Part 11🍒

353 17 3
                                    


#U

At;

အေးစိမ့်"တိုက်ခက်လာတဲ့ လေပြေလေညှင်များကြောင့် အခန်းတွင်း လိုက်ကာလေးမှာလဲ တလူ"လွင့်လို့ပင်။

မျက်နှာထက်ကျရောက်လာတဲ့ အလင်းတန်းစူး"တစ်ခုကြောင့် အိပ်နေရာမှလူးလွန့်မိ၏။ ကျရောက်နေတဲ့ အလင်းတန်းကို လက်ဖြင့်ကွယ်ကာ စုံမှိတ်ထားတဲ့ မျက်လုံးနှစ်ဖက်ကိုပွတ်သက်ရင်း အားယူဖွင့်ကာ သူ့ရဲ့နေ့သစ်တစ်ရက်အစပြု‌ရ၏။

တိတ်ဆိတ်နေတဲ့ အခန်းထဲ အတွေးများစွာဟာလဲ ရစ်ဝဲလို့။ကိုယ်တိုင်ကအိမ်ထောင်ကျပီးသား အမျိုးသားတစ်ယောက်ဆိုပေမဲ့လဲ မနက်တိုင်းနိုးထချိန်တိုင်းက အထီးကျန်မူ့များဖြင့်။ ကိုယ့်ရဲ့ လှပတဲ့မနက်တိုင်းကို ချစ်ရသူလေးနဲ့အတူဖြတ်သန်းချင်ခဲ့‌ပေမဲ့ တစ်ယောက်ထဲသာ။ သူ့‌ေလးရဲ့မျက်နှာလေးကို ထိတွေ့ပီး morning kiss တွေအပြည့်အဝပေးကာ ကိုယ့်ရဲ့မနက်ခင်းတိုင်းကို ချိုမြိန်တဲ့အချစ်တွေနဲ့အလှဆင်ချင်ခဲ့တာ။ ဒါကတွေက တစ်ဖက်သက်ရူးနေခဲ့မိတာပါပဲ။

မြင်"ချင်းစွဲလမ်းခဲ့ရတဲ့ သူမို့ ကိုယ်ဘက်ကသာစချစ်ခဲ့ရတာ။သူအလိုမတူပဲ သူ့ဘဝတစ်ခုလုံးကိုအရယူမိခဲ့တဲ့ ကိုယ်အမှားတစ်ခုအတွက် လိုချင်ခဲ့တဲ့အချစ်တွေပြန်မရတဲ့အပြင် အခြေနေတွေကကိုယ်ထင်ထားသလိုမဟုတ်ပဲ ပြောင်းလဲသွားခဲ့ရတယ်။ အရာအားလုံးက ဖြစ်ပီး၊ပျက်ပီးတာမို့ အချိန်တွေကိုနောက်ပြန်ရစ်လို့မှမရတော့ပဲ။ အခုတော့ သူပေးတဲ့ အထီးကျန်ခြင်းတွေကိုသာ ကျေနပ်စွာ ခံယူနေရတဲ့အဖြစ်။

ဒီလိုလွဲမှားမူ့တွေကြောင့်ပဲ ဘယ်အချိန်များမှ သူ့ရဲ့အချစ်တွေကိုပြန်ရမလဲမသိတော့ဘူး။ သူ့အပေါ်လက်မလျော့ပေးနိုင်တဲ့ ကိုယ့်စိတ်ကြောင့် ကျတော်အချစ်‌ေတွ ပေါ်ကိုတန်ပြန်ယုံကြည် နေသင့်တယ်မလား။ မျှော်လင့် နေရင်းပေါ့။

အခုလော"လတ်"တွင်တော့ ကိုယ့်ရဲ့အဖြစ်ဟာ ကျိမ်စာများမိနေသလားပဲ။ လိုချင်တာကိုပိုင်ဆိုင်ထားရပေမဲ့ လွတ်လပ်စွာ ချစ်ခွင့်မရှိမှတော့ ဘာလို့ဆုံစည်းခွင့်ပေးနေသေးလဲ ကံကြမ္မာရယ်။

"ဟူးးး!!

အိပ်ရာထရှုပ်ပွနေတဲ့ ဆံနွယ်တို့ကိုလက်ဖြင့်ထိုးဖွကာ အတွေးတွေကိုဖယ်ရှင်းဖို့ Jungkook ပင့်သက်တစ်ချက်ရှုထုတ်လိုက်သည်။ ရီဝေ"မျက်ဝန်းများနဲ့အတူ နောက်ကျိ"ဖြစ်နေသည့် ဦးခေါင်းကို အနည်းငယ်နှိပ်နယ်ပီး Jungkook အားယူကာကြုံးထလိုက်တယ်။ ဒီနေ့တော့ သူ ခေါင်းကြည်ဆေးသောက်မှ ရမယ်ထင်တယ်။ ညက ဘယ်လောက်တောင်မူးလာတာပါလိမ့်။

အချစ်တွေ  သူသိပါစေ(ခေတ္တရပ်နားသည်)Where stories live. Discover now