"သူက ငါ့ညီမလေးလေ လှိုင်းရာ ! တစ်ဦးတည်းသော ညီမလေးပေါ့ ။ "
"သိတယ်လေ ၊ သူ့ပုံကိုငါမြင်ဖူးတာပဲ ။"
"နာမည်က ..!
"သွင်ဘုန်းမြတ်မောင် ! သိပါတယ်ဆို ..!
သော်ဇင်မောင် မိတ်ဆက်ပေးမလို့ရှိသေး စိတ်မရှည်ဟန်ဖြင့် ခပ်ဆတ်ဆတ်ပြောချလိုက်သော လှိုင်းရာကြောင့် သူညီမလေးရှေ့မှာပင်ရှက်ရယ်ရယ်လိုက်ရသည် ။
"ဟဟ အေးပါ ၊ငါကနင်မမှတ်မိတော့ဘူးထင်လို့ ၊ အရင်ကငါပြောပြဖူးတာကလည်း ကြာနေပြီဆိုတော့ ..!
"လေကြောရှည်လိုက်တာ သော်ဇင်မောင်ရာ။ ငါနဲ့နင့်ညီမကိုမိတ်ဆက်ပေးချင်တာမလား ။ရတယ် ငါ့တို့ဘာသာပဲ ငါတို့မိတ်ဆက်မယ်။ "
"ဟို ..
"ငါ့နာမည်က တည်ကြည်လှိုင်းရာ ! မင်းအကိုခေါ်သလိုမျိုး လှိုင်းရာလို့ခေါ်ချင်လည်း ရတယ် ။"
"ဟုတ်ကဲ့ ၊မောင့်နာမည်က သွင်ဘုန်းမြတ်မောင်ပါ။ သူများတွေခေါ်သလို မောင်လို့တစ်ရင်းတစ်နှီးခေါ်လည်းရပါတယ် ။"
"မြတ်မောင် !
"ဟင် !
" မြတ်မောင်လို့ပဲခေါ်မယ် !
"ဟုတ် ဟုတ်ကဲ့ "
"ဒါဆို ကိုလေးတို့လည်း နေရာချပြီးပြီဆိုတော့ မောင် ပြန်တော့မယ်နော် ! လိုတာရှိရင် ဖုန်းဆက်လိုက်လေ ! ဒါမှမဟုတ်လည်း မနက်ဖြန်ဖိုးဖိုးကြီးပြန်မလာသေးဘူဆို မောင် ထပ်လာခဲ့ပါ့မယ် ။"
"အေးအေး ညီမလေး ။ဂရုစိုက်ပြန်နော် "
ကိုလေးက ခပ်ပြုံးပြုံးပင် အလွယ်တစ်ကူခွင့်ပြုသည်မို့ မောင်ဝမ်းသာအားရနှင့်လွယ်လာသည့်အိတ်ကလေးကိုကောက်ကိုင်လိုက်သည် ။ အိတ်ထဲတွင်လည်း ပိုက်ဆံအိတ်နှင့်ဖုန်းပါလာလားစစ်ကြည့်ရသေးသည် ။ မဟုတ်လို့ မေ့နေခဲ့လျှင် နောက်တစ်ခေါက်ထပ်မလာချင်တော့ဘူးလေ။
ဗုဒ္ဓေါ မောင် မတည်ကြည်လှိုင်းရာကိုနှုတ်ဆက်ဖို့မေ့နေတာပဲ ။ ပြန်ချင်ဇောနှင့်ပျာယာခတ်နေသော မောင့်အား မတည်ကြည်လှိုင်းက သူမရဲ့အကြည့်စူးစူးများနှင့်စိုက်ကြည့်နေလေသည် ။
YOU ARE READING
သုံးရောင်ခြယ်
Actionရင်ခုန်တာမျိုး မဟုတ်ပဲ အသက်ရှုနှုန်းတွေ မူမမှန်တော့တာ ။ မောင့် ကသူ့ကိုငေးနေတာမဟုတ်ဘူး ၊သူက မောင့်ကိုပြုစားလိုက်တာ ။ ပြီးတော့ ဒီမိန်းမက လှတာမဟုတ်ဘူး ၊ညို့တာ ..။မောင် ကအညို့ခံလိုက်ရတာ ။ 𝑻𝒉𝒘𝒂𝒚64