=6=

379 56 7
                                    

[Unicode]

စုချီယွဲ့ ဘေးကင်းနိုင်မည့်အကွာအဝေးကို လှမ်းကြည့်ရင်း နောက်လှည့်ကာ တစ်ဟုန်ထိုးထွက်ပြေးပါတော့သည်။

ထိုလူလေးယောက်လည်း သူ့နောက်မှအော်ဟစ်ကာ အရူးအမူးလိုက်ဖမ်းနေကြသည်။ စုချီယွဲ့ က ကျောင်းဝင်းထဲကို အရှိန်တင်ပြေးလာပြီး တံခါးဝမှ ဦးလေးကြီးကို အမြန်အော်ပြောလိုက်သည်။
"ဦးလေးရေ မြန်မြန်လုပ်ပါဦး၊ သူတို့ ကျွန်တော့်နောက်လိုက်နေကြတာ!"

ဦးလေးကြီးက ဒါဟာ သည်းမခံနိုင်စရာကောင်းတယ်လို့မြင်၍ လုံခြုံရေးအစောင့်ကိုခေါ်ကာ ကျောင်းတံခါးအပြင်ဘက်မှာ သူတို့ကိုတားခိုင်းလိုက်သည်။ ကျိုးရှင်းယဲ့သာ ကျောင်းသားကတ်ကိုမပြခဲ့ရင် သူက ရဲကိုတောင် ဖုန်းဆက်အကြောင်းကြားတော့မည်ဖြစ်သည်။

စုချီယွဲ့ အိပ်ဆောင်သို့ ပြန်ပြေးလာကာ သူ့အဆုတ်တွေ ပေါက်ကွဲတော့မလို ခံစားနေရလျက်။ သူ အရင်က ဒီလိုမျိုးတစ်ခါမှမပြေးဖူးဘူးလေ။

သို့သော်လည်း သူ စာအုပ်ထဲသို့ကူးပြောင်းလာပြီးကတည်းက ဤကမ္ဘာကြီးဟာ တစ်ခုခုမှားနေပြီမှန်း သေချာနေလေပြီ။ ထိုလူလေးယောက်က တကယ်ပဲ အတူတူရှိနေကြပြီဆိုတော့ သူတို့ယခင်ဘဝက ကလဲ့စားချေခြင်းကို မကျေနပ်နိုင်သေးဘဲ ဒီဘဝမှာ ဆက်ပြီးကလဲ့စားချေချင်နေပုံရတယ်။

မဟုတ်မှလွဲရော အဲဒီလူလေးယောက်လည်း ပြန်လည်မွေးဖွားလာကြတာလား?

ဒါကြီးက ကြောက်စရာကောင်းလွန်းတယ်လေ။ အခု ဒီကမ္ဘာကြီးထဲမှာ သူ ရှင်သန်နိုင်ပါတော့မလားလို့?

စုချီယွဲ့ အသက်ရှူရအဆင်ပြေလာပြီး သူ့မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။

ကောင်းပြီလေ၊ သူ သန်မာဖို့လိုပြီပဲ!

သို့သော် သူအပြင်မထွက်နိုင်တော့သဖြင့် အင်တာဗျူးလည်း ပျက်သွားခဲ့လေပြီ။ သူတစ်သက်လုံး ပုန်းအောင်းနိုင်ရင်တောင် ဘာစားသောက်ရမှာတုန်းလို့?

ဒီလူလေးယောက်က ဘာဆက်လုပ်မယ်မှန်း သူမသိသေးသော်လည်း ကောင်းသည့်အရာမဟုတ်တာတော့ သေချာနေပါရဲ့။ သူဘာလုပ်သင့်သလဲ?

ရသစုံရှိုးတစ်ခုမှာ ရုပ်ရှင်ဘုရင်ကြီးနှင့် ချစ်ကြိုက်သွားပြီးနောက် ... Where stories live. Discover now