ii.

8 0 0
                                    

"ထောက်ရန်, ရှောင်ဖေ့တု..မင်း အဲ့ကလေးကိုစောင့်ကြည့်ပေးပါဦး" သူတို့အပြင်တွင် စောင့်နေသည့်အချိန် မုရှောက်ချင်မှာ ပြောလာခဲ့လေသည်။
"သူကအဆင်ပြေပါတယ်လို့ပြောတယ်။ တကယ်လဲ အဆင်ပြေနေတဲ့ပုံပေါက်ပေမယ့်..ဒါပေမယ့် အဲ့ကလေး.."

"ကျွန်တော်သိပါတယ် အန်တီ။ စိတ်မပူပါနဲ့။ ကျွန်တော် သူ့ကိုဂရုစိုက်မှာပါ"

"လော့ဝမ်ကျိုးကအဆင်ပြေသွားမှာပါ။ အန်တီ့သား...သူက ခေါင်းမာသလောက် စိတ်ဓာတ်လဲမာတယ်လေ။ သူခေါင်းမာတာက အန်တီ့ဗိုက်ထဲမှာကတည်းကပဲ။ သူကမတိုက်ခိုက်ကြည့်ပဲ အရှုံးပေးမှာမဟုတ်ဘူး။ သူ သေချာပေါက် ဖြတ်ကျော်နိုင်မှာပါ" သူမ၏ အသံမှာ အဆုံးတွင်အက်ကွဲသွားလေသည်။ ထောက်ရန် သူမ သူ့ကိုနှစ်သိမ့်ဖို့ကြိုးစား‌နေခြင်းလား သူမကိုယ်သူမ နှစ်သိမ့်ဖို့ကြိုးစားနေခြင်းလားမသိပေ။ လော့ချန်မှာ သူမပုခုံးပေါ်လက်တင်ကာ ဖက်လိုက်လေ၏။ ယခု သူ့ရှေ့မှာရှိနေသည့်ထိုလူမှာ သူတို့ဌာနရှိ အထက်အရာရှိများကို အမိန့်ပေးရဲသည့် လူနှင့်နည်းနည်းလေးမှတူမနေချေ။ သူ၏ ဂုဏ်ပုဒ်နှင့် ယူနီဖောင်းကို ဖယ်ရှားခဲ့ပြီးသည့်နောက်တွင် ဒီအတိုင်း လော့ဝမ်ကျိုး၏အဖေအဖြစ်သာကျန်ခဲ့လေတော့သည်။ အရေးအ‌ကြောင်းများမှာ သူ့နဖူးကိုကြည့်မကောင်းဖြစ်စေကာ နှုတ်ခမ်းများမှာလဲ သွေးရောင်သမ်းမနေတော့ပေ။ ပို၍ အနီးကပ်ကြည့်မည်ဆိုလျှင် သူ့မျက်လုံးများမှာ အနည်းငယ် အနီရောင်စွက်နေသည်ကိုပေ မြင်နိုင်လေသည်။

"အန်တီတို့နှစ်ယောက်လုံး ပြန်ပြီးအနားယူလိုက်ပါဦး။ ကျွန်တော် ဖေ့တုနဲ့နေလိုက်ပါ့မယ်"

"ငါတို့မပြန်ခင် သူထွက်လာတာကိုစောင့်လိုက်ပါဦးမယ်" လော့ချန်ကပြောလိုက်လေသည်။
"အဲ့ကလေးကကြောက်နေခဲ့တာ။ သူ သေချာဖုံးကွယ်ထားပေမယ့် ငါတို့လိုလူကြီးတွေကိုတော့ အရူးလုပ်လို့မရဘူးလေ"

သူက ထောက်ရန်၊ လန်ချောင် ဒါမှမဟုတ် ရှောင်းဟိုင်ယန်ကိုတောင်မှ အရူးမလုပ်ပေ။ ဘယ်လိုလုပ် လော့ဝမ်ကျိုး၏မိဘများကို အရူးလုပ်ဖို့ဖြစ်နိုင်မှာတဲ့လဲ။ သို့သော် ထောင်ရန်မှာ ထိုအရာများကိုမပြောလိုက်ပေ။ ထိုအစား ခေါင်းသာညိမ့်နေလိုက်၏။

before you wake upWhere stories live. Discover now