5

140 16 1
                                    

"ရှောင်း ထပါ
ကိုယ်တော်လဲ ရှောင်းကို တွေ့ချင်နေခဲ့တာပါ"

‌အခု သူ့မျက်စိရှေ့မှာ ရှိနေတဲ့သူဟာ မဆင်မခြင် ဇွတ်ဆွဲခေါ်လာတတ်တဲ့ မြင်းစီးသမား မဟုတ်ဘူး။

စုတ်ဖွာဖွာ ဆံပင်တွေနဲ့ စာအတူသင်ဖူးတဲ့ သူငယ်ချင်းလဲ မဟုတ်ဘူး။

အရှင် ဧကရာဇ်တဲ့ လား။

"ဧကရာဇ် မင်းကြီး"

"ရှောင်း ကိုယ့်နာမည်ကို သိချင်တယ်ဆို"

"ကိုယ့်နာမည် ဝမ် ရိပေါ် ပါ"

"ရှောင်း နာမည် ကျန့်ဟိုင် မဟုတ်လား
ကိုယ်ကတော့ ရှောင်းကျန့်ဆိုတဲ့ နာမည်ကို ပိုသဘောကျပါတယ်

ရှောင်းလဲ နာမည် အမှန် မပြောခဲ့ဘူးဆိုတော့
ကိုယ်တို့ ကျေပြီပေါ့

ကိုယ် ရည်ရွယ်ပြီး ဖုံးကွယ်ခဲ့တာ မဟုတ်ပေမဲ့"

"မင်းကြီး"

"ဒီကိုလာပါ"

"မင်းကြီး ဒဏ်ရာ"

"ကိုယ်က ညံ့ဖျင်းတဲ့ ဘုရင်ဆိုတော့ နည်းနည်း"

"ရှောင်း အိပ်ရဦးမယ် ထင်တယ်
ဒီမှာလဲ အလုပ်များမှာ ဆိုတော့

ကိုယ် လက်ဆောင်လေး ပေးစရာ ရှိလို့ပါ"

ဘုရင် ဧကရာဇ်က ဝတ်ရုံတော်ထဲကနေ ရှည်မျောမျော သဏ္ဌာန်ရှိတဲ့ ဘူးငယ်လေးကို ထုတ်လိုက်တယ်။

ကျောက်စိမ်းသား ကောင်းကောင်းနဲ့ လုပ်ထားတဲ့
ရိုးရှင်းတဲ့ ဆံထိုးတစ်ခု။ ရိုးရှင်းတဲ့ ပုံစံ ရှိတာမို့ ယောက်ျားသားတွေနဲ့ လိုက်ဖက်ညီတဲ့ ပုံစံရှိတယ်။

"ဒီလို တန်ဖိုးကြီး လက်ဆောင်ကို
လက်မခံဝံ့ပါဘူး"

"ကိုယ်တော့်ဘဝမှာတော့ ဒီနိုင်ငံနဲ့ ရှောင်းထက်တန်ဖိုးကြီးတာ မရှိတော့ပါဘူး"

(၂)နှစ်လုံး ဘာအဆက်အသွယ်မှ မရှိခဲ့ဘဲ အခုတော့ သူ့ကို အရေးတယူ ရှိလှပါလား။
သူ ဝမ်းနည်းရမှာလား။
ပျော်ရမှာလား။
ယုံကြည်ရမှာလား။

"(၂) နှစ်လုံး ကိုယ်တော် ရှောင်းကို သတိရနေခဲ့တာပါ

ရှောင်း နားကို ရောက်မလာတဲ့ အတွက် စိတ်ဆိုးတယ် မဟုတ်လား"

Emperor Wang's (YiZhan fanfic)Where stories live. Discover now