ငါက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ဖို့ ထိန်းကျောင်းခံခဲ့ရတယ်။ တစ်ခါတစ်လေ သူအောင်မြင်သွားမလားဆိုတာကို ငါသိချင်မိတယ်။ အဲဒီ့နောက် ငါမင်းနဲ့တွေ့ခဲ့တယ်။ ပြီးတော့ ငါ့ကိုယ်ငါတွေဝေမိသွားတယ်။ ငါသာ ငါဖြစ်ခဲ့သင့်တဲ့ မကောင်းဆိုးဝါးတစ်ကောင်သာဆိုရင် 'မင်းကို ဆုံးရှုံးလိုက်ရရင်' ဆိုတဲ့ အတွေးတစ်ခုနဲ့တင် အရိုးထဲထိထုံထိုင်းစိမ့်ဝင်သွားတဲ့ ခံစားချက်မျိုးကို ငါဘာလို့ခံစားနေရသေးတာတဲ့လဲ?
***
ရုတ်တရက်ဆန်လှသည့် နွေမုန်တိုင်းတစ်ခုက ယန်မြို့ကို မွန်းလွဲပိုင်းအချိန်မှာ စတင်တိုက်ခတ်လာခဲ့လေသည်။ တစ်ဟုန်ထိုးသည်းထန်စွာ ရွာနေသောမိုးများနှင့် တဝှီဝှီတိုက်ခတ်နေသောလေမှာ လူအများကို သူတို့၏ လုံခြုံသည့်အိမ်မှ အပြင်သို့ထွက်ဖို့ရာတွန့်ဆုတ်စေသည်။
တံခါးတစ်ချပ်မှာ ပွင့်လာပြီး ဖေ့တု၏ရှည်လျားသေးသွယ်လှသောပုံစံမှာ လှပသောပန်းစည်းတစ်စည်းကို ကိုင်ထား၍ ခပ်ဖြည်းဖြည်းထွက်လာခဲ့သည်။ သူက အလျင်လိုမနေပေ။ ဖြည်းဖြည်းနှင့် ခြေလှမ်းများကို ရေတွက်နေကာ လျှောက်လာခဲ့သည်။ သူ့ကို အမိုး၏အကာအကွယ်မှ ဖယ်ရှားလိုက်တော့မည့် နောက်ဆုံးသော ခြေလှမ်းအရောက်တွင်တော့ သူခဏရပ်လိုက်၏။ ထို့နောက် တစ်ခုခုကိုတွေးကာ အမိုးအကာအောက်မှထွက်လာပြီး စိတ်ပျက်စရာကောင်းလောက်သည့်တိုင်ရွာသွန်းနေသော မိုးရေထဲသို့ တည်တည်ငြိမ်ငြိမ်လျှောက်သွားလိုက်သည်။
ပန်းများမှာ ချက်ချင်းပင် ပျက်စီးသွားတော့လေသည်။ တကယ်တော့ ပန်းများပင်မဟုတ်၊ သူ့၏ တန်ဖိုးကြီးမားလှသော ဝတ်စုံများပါဖြစ်သည်။ အဲဒီ့နောက်တွင်တော့ သူနှင့်အလှမ်းဝေးသော အနောက်ဘက်မှ တီးတိုးရေရွတ်သံများကိုပါ ကြားလိုက်ရလေသည်။
အဲဒီ့ကောင်လေး ဘာလုပ်နေတာလဲ?
မိုးများရွာနေသည်မှာ အေးစက်လွန်းလှပြီး မကြာခင်သူ့သွားများ ခိုက်ခိုက်တုန်လာတော့သည့်အထိပင်။ သို့ပေမယ့် သူ့ခြေလှမ်းများဟာ တစ်ချက်လေးမှ မရပ်သွားခဲ့။ မသိလျှင် သူကတစ်ခုခုကို စိန်ခေါ်နေသည့်အတိုင်းဖြစ်နေသည်။
YOU ARE READING
before you wake up
Fanfiction- this is just a translation work i do not own this story - ( I haven't had time to proofread yet, so there might be a lot of errors )