part - 2

226 17 2
                                    

Uni

ဒီအပိုင်း‌ကလေးတွေကြီးတော့မှာပါ ><

*****

ညအချိန်မို့ သားမိသားဖ လေး‌ယောက် ညစာစားကာ ကိုယ့်အခန်းစီကိုယ်ပြန်ဝင်ကြပြီ ဖြစ်သည်။ သက်ညှာက အခန်းထဲပြန်ဝင်တာနှင့် သည်နေ့ဆရာမက ပေးလိုက်တဲ့ အိမ်စာတွေလုပ်တယ် ။ အောင်မြင်က phone တစ်လုံးနဲ့ဗျာများနေတာဖြစ်သည်။

သက်ညှာ စာလုပ်တာ တစ်နာရီနီးပါး ကြာတော့ မျက်လုံးက မှေးဆင်းလာပြီ ၊ ထို့ကြောင့် ကိုကိုရှိသည့်ခုတင်ဆီသို့ စာအုပ်တွေသိမ်းဆည်းကာ သွားလိုက်၏ ၊ ကုတင်ပေါ်တက်ပြီး အောင်မြင်အနား သက်ညှာ မသိမသာတိုးပြီးဖုန်းကပ်ကြည့်နေလိုက်တော့သည်။

" ကိုကို "

"...."

" သားကိုတစ်ပွဲပေးဆော့ပါ့လား "

" ရမလား မင်းကဘာဆော့တက်မှာလဲ လူကိုကြည့်တော့ပုရွက်ဆိတ်သာသာနဲ့ ငါ့ကိုလာမရောနဲ့ မင်းဘာသာ အိပ်စရာရှိ အိပ်တော့ "

" ဟင့် "

သက်ညှာ ညဉ်းသံသဲ့သဲ့လေး ထွက်ပြီး အောင်မြင်ကိုကျောပေးသွားပြီးပင် ၊ အခုဒီကောင်လေးက အောင်မြင် အပေါ်ဆိုးချင်လာပြီ ၊ အောင်မြင်သူ့ကိုဖိထားကာမှ တော်ရာကျမည် မဟုတ်ရင် မလွယ်ကျောလေး ။

အောင်မြင် ဂိမ်းဆော့တာ ရှုံးပဲရှုံးနေသည်မို့ အိပ်ဖို့သာတွေးလိုက်တော့၏ ၊ ဖုန်းကိုချ၍ ‌ပေါက်စနားအသာလှဲလိုက်၏ သက်ညှာစောင်ကိုခြုံမထားတာမို့ ၊ အောင်မြင် သက်ညှာ ကိုစောင်ခြုံပေးလိုက်သည်။

ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ အင်းအဲ လုပ်ပြီးပြန်အိပ်သွားပြီပင် ၊ ဖက်ချင်လွန်းလို့တော့ မဟုတ်ဘူး
အကျင့်ပါနေလို့ ၊ ရင်ခွင်ထဲက ပေါက်စီလုံးလေးကအသက်ရှုသံမှန်မှန်နှင့် အိပ်နေပြီ ၊ သက်ညှာအသားအိအိ လေးနဲ့ထိနေသည့် နေရာ‌တိုင်းအောင်မြင် သဘောကျသည် ။

မဖြစ်သေး ဒီကလေးကို သူသံယောဇဉ်တွယ်မိလို့မရ ၊ ကိုယ့်ဆီက သူလုယူသွားတဲ့အရာတွေ အများကြီး ၊ ကိုယ့်အတွေး ကိုယ့်စိတ် ကိုယ်သာသိပါ၏ အချိန်မနည်းတော့တာမို့ အောင်မြင် အိပ်စက်ခြင်းဆီသို့ ကူးလူးရတော့သည်။

I own you Where stories live. Discover now