ခန်းနားပြီးရှေးဆန်တဲ့အိမ်ကြီးထဲ အပေါက်ဝတည့်တည့်က ထိုင်ခုံရှည်ပေါ် ဘိုဆန်ဆန်ထိုင်ကာ ဆေးလိပ်က်ို တဖွာဖွာနှင့်သောက်နေ
သည့် မဟာယမင်း ၊ ဘေးနားကစောင့်ကြပ်နေကြတဲ့ အစေခံတွေက တုပ်တုပ်မှမလှုပ်ပဲ ခေါင်းသာငုံ့ထားကြသည်။မကြာမီပင် တိမ်စိုင်နှင့်အမဖြစ်သူကလျာ စကားပြောရင်းရောက်လာကြသည်။တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတဲ့ အဖွားကြောင့် ခြေလှမ်းတွေနောက်တလှမ်းရွေ့ကာ တိတ်သွားကြသည်။"မင်းတို့ဘယ်ကပြန်လာတာလဲ"
"ဟို.....ဟိုကျွန်တော်......."
"ကျွန်မတို့သင်တန်းသွားတဲ့နေရာကပြန်လာတာလေ ဘာဖြစ်လို့လဲ"
" ကလျာ!! ... "
အဖွားရဲ့အမိန့်သံကြောင့် အားလုံးငြိမ်သွားကြပြီး
"ငါ့ကိုမသိဘူးထင်နေလာ တိမ်စိုင်မင်းကို gym ဆော့ခိုင်းတာဘာလ်ု့လဲမေ့နေပြီလာ"
"မ....မမေ့ပါဘူး...ဖွားဖွား"
"အေ... ကလျာမင်းကိုရောအချက်ပြုတ်သင်တန်းတက်ခိုင်းတာ မေ့နေပြီလာ"
"မမေ့ဘူး"
"ဒါဆို နင်တို့က ငါ့စကားကိုဖီဆန်တာလာ ပြောစမ်း!!"
"မ...မဟုတ်ရပါဘူး ဒါတွေအားလုံး ကျွန်တော့်ကြောင့်ဖြစ်တာပါ ဖွားဖွား အပြစ်ပေးချင်ရင် ကျွန်တော့်က်ုပေးပါ မမနဲ့ဘာမှမဆိုင်ပါဘူး.."
"ဘာမဆိုင်ရမှာလဲ ကျွန်မတို့ဝါသနာပါတာကို လုပ်ရုံပဲ ဘာမှမမှားဘူးထင်တယ် အဖွားသိတဲ့အတိုင်း အချက်အပြုတ်မှစိတ်မဝင်စားတာ အဲ့တော့ gymသွားမှာပေါ့ တိမ်စိုင်ကသူစိတ်ဝင်စားတဲ့ အချက်ပြုတ်သင်တာ ဘာမှားနေလို့လဲ."
"တိတ်စမ်း ငါ့စကားကိုညည်းက အာခံနေတာလာ ပေးစမ်းကြိမ်တုတ်"
"ဟုတ်...ဟုတ်ကဲ့"
ဘေးကအစောင့်တစ်ယောက်က ခပ်တုပ်တုပ်သွားကာ အရွယ်အစားမျိုးစုံရှိတဲ့ထဲက အသေးဆုံးကိုယူလာသဖြင့် မဟာယမင်း ဒေါသထလာပြီး ယူလာတဲ့အစေခံအား တုတ်ဖြင့် တစ်ချက်ချကာ အလယ်လတ်တုတ်ကိုပြန်ယူခိုင်းလိုက်သည်။
YOU ARE READING
မောင့်တိမ်စိုင် (un+zg)
Fanfic- တိမ်စိုင် ငါ့ကို ဖိနပ်အောက်က စီးကရက်ကောက်ပေးစမ်း! - မောင်တမင်လုပ်တာမို့လာ မောင်ရယ် စီးကရက်တွေမသောက်ပါနဲ့ အသက်တိုလိမ့်မယ် - တိမ်....စိုင်.....ငါခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ် ပြန်ခံမပြောနဲ့ - မောင် ကိုယ့်ထက်အကြီးကို အဲလိုမပြောရဘူးလေ ငရဲကြီးလိမ့်မယ် ...