Cherry Bar🍒
အပြင်အဆင်ရော အစားအသောက်ပါ လုံးဝကိုပြောစရာမရှိဘဲ လူချမ်းသာတွေအေးဆေးအချိန်ဖြုန်းဖို့အကောင်းဆုံးနေရာဆိုရင်တော့
Cherry Bar ပဲ''Shua yaa~~~ ကလေးတွေရော''
''ခနနေရောက်လာလိမ့်မယ်...အကုန်အတူလာမှာတဲ့ ငါက ဒီနားကိုအလုပ်နဲ့ရောက်လာရင်းဝင်လာတာမလို့စောရောက်တာ ''
''ဘာလည်း Showroom အတွက်မြေနေရာလာကြည့်တာလား ''
''ဆိုပါတော့....ဒါပေမဲ့စိတ်တိုင်းတော့မကျသေးပါဘူးကွာ မင်းရောအဆင်ပြေရဲ့လား ''
''ပြေပါတယ်...အခုတလောအလုပ်များလို့ Hanni ကိုတောင်အချိန်မပေးနိုင်ဘူးကွာ''
''အဲ့တာကြောင့် ဒီရက်ပိုင်းအချစ်ငှက်တွေကို ig မှာမတွေ့ရတာပဲကောင်းလိုက်တာ''
''အေးပေါ့မင်းလို ငှက်ပျောတုံးဖက်မဲ့ကောင်က ဒါတွေကိုခံစားတတ်မှာမဟုတ်ပါဘူး ''
စကားပြောကောင်းနေတုံး
''Coups Hyung / Shua Hyung ''
နောက်ကနေအသံပြဲနဲ့အော်လိုက်တဲ့ Hoshi ကြောင့်နှစ်ယောက်လုံးလှည့်ကြည့်လာသည်
Shua - ''လာလာ မြောင်ဟို မင်းနဲ့ငါပဲအတွဲမရှိတော့ ဒီကောင်တွေကျွေးတဲ့ခွေးစာကိုတဝကြီးစားရဦးမှာ ''
Hoshi - '' Hyung ကလည်း jihoon ကတစ်ခါတစ်လေမှအပြင်ထွက်တာကို ကျွန်တော်မှာအခုတောင်မနည်းခေါ်လာရတာ မဟုတ်ရင်သူက Studio / Gym နဲ့ အိမ်ကလွဲရင်ဘယ်မှသွားတာမဟုတ်ဘူး ''
Jihoon- ''မင်းပြောလို့ပြီးဦးမှာလား ဆွန်းယောင်း ''
Hoshi - '' အချစ်ကလည်း ကိုယ်ကစတာကို''
ဒီမတည့်အတူနေမမြင်ချောင်းကြည့်အတွဲအား ဂျီဆူး ဘာမှမပြောချင်တော့ပါ စားပွဲတိုးလေးလာချသည့် ဘီယာခွက်ကိုသာကောက်မော့လိုက်သည်
Coups - ''ဒါနဲ့ wonwoo ရော နောက်လထဲပြိုင်ပွဲရှိတယ်ဆို ဘယ်နေ့လည်း Hyung တို့ကိုလည်းပြောဦး ကျန်တဲ့နေ့မအားတောင် final ကျလာအားပေးမယ်လေ ''
WW -" ၆ရက်နေ့မှစမှာ Hyung final ကျကျွန်တော်ပြန်ပြောပေးမယ်လေ ''
Coups -"အေးအေး ''