part (13)

151 5 0
                                    

Give and take

part(13)

သုံးလေးနာရီခန့်ကြာသော် ခွဲခန်း၏ တံခါးသည် ပွင့်လာခဲ့ပြီး၊ ဆရာဝန်တစ်ယောက်ထွက်လာခဲ့သည်။

ထိုဆရာဝန်က.....

"လူနာက ယောက်ျားလေးဖြစ်လို့ အခြေအနေက စိုးရိမ်ရတယ်ဗျ။ ကလေးကတော့ပေါင်ချိန်ပြည့်ပြီး ကျန်းမာပါတယ်။"

ဘုန်းရှိန်ဆက်ဝိုင်ခင်မျာ အိန္ဒြေတောင်မဆယ်နိုင်တော့။ ဝရုန်းသုန်းကားနှင့် ဆရာဝန်၏လက်ကို ခပ်တင်းတင်းဆွဲပြီး
"ခင်ဗျားသူ့ကိုသေချာပေါက်ရအောင်ကယ်ရမယ်နော်။"

"ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးကြိုးစားပေးမှာပါဗျ။"

ထိုသို့ပြောပြီး သဘောတူညီကြောင်း လက်မှတ်ရသည်နှင့် ခွဲခန်းထဲကို ပြန်ဝင်ရပြန်သည်။

သုံးနာရီမျှခွဲစိတ်ပြီးတော့.
ခွဲခန်း၏တံခါးက တင်းဆိုတဲ့အသံနှင့်အတူ လူတစ်စုထွက်လာသည်။

"ခွဲစိတ်မှုအောင်မြင်ပါတယ်။ လူနာက အားပြတ်သွားလို့သတိမေ့နေတာပါ။ နားလိုက်ရင်သက်သာသွားမှာပါဗျ"

"တော်သေးတာပေါ့။ ဘုရား မ လို့.."
ဘုန်းရှိန်၏အမေက တတွတ်တွတ်ရေရွတ်ရင်း မြတ်မင်းခတ်ပိုင်အနောက်ကိုလိုက်သွားသည်။

ဘုန်းရှိန်ဆက်ဝိုင်လည်း ရင်ဘတ်ထဲကအလုံးကြီးက ပြုတ်ကျသွားသဖြင့် သက်ပြင်းတစ်ချက်ရှိုက်မိသည်။ ထို့နောက် သူ့အမေနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတော့သည်။

ဆေးရုံ၏အခန်းထဲတွင်
အလွန်ငြိမ်သက်နေသည်။
အသက်ရှူသံမှလွဲ၍ မည်သည့်အသံမှမကြားရ။

ဘုန်းရှိန်အခုမှ လိုနေသေးတဲ့အရာကိုသတိရသွားသည်။ သူတို့ကလေး.
အခုဏကလောနေသည်နှင့်မေ့သွားရသည်။

ဘုန်းရှိန်ကအနားက Nurseကိုခေါ်လိုက်ပြီး
"ကလေးကရော"

"ကလေးကဒီမှာပါရှင့်။ "
အနောက်မှ Nurse က ပြောပြီး
"ဘယ့်နှယ်တော်။ ကလေးကိုတောင်မေ့ရတယ်လို့၊ ကျွန်မသာ မကြည့်ပေးထားရင် ကလေးကမတွေးရဲစရာပဲ"

ဘုန်းရှိန်လည်း ကိုယ့်အမှားမို့ ရှက်ရယ်ရယ်ပြလိုက်သည်။
ကလေးပွေ့ထားသော Nurseကို ဘေးကတစ်ယောက်က တီးတိုးစကားပြောသည်။
"ဟဲ့၊ သူကဒီဆေးရုံပိုင်ရှင်ရဲ့သားနော်၊ "

Give and take Where stories live. Discover now