ဆေးအဖြူရောင်ခြည်းသာ သုတ်လိမ်းထားသည့် သုံးထပ်တိုက်ကြီး၏ခြံအရှေ့တွင် မိနစ်အနည်းငယ်ကြာတဲ့အထိ ခြေစုံရပ်ကြည့်နေမိသည် ။ ဘယ်တော့မှ ထပ်ပြီးခြေမချတော့ဘူး ဟုစိတ်ပိုင်းဖြတ်ထားသော်လည်း အကြောင်းအရာတစ်ခုကြောင့် ရောက်လာခဲ့ရပြန်သည် ။ ခေတ္တကြာတဲ့အထိ တွေဝေပြီးနောက်မှာတော့ ဟူးကနဲသက်ပြင်းချလိုက်ပြီး တပ်ဆင်ထားသည့်မျက်မှန်ဝိုင်းလေးကိုတစ်ချက်ပင့်တင်ရင်း"တီးတောင် !! တီးတောင် !
လူခေါ်ဘဲလ် နှစ်ချက်လောက်ဆင့်တီးပြီးမကြာ ခြံထဲမှ ဦးလေးကြီးဟာ ခပ်သုတ်သုတ်လျှောက်လာေနသည် ။အရင်ကလိုဦးခန့် ဟုထင်ထားသော်လည်း အနီးကပ်မြင်လိုက်ရသော လူဟာ ဦးခန့်ဟုတ်မနေပေ ။
"ဦး ဘုန်းမောင်နဲ့တွေ့ချင်လို့ပါ ဦးလေး ။
"ဆရာကြီးမရှိဘူး ကလေး ။ "
မောင်က လိုရင်းတိုရှင်းပြောတော့ သူကလည်း ခပ်ပြတ်ပြတ်သာ ဖြေလာသည်မို့ စိတ်ထဲအလိုမကျမှုကအထင်းသား ၊ ဒီဦးလေးကြီးနေရာမှာသာ ဦးခန့်ဆိုလျှင် ဒီလိုဖြစ်မှာမဟုတ်ဘူး ၊ မောင်ကလည်း အထဲမဝင်ရမချင်း ပြန်မှာမဟုတ်သလို ဒီဦးလေးကြီးကလည်း ဖိုးဖိုးကြီး၏ခွင့်ပြုချက်မရမချင်းဖွင့်ပေးမည့်ပုံမပေါ်တာမို့ စိတ်ညစ်ညစ်နဲ့ခေါင်းကုတ်နေမိသည် ။
"အို သွင်လေးပါလား ။ "
ပြန်လှည့်သွားရမလိုလို ဖြစ်နေတုန်းမှာပင် တစ်ရင်းတစ်နှီးခေါ်သံကိုကြားလိုက်ရတော့ ဝမ်းသာအားရနှင့် ပြန်လှည့်ကြည့်မိသည် ။ မျက်နှာတစ်ပြင်လုံး သနားတွေအဖွေးသားနှင့် ကြီးမြင့်က ဦးလေးကြီး၏ေကျာနောက်ကေနခပ်သွက်သွက်လျှောက်လာနေသည် ။
"ကြီးမြင့် !
" ဘာလုပ်နေတာလဲ တံခါးဖွင့်ပေးလိုက်လေ ဦးလုံ ။
သူက အခြားသူမဟုတ်ဘူးတော့် ၊ဆရာရဲ့ တစ်ဦးတည်းသော မြေးမ ...!ထိုအခါမှ ပြာပြာသလဲလဲနှင့်တံခါးဖွင့်သည်မို့ မောင် သက်ပြင်းသဲ့သဲ့ချရင်း ဝင်လာခဲ့တော့သည် ။ ဖြစ်နိုင်လျှင် ဖိုးဖိုးကြီးရဲ့ မြေးဆိုတာကို ဘယ်သူ့ကိုမှပေးမသိစေချင် ၊ မောင်ဟာ မောင့်ဘာသာ အေးအေးဆေးဆေးလေးသာ နေချင်သူဖြစ်သည် ။ သို့သော်လည်း ဘာတတ်နိုင်မှာလဲ ၊ ဘယ်လိုမှပြုပြင်ပြောင်းလဲလို့ မရတာက မောင်ဟာ Lလုပ်ငန်းစု၏ ဆက်ခံသူ သွင်ဘုန်းမြတ်မောင်ဆိုတာပါပဲ ...။
YOU ARE READING
သုံးရောင်ခြယ်
Actionရင်ခုန်တာမျိုး မဟုတ်ပဲ အသက်ရှုနှုန်းတွေ မူမမှန်တော့တာ ။ မောင့် ကသူ့ကိုငေးနေတာမဟုတ်ဘူး ၊သူက မောင့်ကိုပြုစားလိုက်တာ ။ ပြီးတော့ ဒီမိန်းမက လှတာမဟုတ်ဘူး ၊ညို့တာ ..။မောင် ကအညို့ခံလိုက်ရတာ ။ 𝑻𝒉𝒘𝒂𝒚64