Fourth-“မင်း!လူရမ်းကားကောင်”
ခွပ်!
Winnyကအရှိန်နဲ့ထိုးချလိုက်တာကြောင့်geminiလည်းသတိမမူမိဘဲအနောက်ကိုလဲကျသွားတယ်Satang-“ဟျောင့် မင်းငါ့သူငယ်ချင်းကိုဘာလုပ်တာလဲ”
Winny-“ထိုးလိုက်တာလေမမြင်ဘူးလား”
Fourthကတော့Fordကိုဖက်ထားရင်းမျက်ရည်လည်နေပြီသူ့ဘဝမှာဒီလောက်ရှက်စရာကောင်းတာမျိုးတစ်ခါမှမဖြစ်ဖူးဘူး
Satang-“မင်းလက်ပါစရာမလိုဘူး”
Winny-“ဟ ငါ့သူငယ်ချင်းကိုဟိုခွေးကောင်ကအတင်းအဓ္ဓမနမ်းနေတာကိုငါကဒီတိုင်းထိုင်ကြည့်နေရမှာလားမင်းမကျေနပ်ရင်မင်းကိုပါထိုးပေးရမလား”
Satang-“လာလေ”
Markကတော့Geminiကိုသွားထူပြီးဘာမှဝင်မပြော
ဘာလို့လဲဆိုတော့အဲ့နှစ်ယောက်ရန်ဖြစ်နေတာကလင်မယားတွေလိုပဲအရမ်းလိုက်ဖက်လွန်းနေတယ်Gemini-“တော်တော့Satang ငါ့အလှလေးမျက်နှာကြောင့်ငါမင်းကိုခွင့်လွှတ်လိုက်မယ်
ကိုယ်သွားတော့မယ်အလှလေး နောက်ကျထပ်တွေ့ကြမယ်နော်”Winny-“အမယ် မင်းကများ”
Fourth-“Winny သွား..သွားရအောင်”
Winny-“fotငါရှိတယ်နော်ဘာမှမကြောက်နဲ့”
Ford-“ဟုတ်တယ်ဘာမှမကြောက်နဲ့fotfot”
Fourthရဲ့စိတ်ထဲမှာတော့ရှက်တာရောရင်ခုန်တာပါရောထွေးနေတယ်သူဒီလူ့ကိုရင်ခုန်လို့မှမဖြစ်ပဲ
Winny-“ဒီကောင်အရမ်းမိုက်ရိုင်းတာပဲ
ငါထပ်ထိုးချင်သေးတာ မင်းကသွားမယ်ဆိုလို့fourth”Fourth-“ငါသူနဲ့မပတ်သက်ချင်ဘူး
ရန်ညှိုးတွေလည်းမရှိချင်ဘူး”Ford-“အဆင်ပြေရဲ့လားFotfot”
Fourth-“ဟင့်အင်း အိမ်ပြန်ချင်တယ်
အတန်းလည်းမတက်ချင်တော့ဘူး”Winny-“အင်း ငါတို့လိုက်ပို့ပေးမယ်
ဘာမှစိတ်မပူနဲ့နော်”ကားပေါ်ရောက်တော့Winnyကမောင်းပြီး
နောက်ခန်းမှာတော့Fordကသူ့ကိုဖက်ထားပြီးနှစ်သိမ့်ပေးနေတယ်Winny-“သူနဲ့ရန်ညှိုးတွေဘာတွေရှိလို့လားfourth”
Fourth-“ဟင့်အင်းမရှိဘူး
ကျောင်းပထမဆုံးရက်ကငါဝင်တိုက်မိတယ်ဆိုတာသူ အဲ့ကတည်းကငါသူ့ကိုနေရာတိုင်းမှာတွေ့နေရတာ”