ရဲအရာရှိ Kim Taehyung တစ်ယောက် သူ့ကားထဲမှာ အိပ်ပျော်သွားပြီဖြစ်တဲ့ Jungkookie လေးကိုကြည့်ပြီး သက်ပြင်းချမိတယ်အရာရှိပေါက်စတစ်ယောက်ဖြစ်တဲ့ Taehyung ဟာ မိဘမဲ့ကျောင်းက အုပ်စုဖွဲ့အနိုင်ကျင့်မှုတစ်ခုကို စုံစမ်းခဲ့ရတယ်။ အဲ့ဒီမှာ နစ်နာသူက Jungkook ဆိုတဲ့ ဆယ့်သုံးနှစ်အရွယ်ကောင်လေး
သူ့ထက်ပိုအသက်ကြီးသူတွေရဲ့ ရန်ငြိုးဖွဲ့ ဝိုင်းဖွဲ့ထိုးကြိတ်ခံရခြင်းကြောင့် မေ့မြောပြီး ဆေးရုံကိုရောက်လာခဲ့တယ်
နိုးလာတဲ့အချိန်မှာ ကြောက်ရွံ့နေပေမယ့် Taehyung ရဲ့ မေးခွန်းတွေကို ယဥ်ကျေးစွာ ဖြေပေးခဲ့တဲ့ပုံကြောင့် Taehyung ရဲ့စိတ်ထဲမှာ ကိုယ့်ညီလေးတစ်ယောက်လို သနားစိတ်ဝင်ခဲ့ရတယ်
အပြစ်ရှိသူတွေကို တရားစီရင်ပြီးတဲ့အချိန်မှာ Taehyung ထိုကောင်လေးကို နာကျင်စရာအမှတ်တရတွေရှိတဲ့ သူ့မိဘမဲ့ကျောင်းကို ပြန်မပို့နိုင်တော့သလို တခြားဘယ်မိဘမဲ့ကျောင်းကိုမှလည်း ပြန်မပို့နိုင်တော့ဘူး
ဒီလိုနဲ့ပဲ Taehyung ဟာ သူ့လိုပဲ တစ်ကောင်ကြွက်ကလေးကို စာရွက်စာတမ်းနဲ့ အပြီးမွေးစားပြီး အိမ်ခေါ်လာဖို့ ဖြစ်လာခဲ့တယ်
သူ ဒီကောင်လေးကို သူ့တုန်းကမရရှိခဲ့တဲ့ ချစ်မေတ္တာတွေ အပြည့်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ပေါ့
ဘယ်သူကထင်ခဲ့မလဲ။ သူကလေးလေးလိုပဲ တစ်ချိန်လုံး ထင်မြင်ခဲ့ရတဲ့ကောင်လေးဟာ အရွယ်ရောက်လာချိန်မှာ သူ့စိတ်ထားကို တစ်မျိုးတစ်ဖုံပြောင်းလဲစေခဲ့မယ်လို့လေ
"Jungkook မင်း ဘယ်အချိန်ထိ ဆိုးနေဦးမှာလဲ
ငါအလိုလိုက်တယ်ဆိုတာလည်း အတိုင်းအတာရှိတယ်ကွ
ခုတော့ ကျောင်းမှာ ရန်ဖြစ်ဆိုးသွမ်းရတာ အားမရလို့ မင်းကိုမွေးစားထားတဲ့အဖေကိုပါ စော်ကားနေပြီလား""ခင်ဗျားရာ ဘာအဖေလဲ
ကျွန်တော် ခင်ဗျားဆီရောက်လာတုန်းက အသက်ဆယ့်သုံးနှစ်
အဲ့တုန်းက ကိုယ့်ထက်ကြီးတဲ့ကောင်တွေကို စိန်ခေါ်ပြီး ခေါင်းတောင်ရိုက်ခွဲနေပြီဗျ
သူတို့သာ အုပ်စုလိုက်နဲ့ ကျွန်တော့်ကို မိုက်ကြေးမခွဲဘူးဆိုရင် ခင်ဗျားနဲ့တောင် တွေ့ဖြစ်မှာမဟုတ်ဘူး
ကျွန်တော့်ကို အဲ့တုန်းက ခြောက်နှစ်သားလို့များ ခင်ဗျားထင်နေသလား
ခင်ဗျားကို အဖေလို့လည်း စိတ်မထားနိုင်ဘူး အစ်ကိုလို့လည်း စိတ်မထားနိုင်ဘူး"
ESTÁS LEYENDO
Love Stories {TK🔞}
FanficTaekook ရဲ့ 18+ short stories လေးတွေပါ အသက်မပြည့်သေးသူများ မဖတ်ရပါ Idol ကို နှိမ့်ချလိုစိတ်မရှိပါ Fic လိုပဲ မြင်ပေးပါရှင် By Chan Myae Kim