"ဟယ် ဂျွန်ဂျောင်ဂုက တကယ်ပဲရည်းစားရသွားတာလား"
"ငါကြိုက်နေတာကို အခုတော့ပါသွားပြီပေါ့"
"ဟဲ့သတင်းက အတိကျမဟုတ်သေးပါဘူး"
"အပေါ်က အမ အတိအကျမို့ ကျောင်းကPageထိ တင်ထားတာပေါ့"
စသဖြင့် comတွေအများအပြားနဲ့ ဂျွန်နဲ့အတန်းထဲက ကောင်မလေးတစ်ယောက်ရဲ့တွဲနေပါတယ်ဆိုတဲ့ သတင်းက popularဖြစ်နေလေသည်
တက်လာတဲ့ ပုံထဲမှာတော့ဂျွန်ကကောင်မလေးကို စာရှင်းပြနေသည့်ဟန် အပြုံးတွေကလည်းဖော်ရွေစွာပင် နောက်တစ်ပုံမှာတော့ ကောင်မလေးနဲ့ ကော်ဖီဆိုင်မှာ ဒိတ်နေသည့်ပုံပင်
သတင်းအတိကျမဟုတ်ပေမယ့်လည်း ဒီလိုနှစ်ယောက်ပုံတွေတက်လာတော့ ကျနော့်ရင်ထဲက အကောင်ကနာတယ်ဗျ တကယ်သာဆိုရင်....
ဂျွန်သာချစ်သူရသွားခဲ့ရင်လည်း ကျနော့်အနေနဲ့ ဘာမှဝင်ဇွတ်ဖတ်လို့မှ မရတာ ကျနော်ကသာ ဂျွန့်ကို တစ်ဖက်သတ်ချစ်နေရတာမဟုတ်လား ဒါပေမယ့် ဂျွန့် ကျနော့်နာမည်လေးသိတာနဲ့တင် ကျေနပ်မိပါတယ်
"ကင်မ်ဆော့ဂျင် မင်းဒီနေ့လဲကျောင်းမသွားဘူးလား"
"သွားချင်စိတ်မရှိပါဘူး"
"တယ် ငါလုပ်လိုက်ရ စာတွေက အရမ်းကျွမ်းနေတာဆိုတော့"
အမေတို့များ ကိုယ့်သားလေးအသဲကွဲနေတာကို မသိဘူး ပြောချင်တာပဲ လျှောက်ပြောနေတယ်
"ထ ကျောင်းသွားမလား အိမ်ပေါ်ကဆင်းမလား ကြိုက်တာရွေး ကင်မ်ဆော့ဂျင်"
"ကျစ် သွားမယ်ဗျာ"
ဆော့ဂျင်ကျောင်း မတက်သာသုံးရက်ရှိပြီဖြစ်သည် အတိကျပြောရရင် ဂျွန်ချစ်သူရှိတာ သိတဲ့နေ့ကစလို့ပေါ့ လိုင်းလည်းမသုံး အိမ်မှာပဲနေဖြစ်ခဲ့သည် ဘယ်လိုပဲဖြည့်တွေးတွေး ရင်ဘက်ထဲကအကောင်ကနာကျင်နေဆဲပါပဲ ပထမဆုံးအချစ်ဦးလေး ချစ်သူရသွားတာက ကျနော်ကိုစားမရ အိပ်မရအောင်ထိ ပြုစားနိုင်ခဲ့ပါတယ်
"အေး သွားမယ်ဆိုပြင်တော့ ငါ့သူငယ်ချင်းသားအမိ ညကျရင် လာဖို့ရှိတယ် ကြားလား"