နောက်တစ်နေ့မနက်ကျတော့ခြံဝန်းထဲထိုင်ရင်းကောင်းကင်ပေါ်မော့ကြည့်နေချိန်
"ခေါင်းဆောင်!!!" ဆိုပြီးအော်လိုက်တော့ဆောင်းဟွန်းလည်းလှမ်းကြည့်လိုက်ပြီးသူအရမ်းချစ်တဲ့တပည့်လေးဖြစ်နေကာ
"အသံလည်းမပေးပါလား?ရောက်လာတာကို" ဆိုပြီးဘေးမှာဝင်ထိုင်လိုက်တော့တယ်...။
"ဘာတွေစဉ်းစားနေတာလဲဗျ?မြိုမသိပ်ထားပဲကျွန်တော့်ကိုပြောပြပါ"
"ဒီတိုင်းပါ"
"မနေ့ကပျော်ခဲ့ရဲ့လား?အိမ်မှာနေရတာ"
"အွန်း"
"ကောင်းကင်ကြီးကအရမ်းလှတာပဲနော်"
"ဪ"
"စစ်ကူစစ်ကူ FSတပ်ဖွဲ့၁အားလုံးအဆင်သင့်ပြင်တရားခံကိုဖမ်းဖို့အတွက်ဗုံးအသေးစားလေးတွေတပ်ဖို့ရှိတယ်" ဆိုပြီးwalkietalkieထဲကနေအသံထွက်လာကာ
"သွားမယ်ခေါင်းဆောင်"
"ဪ" ဆိုပြီးနှစ်ယောက်သားအထဲပြေးဝင်ကြပြီးပစ္စည်းသိမ်းဆည်းတဲ့အခန်းထဲကိုသွားကြ၍တစ်ယောက်တစ်သေတ္တာစီယူလိုက်ကြချိန် စစ်ဦးစီးမှူးချုပ်ကအခန်းထဲရောက်လာလေရဲ့...။
"သေချာလုပ်အရေးကြီးတဲ့မစ်ရှင်တစ်ခုမလို့ကြားလား?အကယ်၍လွဲချော်မှုရှိသွားရင်သေမယ်သာမှတ်" ဆိုပြီးပြောလိုက်တော့အားလုံးကဦးညွှတ်လိုက်ကာ
"အမိန့်အတိုင်းဖြစ်စေရပါ့မယ်" ဆိုပြီးပြိုင်တူအော်ကြပြီး
"သွားတော့ အထူးသဖြင့်ဆောင်းဟွန်းမင်းအဓိကပဲ"
"စိတ်ချပါဗျ"
"ယုံချင်တယ်" ဆိုပြီးပြောလိုက်တာနဲ့အားလုံးလည်းတစ်ညီတစ်ညွတ်တည်းထွက်သွားကြတာပေါ့...။
ခနအကြာကျအလွန်မှောင်မဲကာကြောက်ဖို့ကောင်းတဲ့ထိုအဆောက်အဦးရဲ့ခြံတံခါးဝနားရောက်သွားခဲ့ပြီးစစ်ကားကတဖြည်းဖြည်းအရှိန်လျှော့ရင်းအားလုံးလည်းကားပေါ်ကဖြည်းဖြည်းချင်းဆင်းလိုက်ကြကာခြေချင်းလမ်းလျှောက်ဝင်ရလေရဲ့...။
YOU ARE READING
Incorrectly ✓ || Hoonki🐧🐥
HorrorHorror scenes warning ⚠️ "မှားယွင်းစွာချစ်နေမိပြီ..."