Part 2

75 9 0
                                    


       ဂျယ်ယွန်းတစ်ယောက် ကျောင်းဆင်းတဲ့အချိန်အထိ စီနီယာဆောင်းဟွန်းရဲ့မျက်နှာချောချောလေးကို တွေးမိနေဆဲပင်ဖြစ်သည်။ဘယ်လောက်တောင်တွေးမိနေလဲဆိုတော့ သူ့ရှေ့မှာ ဆောင်းဟွန်းတစ်ယောက် မ‌တ်တပ်ရပ်နေတာကိုပင်သတိမထားမိချေ။ဆောင်းဟွန်းက
"ဟိတ်" လို့ဆိုမှသာ ဂျယ်ယွန်းတစ်ယောက် သူ့ရှေ့ကလူကိုမြင်တော့သည်။
"ဂျယ်ယွန်းနီး ဘာတွေတွေးနေတာလဲ ရှေ့မှာ ကိုယ်ရောက်နေတာတောင်မသိရအောင်"
"အာဒီတိုင်းပဲ အတွေးလွန်သွားတာပါ စီနီယာ"
"ကိုယ်တို့တူတူလမ်းလျှောက်ထွက်ကြမလား ပျင်းနေလို့"
ဂျယ်ယွန်းကိုယ်တိုင်လဲပျင်းနေတာနဲ့ပဲ

"သွားမယ်လေ စီနီယာ ကျွန်တော်လဲပျင်းနေတာနဲ့အတော်ပဲ"
သူ့စကားကိုကြားတော့ ဆောင်းဟွန်းကပြုံးလိုက်လေသည်။

အမှန်တော့ ဆောင်းဟွန်းလဲ ဂျယ်ယွန်းကို သန့်စင်ခန်းထဲမှာတွေ့လိုက်တဲ့အချိန်ကစပီး ဂျယ်ယွန်းအကြောင်းပဲတွေးနေမိတာ သူကလွဲ၍ဘယ်သူမှသိမည်မဟုတ်။
ဂျယ်ယွန်းနဲ့စတွေ့တုန်းက ဆောင်းဟွန်းရယ် သူ့ကိုချစ်စရာလေးလို့ထင်လိုက်သည်။ပါပီပေါက်စလေးလိုမျက်လုံးလေးတွေနဲ့ ချစ်စရာမျက်နှာလေးကဆောင်းဟွန်းအ‌တွက် ကလေးလေးနှင့်တူလှတယ်။အဲ့အကြောင်းကိုတွေးတွေးပီး ဆောင်းဟွန်းအခန်းထဲမှာဘယ်နှ ကြိမ်လောက်ပြုံးမိလိုက်မှန်းကိုမသိ။သူ့သူငယ်ချင်း ဂျေးကတော့ အရင်ကမပြုံးမရယ်တဲ့ ရေခဲတုံးကြီးက ဘာလို့ကြားသားမိုးကြိုး ထပြုံးနေတာပါလိမ့်ဆိုပီး စိတ်ထဲက‌သာ တွေးနေလိုက်သည်။
အခုဂျယ်ယွန်းနှင့်အတူလမ်းလျှောက်ထွက်နေတဲ့ တစ်လျှောက်လုံးတိတ်ဆိတ်နေလို့ရာ ဆောင်းဟွန်းရဲ့ နှလုံးသားကလည်း ခုန်တာမြန်တာဆဲပေ။
ဂျယ်ယွန်းဘက်မှာလဲ စိတ်အငြိမ်မထားနိုင်ကာ ရင်တွေတဒိတ်ဒိတ်ခုန်နေလေသည်။
________________________________

ဒီနေ့အတွက် double update ပေါ့
ဒီအပိုင်းကတော့ တိုသွားပေမဲ့ နောက်လာမဲ့အပိုင်းတွေကတဖြည်းဖြည်းစိတ်ဝင်စားဖို့ကောင်းလာတော့မှာပေါ့ စောင့်ဆိုင်းဖတ်ရှုကြပါစေလော့။
사랑해요

My vampire boyfriend Where stories live. Discover now