part(24)

25 3 0
                                    

Give and take

part (24)

ဘုန်းရှိန်လဲ သူ့ဘေဘီကိုချော့လို့ရခါနီးမှ ပြဿနာအသစ်ပြန်ဖြစ်လာတာမို့ စိတ်ရှုပ်နေပါပြီ။
ဖြစ်နိုင်လွန်းတဲ့ပြဿနာတွေ၊ - ပဲ။

မနေ့ကဘေဘီစိတ်ဆိုးသွားတာမို့ အိမ်ပြန်ရတာတောင်ရင်တမမ။ လမ်းတစ်လျှောက်လုံး တတွတ်တွတ်ရွတ်လာခဲ့၏။

အိမ်ရောက်တော့ သူ့ဘေဘီအပြင်ကို တခြားသူတွေရောရှိနေပါသည်။ ကြည့်ရသည်မှာ လင်မယားနှစ်ယောက်ဖြစ်ပုံပေါ်သည်။

သူ့ဘေဘီကလဲ ဘာမှမဖြစ်သည့်အလား ဧည့်သည်တွေကိုမိတ်ဆက်ပေး၏။

"ဒီဘက္က အကိုက ခန့်ညားသိက္ခာတဲ့ ဘေးနားကသူ့အမျိုးသမီး နှင်းသစ္စာ
ပြီးတော့ သူ့သမီးနာမည်က ဇူလိုင်မိုး တဲ့"

''Aww တွေ့ရတာဝမ်းသာပါတယ်
ကျွန်တော်က ပိုင်ပိုင်လေးရဲ့ဒယ်ဒီ ဘုန်းရှိန်ဆက်ဝိုင်ပါ"

"နှစ်ယောက်သားက..."

"လက်ထပ်ထားကြတာပါ"

သူတို့ကိုကြည့်ရတာအံ့ဩသွားဟန်။ တခြားအရိပ်အယောင်တော့မပြ။

"ဟုတ်ပါပြီ၊ အစ်ကိုတို့ကိုတစ်မျိုးတော့မထင်ပါနဲ့နော်"

"မထင်ပါဘူးဗျာ"

"ဟုတ်ပြီ၊ အစ်ကိုတို့က ရှေ့နှစ်အိမ်ကျော်မှာနေတာ၊ ပြောင်းလာတာတော့သိပ်မကြာသေးပါဘူး၊ အခုကအိမ်နီးနားချင်းတွေနဲ့ ရင်းနှီးချင်လို့ လိုက်ပတ်နေတာ.. "

"ဟုတ်ကဲ့ပါဗျ၊ ညစာစားသြားပါဦးလား"

"တော်ပါပြီ၊ အချိန်လဲ လင့်နေပြီမို့ အစ်ကိုတို့ပြန်တော့မယ်၊ နောက်နေ့မှအေးဆေးလာခဲ့မယ်"

"ကောင်းကောင်းသွားပါ"

ဟိုအစ်ကိုလင်မယားပြန်သွားတာနဲ့ ခတ်ပိုင်က အခန်းထဲကိုတန်းဝင်သွားသည်။ သူ့ကိုစကားတစ်ခွန်းမှမပြော။

ဒါကြောင့် ဘုန်းရှိန်က ခတ်ပိုင်၏ လက်ကိုဆွဲလိုက်ပြီး
"ဘေဘီ... ကိုယ့်ကိုမခေါ်တော့ဘူးလား.."

"..."

"ဘေဘီကလည်း... ကိုယ်ကဘေဘီကလွဲရင် ဘယ်သူ့ကိုများ စိတ်ထဲထည့်ဖူးလို့လဲ..."

Give and take Where stories live. Discover now