Seo Fashion brandရဲ့ သူဌေးလေး
Xu Minghao
ဇက်ဇက်ကဲအထိမခံ ချောလွန်းပြီး မာနကြီးတဲ့ကောင်လေးKim Min Gyu မိန်းကလေးတွေကြားရေပန်းစားပြီး ခန့်ညားပြီး ချမ်းသာတဲ့ Kim group ရဲ့သားငယ်
''Morning မားမား ''
''Morning သားငယ်....ဒီနေ့ဆိုင်သွားမှာလားသား မားမား ထမင်းဘူးပြင်ထားပေးရမလား''
''ရတယ်မား မပြင်နဲ့ သားဒီနေ့ အစ်ကို Jun နဲ့ချိန်းထားလို့လေ''
''သား Jun နဲ့လား ဒါဆိုလည်း Jun မားမားကိုပြောပေးပါဦး နှစ်ကူးမတိုင်ခင် Shopping အတူထွက်ရအောင်မားကပြောနေတယ်ဆိုတာကိုလေ ''
''အော....သားပြောလိုက်မယ် အခုတော့နောက်ကျနေလို့သွားတော့မယ်နော် ''
''ဂရုစိုက်သွားနော်သားငယ်''
Desing အသစ်ထုတ်မှာရယ် Promotion ပွဲတွေရယ်ကြောင့် အစည်းအဝေးခန်းကမထွက်ရတဲ့အပြင် တစ်ခုမှစိတ်တိုင်းမကျတာကြောင့် မြောင်ဟိုစိတ်အတော်လေးဆတ်နေကာ ညနေတောင်ရောက်နေမှန်းအခုမှသိလိုက်သည်
''Hello အစ်ကို Jun''
''ရားးးးမြောင်ဟို အစ်ကိုလာခေါ်ရတော့မလား''
''အွန်း အကိုလာခေါ်ရင်လာတော့လေ ကျွန်တော်အလုပ်ပြီးနေပြီ ပြီးမှာ အစ်ကိုဆွန်းယောင်းတို့ကိုဝင်ခေါ်လိုက်မယ်လေနော် ''
''အွန်း ဒါဆို ဆိုင်မှာပဲစောင့်နေနော်''
လာခေါ်မဲ့လူတွေမလာခင် လုပ်လက်စတွေကိုသိမ်းပြီး ဆိုင်ရှေ့မှာပဲရပ်စောင့်နေလိုက်သည် ပြောမဲ့သာပြောတာပါ မြောင်ဟို့ကိုဆို အရမ်းသည်းခံကျတဲ့ အစ်ကိုတွေရှိတာတကယ်ပျော်စရာကောင်းသည် အစ်ကို Jun နဲ့က မိဘချင်းရင်းနှီးရာကနေသိလာပြီး အစ်ကို Joshua/Won Woo / Hoshi နဲ့ Woozi တို့ကိုပါ ခင်လာရတာဖြစ်သည် အဖွဲ့ထဲအငယ်ဆုံးလည်းဖြစ်သလို အရမ်းလည်းအလိုလိုက်ခံရသည်
အစ်ကို Jun ကတော့ သူ့ပါးပါးအလုပ်တွေကိုဦးစည်းပြီး Won Woo နဲ့ အထက်တန်းနောက်ဆုံးနှစ်မှာရည်းစားတွေဖြစ်ခဲ့ကျတာ
အစ်ကို Won Woo ကတော့ Computer နဲ့ကျောင်းပြီးပြီး လက်ရှိတော့ Esport player အနေနဲ့အောင်မြင်နေတာလေအစ်ကို Hoshi ကတော့ Tiger Ent ရဲ့ CEO ဖြစ်ပြီး Woozi ကတော့ Tiger Ent ရဲ့ အတော်ဆုံး Producer ပေါ့ အစ်ကို Joshua က Deer ရေမွှေး brand ရဲ့ပဲ့ကိုင်ရှင်ပေါ့
''ဟေ့ မြောင်ဟို မင်းငါတို့ကားရောက်နေတာကြာပြီမတွေ့ဘူးလား''
''sorry အစ်ကိုရာ ကျွန်တော်အတွေးလွန်သွားလို့ ''
''တတ်တတ် ကျန်တဲ့သူတွေကိုသွားခေါ်ရဦးမယ်''
အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်......
''ဟေ့ကောင်...ငါဒီမှာ''
လက်နှစ်ဖက်လုံးကိုဝှေ့ယမ်းပြီး အော်ခေါ်နေတဲ့ Seok Min
''မင်းကလည်းဖြည်းဖြည်းအော်ပါကွ''
''ငါကမင်းကိုမြင်တော့်ပျော်သွားတာကို ငါ့ကောင်ကြီးကိုလွမ်းနေတာ ''
''မဟုတ်တာ မင်းဆိုးဖော်ဆိုးဖက် သေဖော်သေဖက် ရလို့ပျော်နေတာမဟုတ်လား ''
''ဟဲဟဲ.... မင်းကလည်းကွာ ဒါနဲ့အခုမင်းအိမ်တန်းပြန်မှာလား''
''အင်း.... ဒါပေမဲ့အထုတ်တွေပဲသွားထားမှာ ပြီးရင် ဒီညပြန်ဆုံတဲ့အထိန်းအမှတ်နေနဲ့မူးအောင်သောက်ကျမယ်ကွ''
''ကြားချင်နေတာအဲ့စကားပဲလေသားကြီးရာ''
''ဟားးးးဟားးးး''
နှစ်ယောက်ကသာအခုလို ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ရပ်စကားပြောနေကျပေမဲ့ ပတ်ဝန်းကျင်မှာ camera တွေကအပြည့် ထိန်းတန်း group နှစ်ခုဖြစ်တဲ့ Kim နဲ့ Lee ရဲ့ သားနှစ်ယောက်ရဲ့ ဂုဏ်ရယ်ချောမောမှုရယ်ကိုမနက်ဖြန်သတင်းရဲ့ ခေါင်းကြီးပိုင်းမှာမြင်ရမှာမလွဲ
Cherry Bar...
Bar ပိုင်ရှင်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အချမ်းသာဆုံးစရင်းဝင် Choi Seung Cheol
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုပေမဲ့ Yoon Jeonghan ခေါ် Hannie ဆိုတဲ့ဆရာဝန် ရဲ့အပိုင် ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ် Hannie သာလျှင် ပထမဆိုတဲ့သူBoo Seung Kwan (Tiger Ent ရဲ့ အဆိုတော်) တစ်လောကလုံးကိုချေမိုးခဲ့ပေမဲ့
ဒေါက်တာငယ်ငယ်လေးနဲ့ကျအရည်ပျော်သွားတဲ့သကြားခဲလေးLee Chan (Dino) Lee Group ရဲ့သားငယ်
Lee Ji Hoon (Woozi )နဲ့ Lee Seok Min ရဲ့ညီအငယ်ဆုံး အကိုတွေရဲ့စနောက်တာကိုခံရတဲ့အငယ်ဆုံးလေးအခုမှ plot စဥ်းစားတုံးပါဘယ်လိုဇာတ်ရေးရမလည်း ပြောကျပါဦး