နီညိုရောင် ပိုးချည်ထိုးဝတ်ရုံနှင့် ပြန်ထွက်လာသော ကျန်းသခင်လေးသည် မသိရင် နန်းတွင်းထဲက
အရာရှိလိုလို"ကျန်းသခင်လေး ခင်ဗျားက တော်တော် အပြောင်းအလဲမြန်တာပဲ။
ခင်ဗျားကို ကူညီလို့ ..ကျွန်တော့်ရဲ့ အစီအစဥ်လည်း ပျက်စီးသွားပြီ။
ကျွန်တော်က ပရဟိတ စိတ်ရှိတဲ့ လူကောင်းတစ်ယောက်မို့လို့ပေါ့။မဟုတ်ရင် ...ခင်ဗျားကို ဒီနေရာမှာတင်..""ဒီနေရာမှာတင်.... ဘာဖြစ်လဲ"
ဆက်ပြောလေ ဆိုတဲ့ ပုံစံနဲ့ မျက်စပစ်ပြလိုက်သည်။
ယဲ့ရန်းရှင်းသည် ထိုလူအား ပခုံးချင်းမယှဥ်နိုင်ဟု ခံစားလိုက်ရတာကြောင့်
ချက်ချင်း သွား ၃၂ချောင်းအား ဖြဲပြလိုက်သည်။
သူ့ရဲ့ အပြုံးက ၃၁ဘုံမှာ အလှဆုံးမို့လားသူသည် ကျန်းသခင်လေး၏ အနားတိုးကာ ပခုံးအား အသာပုတ်လျက်
"ကျွန်တော်သွားတော့မယ် သခင်လေး
ဂရုစိုက်ပါခင်ဗျ""ခနနေဦး ခုနက ကိစ္စကအတွက် ကျေးဇူးပါ"
"အယ်..... နေပါဦး ခင်ဗျား... ဒီလိုစကားလည်းပြောတတ်တယ်လား"
ပြောင်စပ်စပ် မျက်နှာပေးနဲ့ မေးပုံက
သူကပဲ လူမှုရေးနားမလည်တဲ့လူ ဖြစ်သွားရသည်။မျက်နှာထားအား ပြင်ကာ"မင်း..မသွားသေးဘူးလား"
"ကျန်းသခင်လေး ခင်ဗျားက တော်တော် အပြောင်းအလဲ မြန်တာပဲကျွန်တော့အပေါ်မှာ ကျေးဇူးကြွေးတင်သွားပြီနော်
ပြန်ဆပ်ဖို့ စဥ်းစားထားလိုက်တော့"မျက်စိ တစ်ဖက်အား ဟန်ပါပါ မှိတ်ပြကာ ထိုနေရာမှ အမြန် လစ်ထွက်လာခဲ့တော့သည်။
_______________________ယဲ့ရန်ရှင်းသည် အိပ်ယာ၀င်ရန် သူ၏
ကျဥ်းမြောင်းရှုပ်ပွေနေသော အခန်းငယ်လေးအား အ၀တ်စနှင့်ပုတ်ခတ်လိုက်သည်။ အိပ်ရာထဲတွင် လှဲကာ မအိပ်နိုင်သေးဘဲ အတွေးလွန်နေမိသည်။ကျန်းသခင်လေး ဆိုသူက မိဖုရားနဲ့တောင် အဆက်အသွယ်ရှိနေတာ ဘယ်လိုလူမျိုးများလဲ။
နောက်ပြီး သူက ဘာလို့ စိတ်အပြောင်းအလဲမြန်တယ်လို့ ခံစားနေရတာလည်း။
ကြည့်ရတာ လူချမ်းသာတစ်ယောက်ပါပဲ။
YOU ARE READING
ဒဏ္ဍာရီလာ သူရဲကောင်းများ(or)အဆုံးမဲ့ခရီးလမ်း
Terrorမွေးဖွား ခြင်းနဲ့နိဒါန်းသွယ်လို့ ပျောက်ကွယ်သွားတဲ့အထိ ရှင်သန်ခြင်းဆိုတဲ့ဝေါဟာရရဲ့ အဓိပ္ပာယ်ဟာ တိကျတဲ့အဖြေရော ရှိရဲ့လား။ငါနဲ့အတူ ခရီးဆုံးထိ လျှောက်မယ့် သူကရော ဘယ်သူများလဲ......