Love Story
Bar ကနေ အရက်မူးမူးနဲ့ပြန်လာတဲ့ Alpha Jungkook
Alpha ဆိုပေမယ့် Royal မျိုးမဟုတ်လို့ သာမာန် beta တွေလို ဝမ်းစာအတွက် ရုန်းကန်ရတဲ့ Alpha မျိုး
တစ်နေ့တာ ပင်ပန်းခဲ့သမျှကို bar မှာ ဖြေဖျောက်ခဲ့ပြီး အိမ်ကို လမ်းလျှောက်ပြန်အလာမှာ နင့်ကနဲ မွှေးလာတဲ့ ရနံ့တစ်ခု
ချိုအီတဲ့ နှင်းဆီပန်းရနံ့ဆိုပေမယ့် ဆွဲဆောင်အားပြင်းလွန်းတယ်
Omega လား
Omega က ဒီအချိန် ဒီလိုနေရာမျိုးမှာ heat ဝင်နေရသလား
Jungkook သိချင်စိတ်နဲ့အတူ စူးစမ်းကြည့်မိတော့ အမှောင်ကျတဲ့ လမ်းသွယ်တစ်ခုမှာ လဲကျနေတဲ့ Omega ဖြစ်ပုံရတဲ့ ပုံရိပ်ငယ်ကို ဝိုင်းအုံနေကြတဲ့ လူတစ်စု
သာမန်ဆိုရင် ခပ်ပေါပေါ Omega တစ်ယောက်နဲ့ စျေးတည့်နေကြတဲ့လူစုလို့ ယူဆလိုက်မိမှာပေမယ့် ဒီနှင်းဆီရနံံ့ကို ခပ်ပေါပေါ Omega တွေဆီမှာ Jungkook တစ်ခါမှမရဖူးဘူး
သံသယဖြစ်စွာနဲ့ပဲ Jungkook ထိုလူစုဆီ တိုးကပ်သွားတယ်
မြင်တွေ့ရတဲ့ အခင်းကတော့ Omega လို နည်းနည်းမှမလှဘူး
Alpha သုံးယောက်က Omega ကို အမဲလိုက်ခွေးတွေလို အမဲဝိုင်းဖျက်ဖို့ တာဆူနေကြတယ်
Heat ဝင်နေသည့်တိုင်အောင် သူ့ကိုတစ်စက်လေးမှ အထိမခံနိုင်စွာ လဲကျနေရာမှ ခုန်ထပြီး ရုန်းကန်နေတဲ့ Omega ကတော့ Jungkook ထင်ထားသလို တော်ရုံတန်ရုံ Omega မဖြစ်နိုင်ဘူး"ဟေ့...ဟေ့လူတွေ နေကြပါဦး ဘာတွေဖြစ်နေကြတာလဲ"
တန့်ကနဲ ရပ်သွားတဲ့ လူစုနဲ့အတူ လှည့်ကြည့်လာတဲ့ Omega ကလေး
အရူးအမူးဆွဲဆောင်နေတဲ့ နှင်းဆီအနံ့မပါရင်တောင် ဆွဲဆောင်မှုအားအပြင်းဆုံးဖြစ်နေဦးမယ့် မျက်နှာကလေးက တစ်သက်စာ အကြည့်မလွှဲချင်စရာကောင်းလွန်းတယ်
Jungkook တစ်ယောက် ဒီနေရာမှာတင် Omega ကို အနိုင်ကျင့်ပစ်စိတ်တွေ ထကြွလာတယ်"Jungkook လား မင်းငါတို့ကိုသိပါတယ်ကွာ
ဒီမှာ ဒီ Omega ဒုက္ခရောက်နေတာကို ငါတို့ ကူညီပေးချင်ကြရုံပါပဲကွာ တခြားမဟုတ်ပါဘူး"
YOU ARE READING
Love Stories {TK🔞}
FanfictionTaekook ရဲ့ 18+ short stories လေးတွေပါ အသက်မပြည့်သေးသူများ မဖတ်ရပါ Idol ကို နှိမ့်ချလိုစိတ်မရှိပါ Fic လိုပဲ မြင်ပေးပါရှင် By Chan Myae Kim