အပိုင်း၁(U)

37 1 0
                                    

ယဲ့ရန်ရှင်းသည် သိမ်မွေ့သော ဓားသမားလေး တစ်ယောက်ဖြစ်သည်။

သူ၏ အနက်ရောင်၀တ်ရုံ အိပ်ကပ်ထဲတွင် မိန်းမလှလေးများအပေါ်
မတတ်သာလို့ပါဟုဆိုသော ချစ်ခြင်း
မေတ္တာ မှလွဲ၍ မည်သည့်အရာမျှရှိမနေ။

ချောမော ပြေပြစ်သော မျက်နှာလေးအား ဗန်းပြလျက် ရုပ်ကလေးသနားကမားနှင့်

တော်ကီကတော့ စော်ကြည်လောက်သည်။

သူဘယ်လောက်သိမ်မွေ့သလဲဆိုရင်ဖြင့်

"ဟေးးး!....မပြေးနဲ့
အစောင့်တွေ!!
လိုက်ကြစမ်း အနောက်ဆောင်ဘက်မှာ ၀တ်ရုံနက်နဲ့ လူတစ်ယောက် .."

ခွက်...ခွက်..ခွက်.(ဖိနပ်သံ)

ဟ...မိရင်တော့ သေတော့မှာပဲ
မိန်းမက ရသေးတာမဟုတ်ဘူး
မိဖုရား အရင် မသော်ကေပဲ
ငါအရင် သော်ကေမှဖြင့် ငါတို့မျိုးရိုး
သိက္ခာကျ ကုန်တော့မယ်

သူသည် တွေ့ရာ တံခါးဘောင်နားတွင် ကပ်ကာ အတန်ကြာ ငြိမ်နေလိုက်သည်။

အစောင့်တွေ မရှိတော့ကာမှ

"ဟူးးး......'တော်သေး သီကာလေးပဲ"

"ရှိသေးလားမသိဘူး"

သူသည် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ချိန်
နောက်တွင် ၀တ်ရုံစနှင့် တံခါးညပ်ကာ
ဆွဲမိသလိုဖြစ်တာကြောင့် တံခါးဘေးရှိကြွေပန်းအိုးလေး ပြုတ်ကျလာသည်။

"အိုင်း......အိုက်ယားးးး!"
"ဝုန်း !!....ဘုတ်.......အင့်!"

ပန်းအိုးလေးအား ဖမ်းရင်း အရှိန်လွန်ကာ အခန်းထဲသို့ ပစ်ကျသွားသည်။

"ဟ!...ကျွတ် ...ကျွတ်.."
---- ------ ------

"ဟင်းး...........ဟ့.....ကျန်းသခင်လေး
ရှင်က အရမ်းချောတာပဲ"

"ဟင်!!.....ရှင်...ရှင်.. ဘယ်သူလဲ..."

မိဖုရာချင် သည် တံခါး၀တွင် မျက်လုံးအပြူးသားနှင့် ပန်းအိုးပိုက်ကာ ပက်လက်ဖြစ်နေသော ယဲ့ရန်ရှင်းအားတွေ့သွားဟန်

"ကျန်းသခင်လေး ကျွန်မ အရမ်းကြောက်တာပဲ "

သူမသည် ငြုတုတု အသံလေးနှင့် အပေါ်ပိုင်းဗလာ ဖြစ်နေသော
ကျန်းသခင်လေး ဆိုသူ၏ ရင်ဘတ်ကို အတင်းမှီတွယ်ထားသည်။

ဒဏ္ဍာရီလာ သူရဲကောင်းများ(or)အဆုံးမဲ့ခရီးလမ်းWhere stories live. Discover now