မထင်မှတ်ထားတဲ့အနမ်း
Gemini-“ကိုယ့်ကိုမှတ်မိနေပေးလို့ကျေးဇူးပဲ”
Fourth-“မင်းကဒီကိုဘယ်လိုရောက်လာတာလဲ”
Gemini-“ဘာဖြစ်လို့လဲဒီbarကကိုယ်လာနေကြbarပဲလေတကယ်ဆိုမင်းကကိုယ့်ကိုကျေးဇူးတောင်တင်ရဦးမယ်”
Fourth-“အဟင်း ဟုတ်ပြီကိုယ်မင်းကိုကျေးဇူးတင်တယ်”
Gemini-“ကျေးဇူးတင်ရင်သူငယ်ချင်းဖြစ်ခွင့်ပေးပါလား”
Fourth-“ဘာဆိုင်လို့လဲ”
Gemini-“အခုဘာမှမဆိုင်သေးလို့နောက်ကျဆိုင်လာအောင်သူငယ်ချင်းဖြစ်ချင်တာလေ”
Fourth-“မင်း မင်း တော်တော်မျက်နှာပြောင်တဲ့ကောင်ပဲဘယ်သူကမင်းနဲ့ဆိုင်ချင်နေလို့လည်း”
Gemini-“မင်းကမဆိုင်ချင်လည်းကိုယ်ကဆိုင်ချင်တယ်လေ”
Fourth-“ကိုယ်ကကျေးဇူးကန်းတတ်တဲ့လူေတာ့မဟုတ်ပါဘူးဒါပေမယ့်မင်းတောင်းဆိုတာကိုမလုပ်ပေးနိုင်ဘူး”
Gemini-“ဘာဖြစ်လို့လဲကိုယ်ကဘာလို့မင်းနဲ့သူငယ်ချင်းမဖြစ်နိုင်ရတာလဲ”
Fourth-“ဘာလို့ဆိုမင်းနဲ့ကိုယ်နဲ့ကမှမသိတာ”
Gemini-“ဒါဆိုသိလာအောင်လုပ်ကြမလား”
Fourth-“တော်ပြီကိုယ့်စားပွဲကိုပြန်သွားတော့မယ်ကိုယ့်သူငယ်ချင်းတွေစောင့်နေလိမ့်မယ်ခုနကကိစ္စအတွက်ကျေးဇူးတင်ပါတယ်”
Gemini-“နောက်ကျထပ်တွေ့ကြတာပေါ့ကိုယ့်အလှလေး”
Fourth-“ကိုယ်ကတော့တွေ့ချင်မနေလို့တောင်းပန်တယ်”
Gemini-“အဟက်! အလှလေးကအဆိုးလေးကွာ”
~~~~~~~~~~~~~~~~~~~~~~~~~~~
Winny-“fotဘာလို့ကြာနေတာလည်းငါကမင်းကိုစိတ်ပူနေတာ”
Fourth-“အာ ဘာမှမဖြစ်ပါဘူးငါဒီတိုင်းဗိုက်အောင့်နေလို့ပါ”
Winny-“အင်း အဲ့ဒါဆိုရင်လည်းဟုတ်ပါပြီford ကိုခေါ်ပြီးအိမ်ပြန်ကြရအောင်”
Ford-“ဟီးဟီးငါလာပါပြီကွ ငါကလို့ဝသွားပြီလေအခုအိမ်ပြန်ကြတော့မလား”
Winny-“တော်သေးတာပေါ့ ကလို့ဝသွားလို့ ငါကမင်းတစ်ညလုံးကနေတော့မယ်ထင်တာ”