chapter 1

13.1K 107 1
                                    

Ch 1

"ဒေါက် ဒေါက်"

"အင်း"

တံခါးသံကြားလို့ အသံပေးလိုက်တော့ ဖေဖေ့ရဲ့ လူ Kik ကဝင်ခဲ့သည်။

"ဘာပြောချင်လို့လဲ"

လွန်းရိပ် တစ်ချက်သာကြည့်ပြီး စာကိုဘဲခေါင်းစိုက်သွားကာ အာရုံကမရချင်တော့။

"သခင်ကြီးက အထုတ်တွေပြင်ထားခိုင်းလိုက်ပါတယ်။"

"သားမသွားဘူး!"

"ဒါပေမဲ့ သခင်က သခင်လေးကို သူလိုက်လျောပေးမယ်လို့ပြောလိုက်တယ်"

စကားလည်းဆုံးတော့ လွန်းရိပ်မျက်နှာလေးကချက်ချင်းဝင်းပသွားကာ အဝတ်တွေကောက်ထည့်တော့သည်။

အောက်ထပ်ရောက်တော့ ဒယ်ဒီကဧည့်ခန်းထဲမှာအလုပ်များနေသည်။လွန်းရိပ်တို့ကတော့ထုံးစံအတိုင်း ဒယ့်ဒီ့ဆီအပြေးလေးသွားကာပေါင်ပေါ်ထိုင်ကာ ချွဲလိုက်သည်။

"အဆိုးလေး လိုချင်တာရတော့ ဒယ်ဒီ့ကိုချွဲပြီပေါ့"

"ဟီး။သွားကြမယ်နော် ဒယ်ဒီ လွန်းရိပ် အရမ်းစိတ်လှုပ်ရှားနေပြီ"

လွန်းရိပ်တို့ကားကို ၁နာရီကြာအောင်စီးလာပြီးတော့ သူတို့ပန်းတိုင်ကို ရောက်လာပြီ။

ကားပေါ်ကဆင်းဆင်းချင်း အရမ်းမိုက်တဲ့ဒီဇိုင်းနဲ့ဆောက်လုပ်ထားတဲ့ ကျောင်းဝင်းကြီးကိုမြင်လိုက်ရသည်။

လွန်းရိပ်အရမ်းတက်ချင်တဲ့ကျောင်းကြီး Dreaming limited school ။

ဒီကျောင်းကြီးကတစ်နိုင်ငံလုံးမှာ top 1 ချိတ်တဲ့ကျောင်း ကြီးဖြစ်ပြီး ဒီကျောင်းမှာတက်နိုင်တဲ့သူတွေက ‌တော်ဝင်မိသားစုတွေရယ်။ ပိုက်ဆံရှိတဲ့အိမ်တော်တွေရယ်။ စာအရမ်းတော်တဲ့သူတွေရယ် ဘဲဖြစ်သည်။

လွန်းရိပ်က စာလည်းတော် ပိုက်ဆံလည်းရှိတာကြောင့် ဒီကျောင်းကိုဝင်နိုင်ပေမဲ့ ဒယ်ဒီက နိုင်ငံခြားသာသွားစေချင်သည်မို့ သူဒယ်ဒီနဲ့ရန်ဖြစ်ခဲ့ရသေးသည်။

ကျောင်းရောက်တော့ ဒယ်ဒီကကျောင်းအုပ်ကြီးနဲ့စကားပြောပြီး လွန်းရိပ်နေရမည့် အခန်းကိုလိုက်ပို့ပေးခဲ့သည်။

အခန်းကြီးကကျယ်ဝန်းကာ ရေချိုးခန်း အိမ်သာ ကအစ မီးဖိုချောင်သေးသေးလေးပါ ပါသည်။ အိပ်ရာကြီးက king size ဖြစ်ကာ အရမ်းမိုက်။

လွန်းရိပ်မှာ ပစ္စည်းတွေနေရာချပေးနေတဲ့ Kik ကိုတောင်လှဲ့မကြည့်တော့ဘဲ အခန်းထဲပျော်ပျော်ကြီးဝင်ကာ အိပ်ပျော်သွားတော့သည်။

သူအိပ်ရာနိုးလာတော့ အခန်းကမှောင်နေပြီ။ ဘေးကနာရီကိုကြည့်လိုက်တော့ ၅နာရီ။

လွန်းရိပ် အိပ်ရာထ ရေချိုးကာ ညစာစားဖို့ အပြင်ထွက်လာတော့သည်။ လွန်းရိပ်တို့ အခန်းတွေက family roomပုံစံမို့ တံခါးဖွင့်လိုက်တာနဲ့ ဧည့်ခနိးကျယ်ကြီးကိုတွေ့ရပေမည်။

အဲ့အပေါ်မှာတော့ အံ့ဩနေတဲ့ မျက်လုံး‌‌ခြောက်လုံးက သူ့ကိုကြည့်လာတော့သည်။

" အာ မင်္ဂလာပါဗျ။ သားက 101ရဲ့ အခန်းဖော်ပါဗျ။ လွန်းရိပ်သခင်လို့ခေါ်ပါတယ်"

သူနှုတ်ဆက်လို့အပြီး တစ်ခွိခွီနဲ့ရယ်သံများ။

"အမ်??"

"အာ ချစ်စရာလေးကွာ။ babyလေး အသက်ကဘယ်လောက်"

"သားက 16 "

လွန်းရိပ်သူတို့နားသွားကာဖြေတော့ မျက်မှန်နဲ့ခပ်ချောချော ကိုကိုကသူ့ကိုဆွဲချလိုက်လို့ ပေါင်ပေါ်ပြုတ်ကျသွားတော့သည်။

"babyလေးက ညစာစားဖို့ထွက်လာတာလား"

"အွန်း"

"ကိုကိုက ဘယ်သူလဲ"

"ကိုယ်က ခွန်မြတ်သာ ဟိုဘက်ကနားတွေဖောက်ထားတဲ့တစ်ယောက်က ခက်ထန်။ ဟိုကအေးစက်စက်နဲ့ကိုရေခဲရိုက်က မဟာသျှန်"

"ဟုတ်ကဲ့။တွေ့ရတာဝမ်းသာပါတယ်ဗျ"

လွန်းရိပ်နှုတ်ဆက်လို့အပြီး ကိုကိုခက်ထန်ကအနားရောက်လာကာ သူ့ပါးကိုလိမ်ဆွဲနေတော့သည်။

"babyလေးရဲ့အသားလေးတွေကနူးနူးညံ့ညံ့လေး။ကိုယ်ကိုင်ကြည့်မယ်နော်"

ကိုကိုခွန်အပေါ်ထိုင်နေရင်း ငြိမ်ခံနေတုန်း ဘေးကိုအရိပ်တစ်ရိပ်ကျရောက်လာလေသည်။

ပြီးတော့ သူ့မျက်စိရှေ့က ဇွန်းတစ်ချောင်း။

"ဗိုက်ဆာနေတယ်ဆို စား"

ကိုကိုရေခဲရိုက်က ခွန့်ကြွေးနေတာမို့ လွန်းရိပ်လည်းပါးစပ်လေးဟကာ ပျော်ပျော်ရွှင်ရွှင်စားလိုက်တော့သည်။

အွီး ကိုကိုတွေကအရမ်းသဘောကောင်းတာဘဲ။

။။။

🌻Unlimited school🌻Where stories live. Discover now