အခန်းထဲမှတော့ လက်ကောက်ဝတ်မှာ သွေးတွေနဲ့ ရေကန်ထဲမှာလည်းသွေးတွေနဲ့ကောင်လေးတစ်ယောက်ရှိတာပေါ့
"သားငယ်အဖေပြောတယ်လေ ဒီနိုင်ငံက ထွက်သွားမယ်လို့"
"ဒါပေမဲ့သားပြောတာက ဒီကမ္ဘာက ထွက်သွားတော့ဖို့ ပြောတာလားသားလေ"
"သား သားနောက်ဘဝကျရင် ကိုယ့်ကို ချစ်တဲ့လူနဲ့သာ ပျော်ရွှင်အောင်နေနော်သား"
"အမလေး သားငယ် အမေ ဘယ်လိုစိတ်နဲ့ဖြေသိမ့်ရမှာလဲ သားတစ်ယောက်ဘဲရှိတာလေ "
"သားလွန်းအတ္တ မင်းပျော်လား မင်းမမြင်ချင်ဘူးဆို သူ့ဒီကမ္ဘာက ထွက်သွားပြီးလေ ထွက်မသွားခင် မင်းမင်္ဂလာပွဲကိုရင်နာနာနဲ့ကြည့်သွားခဲ့တာ ရော့ မင်းလိုချင်တဲ့ကွာရှင်းစာချုပ် ပြီးတော့ မင်းကို စာနဲ့stockတစ်ခုပေးလိုက်တယ် "
လွန်းအတ္တ အရှေ့က စာချုပ် စာနဲ့ stickကိုသာကြည့်နေတယ် သူ့စိတ်က မပျော်ရွှင် ယူကြည့်မရ ဝမ်းမည်းစိတ်သာ စိုးမိုးနေတယ် မနေနိုင်စွာ စာကိုဖတ်ကြည့်ပြီးမှ နောင်တရသွားခဲ့တယ် သူ့ကလေးနဲ့ ချစ်ရသူကို ကိုာ်တိုင်သတ်လိုက်တာဘဲ လက်နဲ့သတ်တာမဟုတ်ဘဲ စိတ်နဲ့ သတ်ခဲ့တာဘဲ
သူ့ကလေးလေး လူ့လောကထဲကို ခြေမချသေးတဲ့ကလေးလေးကို သတ်ခဲ့တာဘဲ စာကိုဖတ်ပြီ ဒူးထောက်ကျသွာခဲ့ကာ ပါးမှာလည်း မျက်ရည်ပူပူနွေးနွေး စီးကျလာတယ် လွန်းအတ္တအမေလည်း စာကိုဖတ်ကြည့်လိုက်ကာ သူ့မှာ မမြင်ရသေးတဲ့မြေးလေးကြောင့် ငိုကြွေးနေလေရဲ့
အားလုံးနားရေးတွေဘာတွေလုပ်ကာ ပြင်ဆင်နေခဲ့တယ် လူတိုင်းဟာ မင်္ဂလာသတွးကနေ အမင်္ဂလာသတင်းကို ကြားရတော့ စိတ်မကောင်းဖြစ်နေကြတယ် ဘယ်တတ်နိုင်မလဲ ကောင်လေူကတော့ ထွက်ခွာသွားခဲ့ပြီ
ရှိုင်းသက်တံနဲ့ မမြင်ရသေးတဲ့ကလေး
အသက် ၂၃နှစ် နဲ့ကိယ်ဝန်၄လ
ကွယ်လွန်ည့်ရက် 5.6.2024အားလုံးပြီးစီးတော့ နောက်တစ်ရက်မှာဘဲ ရှိုင်းအိမ်တော်ဟာ လေလံတင်ရောင်းခဲ့ပြီး ရှိုင်းသခင်ကြီးတို့က သားငယ်အတွက် တရားဘာဝနာကိုအပြီးအပိုင် ဝင်သွားခဲ့တယ်
YOU ARE READING
အဆင်ပြေဖို့..ခက်တယ်(Completed)
Short Storyနောက်ဘဝဆိုတာရှိခဲ့ရင်တောင် မင်းရွေးချယ်တာ ငါမဟုတ်ဘူးဆိုတာကို သိတယ် မောင်