6

226 17 0
                                    

"ရှောင်း လား"

"ရှောင်း မဟုတ်လား"

"ဟုတ်ပါတယ် အရှင်"

"ကိုယ်တော် အိပ်မက်လို့ ထင်မိနေတာ"

"အမြန် မ ထပါနဲ့"

"ဝေ့ါ"

"ကွမ်ကွမ်ရေ ကူပါဦး"

ရှောင်းကျန့်က ပါးစပ်ကနေ ကွမ်ကွမ့်ကို ခေါ်ရင်း ဧကရာဇ်ဝမ်ရဲ့ သွေးမည်းတွေ အန်တာကို သန့်ရှင်းရေး လုပ်ပေးရတယ်။

"ဘာမှ မဖြစ်ပါဘူး အရှင်"

"ကိုယ့်ကို ရှောင်းအဆင်ပြေသ‌လို ခေါ်ဖို့ ခွင့်ပြုပါတယ်"

"အနားယူပါဦးလား"

"ကိုယ့်မှာ လုပ်စရာတွေ အများကြီး ရှိတယ်
ရှောင်း ဘေးနားမှာ ရှိနေမယ် မဟုတ်လား"

ဝတ်ရုံတွေကို ကျန်းခိုင်က ကူလဲပေးရင်း ထွက်သွားတဲ့ ဘုရင်ကို ကြည့်ရင်းသာ ရှောင်းကျန့် တွေ‌တွေကလေး ကျန်ခဲ့တော့တယ်။

၂၁ ရာစုက လာတဲ့ ဘာအပူမှ မရှိခဲ့တဲ့သူက အခုတော့ သူ့မှာ အပူတွေနဲ့။

သူ ငယ်ငယ်လေးကတည်းက အမေ ထွက်သွားတာကိုလဲ မြင်ဖူးတယ်။
သူ့အဖေရဲ့ ဆိုးရွားတဲ့ ပုံစံတွေလဲ မြင်ဖူးတယ်။
ဒါက အဲ့လောက်ထိ သူ့ကို ဝမ်းမနည်းစေပါဘူး။

ဒီဘက် ကမ္ဘာမှာတော့ သူ့အဖေ သေသွားတာကလဲ ဝမ်းနည်းစေတယ်။

အားနည်းပြီး သန်မာနေပေးတဲ့ ဘုရင်ကလဲ ဝမ်းနည်းစေပါတယ်။

ပြီးတော့ သူ့ကိုယ်ပေါ်မှာ လေးလံတဲ့ တာဝန်တွေ ရှိတယ်။ တကယ်ဆို သူ့အသက်က ၁၉ နှစ်တောင် မပြည့်သေးဘူးလေ။

ဒီလိုဆိုတော့ ဧကရာဇ် ဝမ် ကရော။
သူ့အောက်ငယ်တဲ့ ကွမ်ကွမ်ကရော။

_____

ရှောင်းကျန့်က ဒီလိုနဲ့ နန်းတွင်း သမားတော် ဖြစ်လာပါတယ်။ အဓိက ဂရုစိုက်ပေးရတဲ့သူက ဘုရင်ပါပဲ။

ဘုရင်အတွက် ကျန်းမာရေး စစ်ဆေးဖို့ အထူးအနေနဲ့ ရှောင်းကျန့်က တာဝန်ယူရတယ်။ ဧကရာဇ်ဝမ်ရဲ့ ဘေးနားမှာ အရင်ကဆို ယုံကြည်ရသူဆိုတာ သူ့ရဲ့ ပညာသင်ဖော် ကျန်းခိုင်ပဲ ရှိတယ်။ အခုတော့ သူနားမှာ ရှောင်းကျန့်ရော ကွမ်ကွမ်ပါ ရောက်လာခဲ့ပြီ မဟုတ်လား။

You've reached the end of published parts.

⏰ Last updated: May 04 ⏰

Add this story to your Library to get notified about new parts!

Emperor Wang's (YiZhan fanfic)Where stories live. Discover now