Note - မတင်တော့ တထစ်ချလုပ်ထားပေမဲ့ လာအားပေးကြတော့စိတ်အခြေနေတော်တော်ကောင်းသွားတယ်ရယ် ကျေးဇူးပါ ^^
Uni
*****အိမ်ကြီးတစ်အိမ်တွင် ဒေါ်သက်သက်ခိုင် အပေါ်ထက်က ဘုရားခန်း သို့ညနေခင်း သန့်ရှင်းရေး လုပ်ရန် သွားနေတုန်း.....
"ကြီးကြီးရေ ကြီးကြီး"
"ရေးကြီးသုပ်ပြာနဲ့ ဘာတုန်း အနွယ်ရယ်"
"ဟိုဟို မိဘမဲ့ဂေဟာဆိုတာ ကလေးလေး ရောက်လာပြီ ဘဘကြီး နဲ့ ဧည့်ခန်းမှာထိုင်နေတယ် အကိုလေးကို ခေါ်ပြီးလာခဲ့ပါတဲ့ မိတ်ဆက်ပေးရအောင်တဲ့"
"ရောက်လာပြီလား မြန်လိုက်တာ နင်တို့အကိုလေး သူ့အခန်းထဲမှာသွားခေါ်လိုက်"
"အနွယ်မခေါ်ရဲဘူး"
"ဟယ်တော် ကြီးကြီး ခေါ်ခိုင်းတယ်ပြောပြီးခေါ်၊ သွားသွား အောက်မှာစောင့်နေမယ်"
"ဟုတ်ဟုတ် ကြီးကြီး"
အနွယ်က အသက်၁၄နှစ်သမီးသာရှိသေးကာ ရွာကနေအိမ်အကူအဖြစ်ခေါ်ထားတာဖြစ်သည်။အနွယ်က သွက်သွက်လက်လက်နှင့် ၊ ဖင်ပေါ့တဲ့ မိန်းကလေး၊ ကျောင်းတက်ရမည့်အရွယ်ကို မြို့ပေါ်မှာ အိမ်အကူလုပ်ကာ ရွာမှာကျန်ခဲ့သည့် အမေဖြစ်သူနှင့်ညီမလေးကိုထောက်ပံ့ပေးနေသူဖြစ်၏ အိမ်က သူတွေနှင့် တရင်း တနှီးအကြွမ်း တဝင် ရှိသူ။ ဒေါ်သက်သက်ခိုင်က ကျောင်းတက်မလား အန်တီတို့ထားပေးပါ့မယ် ပြောသော်လည်း ခေါင်းကို တရမ်းရမ်း လုပ်ကာ အကြောက် အကန် ငြင်းရှာ၏ အိမ်ကို ထောက်ပံ့နိုင်ဖို့သာ ခေါင်းထဲရှိတက်သည့်ကလေး ဖျောင်းဖျလို့မရ တာကြောင့် သူ့အကြိုက် လွှတ်ထားရတော့သည်။
ဒေါ်သက်သက်ခိုင် ဧည့်ခန်းထဲရောက်တော့
တကယ့်ချစ်စဖွယ် ကလေးလေးကို တွေ့လိုက်ရကြောင့် နှုတ်ခမ်းထက်က အပြုံးအတော မသတ်နိုင်။ မျက်နှာလေးမြင်လိုက်တာနှင့် အေးချမ်းသွားတာမျိူးပါးဖောင်ဖောင်လေးနှင့် ၇ နှစ်အရွယ် ကလေးပေါက်စလေး အသားအရည်ကအစ ကြည်လင် ဖွေးဥ ကာပန်းရောင် ခပ်သန်းသန်း နာမည်တော့ မသိသေးပေမယ့်၊ ထိုကလေးအသက်ကိုတော့ သိထားပြီးဖြစ်သည်။မျက်တောင် ပါးပါးလေးတွေကို တစ်ဖျက်ဖျက် ခတ်ကာ ကြောင်တောင်တောင်လေးနှင့် ကျုံကျုံလေးထိုင်နေရှာ၏
YOU ARE READING
I own you
Fanfictionအောင်မြင်ခြင်းမောင် x သက်ညှာလေဦး အပြင်မှာမရှိနိုင်သည့်အရာများထည့်သွင်းရေးသားထားပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးရှင့် အရေးအသားပိုင်း လိုအပ်ချက် များစွာ များစွာရှိနိုင်ပါတယ်။ဖတ်ရှု့ပေးကြမည့်တစ်ယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇ...