"'မင်းငါ့ကိုဘာကြည့်တာလဲ မင်းမကျေနပ်ရင်သူနဲ့လိုက်သွား""
"'မင်းရှေးခေတ် မင်းကလေ တော်တော်အောက်တန်းကျတာပဲ မင်းလိုကောင်စီမှာ ငါသူ့ကိုတစ်စက္ကန့်လေးမှ မထာားခဲ့နိုင်ဘူး လာညီ
ကိုနဲ့လိုက်ခဲ့"''
လင်းရှိန်ခေတ်ရဲ့လက်ကိုဆွဲကာ ထွက်သွားရန်ပြင်လိုက်သည်
မင်းရှေးခေတ်ရဲ့လက်ကိုပြန်ဆွဲကာ ဖယ်ချလိုက်ပြီး
ကျနေသောမျက်ရည်များ သွေးများကိုသုတ်ကာ
ကျကွဲနေသော ပန်းကန်ကွဲများကိုလိုက်ကောက်နေတော့သည်
"" ဟာ...ညီ
မင်းဒီလိုကောင်နဲ့နေရတာ ပျော်နေတာလား"'
"မင်းကိုငါမပြောဘူးလား....
သူကငါ့ရဲ့ ရုပ်သေးရုပ်ပါလို့"
"ညီ
မင်းဘာလို့......""
"ကိုမာန်.....
ရှိန်ကို ဒီထက်ပိုပြီး ဒုက္ခ မရောက်စေချင်ဘူးဆိုရင် ကိုမာန်သွားလိုက်ပါတော့နော်....."
"မဟုတ်ဘူးလေ......ရှိန်"
လင်းရှိန်ခေတ် ဟာ သွေးပေနေသောလက်ညိုး
ဖြင့်မြတ်သောမာန် ရဲ့နှုတ်ခမ်းပေါ်တင်က
ကျနေသောမျက်ရည် စီနေသောသွေး တို့ဖြင့်
အရောင်ခြယ်ထားသော ပန်းချီကားတစ်ချပ်လိုဖြစ်နေသော မျက်နှာလေးနှင့်
နှုတ်ခမ်းမှပြောထွက်လာသည်မှာ.....
"အကို..... ရှိန်တောင်းပန်ပါတယ်...
သွားပါတော့နော်..."
""ဟာ...ရှိန်ရယ်..
ဟုတ်ပြီ...ကိုထွက်သွားလိုက်ပါ့မယ်...
ရှိန်အစစအရာရာ ဂရုစိုက်ပါနော်....""
မြတ်သောမာန် ဟာ မင်းရှေးခေတ်ကို ခက်ထန်သောမျက်လုံးများဖြင့် ကြည့်ကာ ထွက်သွားခဲ့လေသည်။
မင်းရှေးခေတ်ကလဲ သက်ပြင်းချကာ ထိုင်ခုံမှာပြန်ထိုင်ချလိုက်သည်
""အကို.... ဘာစားချင်တာလဲ...
ရှိန်လုပ်ပေးပါ့မယ်"
YOU ARE READING
The Puppet (ရုပ်သေးရုပ်)
RomanceCOMPLETE ထို့နောက်ဒူနှစ်လုံးထောက်ကာ..... ယောက်ျားမာန...ခဝါချလျက်.... မချိအပြုံး..ဆက်လက်ပြုံးလဲမရဖြစ်ချေပြီ.... ရီဝေရွှန်းလဲ့..မျက်ရည်စက်တို့က..... တပ်အပ်ရှိရာ...ကြမ်းပြင်ထက်သို့.... တစက်စက်ဖြင့်ကျနေတော့သည်.....