Part 3

64 8 0
                                    


လမ်းလျှောက်ထွက်တဲ့တစ်‌ေလျှာက်လုံးတိတ်ဆိတ်နေတာကြောင့်ဆောင်းဟွန်း မနေတတ်တော့သဖြင့် စကားစပြောလိုက်သည်။
"ဂျယ်ယွန်း ရည်းစားတွေဘာတွေထားဘူးလား"
ထိုမေးခွန်းကြောင့်ဂျယ်ယွန်းကြောင်သွားပေမယ့်လဲ
"မထားဘူးဘူး" လို့ပဲပြန်ဖြေခဲ့သည်။တကယ်လဲ မထားဘူးပါဘူး ဂျယ်ယွန်းကကျောင်းစာတွေမှာကိုပဲအာရုံထားတာကို
ဂျယ်ယွန်းရဲ့ အဖြေကိုကြားတော့ ဆောင်းဟွန်းပြုံးလိုက်မိသည်။
"မင်းလိုရုပ်လေးကိုကြိုက်တဲ့သူပေါမှာပဲကိုဘာလို့မထားတာလဲ "
"စိတ်မပါသေးလို့လေ ကြိုက်တဲ့သူလဲမရှိတာနဲ့"
ဂျယ်ယွန်းစိတ်ထဲမှာတော့ ဆောင်းဟွန်းဒီလိုမေးတာ ထူးဆန်းတယ်လို့ထင်ပေမဲ့လည်း သူတစ်ပါးစိတ်အနှောက်အယှက်မဖြစ်အောင်ဘာမှမပြောပဲနေနေလေသည်။
ထိုသို့တွေးနေချိန် ဂျယ်ယွန်းမသိတာကတော့ ဆောင်းဟွန်းက ကျောင်းမှာ လူတိုင်းကိုအဖတ်မလုပ်တဲ့သူဖြစ်ပီး အေးအေးစက်စက်ဆက်ဆံတတ်တဲ့လူမျိုးပင်ဖြစ်သည်ဆိုတာကို
ဆောင်းဟွန်းမှာလဲ သူ့လျှို့ဝှုက်ချက်နဲ့သူ ရှိပါတယ်။ဒါမဲ့သူ့ကထိုအကြောင်းကိုတော့ဘယ်သူ့ကိုမှပြောပြမယ်မဟုတ်ပေ။
ဆောင်းဟွန်းရဲ့ဘဝက ငယ်ငယ်ကတည်းကပင် ကြမ်းတမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပီး သူတို့မိသားစုကလည်းလူသားတွေနဲ့မတူသည်မလို့ သူငယ်ခ‌ျင်းဆိုတာမရှိသလောက်ပါပဲ။လူသားတွေနဲ့မတူသည်ဆိုတာက သူတို့မိသားစုက vampire တွေဖြစ်နေလို့သာဖြစ်သည်။ဆောင်းဟွန်းကလဲ သူလူတွေကို မထိခိုက်စေအောင် တတ်နိုင်သမျှဝေးဝေးမှာနေသည်။သူ့သူငယ်ချင်းဂျေးကတော့ သူနဲ့မျိုးစိတ်တူတူပဲမလို့ ဘာမှစိတ်ပူစရာမလိုပေ။
ဘယ်သူတွေကိုဘယ်လောက်ပဲရှောင်ရှောင် ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ကောင်လေးနဲ့တွေ့ပီးတဲ့နောက် သူ့အနားမှာပဲကပ်နေချင်သလိုခံစားချက်ကြီးဖြစ်ပေါ်လာက‌ာ ‌ေကာင်‌ေလးက သူ့ကို တစ်ခုခုနှင့်ဖြားယောင်းထားသယောင် သူ့အနားသူ့အကြောင်းပဲတွေးမိနေလေသည်။
ထိုကောင်လေးကိုကာကွယ်ပေးချင်စိတ်များဖြစ်ပေါ်လာသည်။အဓိကအရာကတော့ ထိုကောင်လေးကိုသူပိုင်ဆိုင်ချင်သည်။
သူထိုကောင်လေးနဲ့နီးစပ်ဖို့ ဘာမဆိုလုပ်နိုင်သည်။သူ ဂျယ်ယွန်းနှင့်နီးကပ်စွာနေချင်းက ဂျယ်ယွန်းကို ထိခိုက်စေနိုင်သော်လည်း သူကိုယ်တိုင်ဂျယ္ယွန်း မထိခိုက်အောင် ကာကွယ်ပေးချင်သည်။
ထိုနေ့မှစ၍ဆောင်းဟွန်းရဲ့ ဂျယ်ယွန်းကိုသူ့အပိုင်လုပ်မည့်မဟာပျူတာကြီးစတင်လာပါတော့သည်။
____________________________

အပိုင်းတိုတိုလေးတွေနဲ့ တစ်ပိုင်းပီးတစ်ပိုင်းတင်ပေးမှာဖြစ်လို့ စိတ်ရှည်ရှည်လေးစောင့်ပီး ဖတ်နေကြပါဦးနော်

My vampire boyfriend Where stories live. Discover now