discover now