လူတိုင်းလူတိုင်းမှာ ကိုယ်အရမ်းချစ်မြတ်နိုးရတဲ့လူသားတစ်ယောက်ကတော့ရှိကြမှာပါ အဲ့လိုပဲကျနော့်မှာလည်း ချစ်တာထက်ပိုပြီး မြတ်နိုးမိတဲ့လူသားလေးတစ်ယောက်ရှိခဲ့ဖူးတယ်
"သူ့ရဲ့နာမည်အစလေးက Jeonတဲ့"
အထက်တန်းနှစ်ကျောင်းတက်တုန်းက ကျောင်းပြောင်းလာတဲ့ကောင်လေးတစ်ယောက်ကို မြင်ြမင်ချင်းပဲစွဲလမ်းခဲ့မိတယ် သူကမိန်းကလေးအများစုရဲ့ idealtypeယောကျင်္ားလေးတွေရဲ့ကြိုက်ချင်းကိုပါ ခံရတဲ့ ကျနော့်ရဲ့ jeon
ကျောင်းေပြာင်းလာထဲက ပေါ်ပြူလာဖြစ်တဲ့Jeonက စာတော်ရုံသာမက အားကစားမှာလည်းထူးချွန်လေသည် ပြောရရင်တော့ ကျောင်းရဲ့ဘက်စုံတော်တဲ့ကျောင်းသားတွေထဲကတစ်ယောက်ပါပင် သို့ပေမယ့်ကျနော့်မျက်စိထဲမှာတော့jeonက အတော်ဆုံးနဲ့အတောက်ပဆုံးလူသားလေး
💗တွေ့ဆုံပုံ💗
ဆော့ဂျင်နဲ့ဂျီမင် ကျောင်းထဲဝင်တော့ မိန်းကလေးအုပ်စုလိုက်ကြီး အရှေ့မှာပိတ်လို့ထား၏ အော်သံတွေကလဲဆူညံလို့ပင် နဂိုတည်းက စပ်စုလွန်းတဲ့ပတ်ဂျီမင်ကြောင့် လူအုပ်ကြားထဲမသွားချင်ပဲ ရောက်ရှိခဲ့တော့သည် မြင်လိုက်ရသည်က
#crdphoto
ဂျင်တို့လို ကျောင်းဝတ်စုံဝတ်ထားသည့် ကောင်လေးနားမှာ မိန်းကလေးတွေက ဓာတ်ပုံတွေရိုက်တဲ့သူကရိုက် ၊ စာပေးတဲ့သူတွေကပေးနဲ့ တစ်ဖက်ကလူသားကတော့ သူတို့ကိုရှိသည်လို့ပင်မထင် နားကြပ်တပ်ထားပြီး သူ့လမ်းသူသာဆက်သွားနေသည် ဂျင်ထိုလူသားကို သေချာလိုက်ကြည့်နေမိတုန်း မျက်မှန်အောက်က မျက်ဝန်းတို့ကလည်း သူ့ကိုပြန်စိုက်ကြည့်နေသည်