#U
တီ!! တီ!!
နာရီလက်တံလေးက သံပတ်ထားတဲ့ အချိန်ရောက်တော့ အတီတီနဲ့ အခန်းတွင်းမြည်လာလေသည်။ ထိုနာရီ Alarm သံကြောင့် အိပ်ရာထက်ေကွး"လေးအိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်မှာလဲ လန့်နိုးသွားခဲ့၏။
နောက်ကျိ"ဖြစ်နေတဲ့ ခေါင်းကိုထိန်းကိုင်ရင်း မရပ်တန်းမြည်နေတဲ့ Alarm ကို လှမ်းပိတ်လိုက်ရသည်။
ညကနောက်ကျမှအိပ်ရာဝင်ရပီး မနက်ကျပြန်တော့ ကြီးမြကိုဝိုင်းကူဖို့ အစောကြီးထလိုက်ရသည်။ Jimin အိပ်ရေးမဝ၍ ခေါင်းထဲသိပ်မကြည်ချင်တာကြောင့် မနက်စာစားပီး နောက် အပေါ်ပြန်တက်လာကာ အခန်းထဲပြန်ဝင်ပီးခဏမှေးနေလိုက်တာ အိပ်ပျော်သွားမိတယ်။
အခုသူပြန်နိုးလာတော့........အချိန်က ည 9;:00ထိုးနေပီမို့ အနည်းငယ်လန့်သွားမိသည်။
ဒါဆို သူအချိန်တော်"ကြာအောင်အိပ်ပစ်လိုက်မိတာပဲ။ ပီးမှ ကြီးမြတို့ကိုသတိရကာ အိပ်ရာမှကြုံးထလိုက်မိတော့....
"အာ့!
အချိန်အတော်ကြာအိပ်ထားခြင်း၏အကျိုးကြောင့် နာကျင်နေသည့် လက်လေးကိုမှအားပြုထောက်လိုက်မိတာမို့ Jimin အာမေဍီသံလေးထွက်သွားမိတယ်။
မနက်က အစောကြီးထရမှာပေါ့ သူ့ရန်ကိုကြောက်ပီး လူကြီးဖြစ်တဲ့ ကြီးမြကိုပါဒုက္ခပေးမိလိုက်တာကိုး.....
အကြောင်းမှာ...........
ညက ကြီးမြကိုအားနာ"နဲ့ပဲ အခန်းထဲအထိအတူတွဲခေါ်လာခိုင်းမိတယ်။ တစ်ခါမကကြုံဖူးထားတော့ Jimin မှာ သူ့ကို အတော်လေးလန့်ခဲ့ရတာ။ တော်သေးတာက ညက သူမူးလာပေမဲ့လူမှန်းသူမှန်းမသိလို့လားမသိ အရင်လိုမျိုး ရမ်းကားတဲ့အပြုမူ့တွေအလုပ်မခံလိုက်ရတာ ကံကောင်းတယ်။ ကြီးမြကိုပဲကျေးဇူးတင်ရမလား သူပဲကံကောင်းသွားတာလား မပြောတက်။
ညက အဖြစ်ကိုပြန်တွေးမိတော့ သူ့လုပ်ရပ်ကအတော်လေး ရူးကြောင်"နိုင်ခဲ့မိတာပဲ။ လူချင်းတူ၊ ယောက်ကျားချင်းတူတောင် ပြန်ကြောက်နေရတဲ့ သူ့အဖြစ်ကိုတွေးရင်း ရှက်လဲရှက်မိသလို Jimin ဝမ်းလဲနည်းမိ၏။ အားလုံးကဖြစ်ပီးပျက်ပီးသွားမှတော့ ဘယ်တက်နိုင်ပါ့မလဲ သူ့ရဲ့ရွေးချယ်မူ့ကိုက မှားယွင်းခဲ့မိတာကိုး။ အခုတော့ စိတ်မကောင်းစရာအတွေးတွေမတွေးပဲ အကောင်းဆုံးနေနိုင်အောင် ကြိုးစားသွားရမှာပဲ။
YOU ARE READING
အချစ်တွေ သူသိပါစေ(ခေတ္တရပ်နားသည်)
FanfictionWriting ⚠️ 18+ မို့ကြိုက်မှ ဖက်ပါ ( U+Z )