Part 17

456 62 12
                                    

FINALLY THEY GET HONEYMOON..

********

" ဒေါက်တာ ဧည့်သည်ရောက်နေတယ် တွေ့ချင်လို့ဆိုပြီးတော့ "

"အွန်း ဟုတ်ပြီလာခဲ့မယ်နော် "

ဂျီဆူး စစ်နေတဲ့လူနာကိုအမြန်စစ်ပြီး သွား‌ရသေးသည် မဟုတ်ရင် ဘယ်သူမှန်းမသိတာမို့ အဆင်မပြေ

အခုတစ်လော လည်ပိတ်တွေပဲ၀တ်နေလို့ ပူပါတယ်ဆို ‌‌ေဒါက်တာရယ်ဆိုပြီး ဝိုင်းပြောကျလို့ ဟန်ဆောင်ပန်ဆောင် ဖျားပြရသေးသည် ဟူး လူဆိုးကောင်ကတော့ လုပ်လိုက်ရင် ကိုယ်နဲ့သူက ဘယ်လိုပဲတရား၀င်လက်ထပ်ထားတယ်ပြောပြော လူအများအမြင်ထိတောတ့ မကောင်းဘူးလေ

Lobbyကိုသွားလိုက်‌တော့ရှင်းဂျယ်ဆောင်း??
သူနှင့်ထပ်မပြောစရာမရှိတော့တာကို ဘယ်လိုပဲဖြစ်နေ လာနေသူကလာနေပြီးပြီမို့ အနားသွားလိုက်တော့ မထင်ထားတဲ့ပုံ

"ရှူအာရား ကျေးဇူးပါပဲ လာပေးလို့ အလုပ်မအားဘူးထင်နေတာ "

"အင်း မအားတာမို့ လိုရင်းပဲပြော "

"တောင်းပန်ပါတယ် အရာရာအတွက် မရည်ရွယ်ခဲ့ပါဘူး တကယ်ပါ အရင်လို သူငယ်ချင်းအဖြစ်ပြန်နေချင်သေးတယ် "

"ဒါပဲမလားသွားပြီ "

သူလှည့်ထွက်လာတော့ လူတွေဝိုင်းကြည့်နေတာမို့ နောက်ပြန်ကြည့်မိတော့ ဒူးထောက်နေတဲ့သူ ရူးနေတာလား ဆေးရုံထဲမှာကို
ကိုယ့်ကြောင့်ဖြစ်တယ်ဆိုပြီး နာမည်မတပ်ချင်တာမို့ ဝိုင်းကြည့်နေတဲ့ လူတွေကြား‌ကနေ သွားဆွဲခေါ်လာရသေးသည် ဒီ‌လူတော့ ဆွန်းချောတွေ့ရင်မလွယ်တဲ့ဟာ သိရဲ့သားနဲ့

ဆေးရုံခေါင်မိုးပေါ်ခေါ်လာတော့ ဒူးထောက်ကာပင် တောင်းပန်‌သေးသည်

"ဘာလို့ဒီလောက်ထိလုပ်ရတာလဲ "

ဂျီဆူးမွန်းကြပ်နေတဲ့စိတ်ကိုတင်းကာပင် ပြောရသည်
သူသိရဲ့သားနဲ့ သူ့ကိုထပ်မမြင်ချင်ပါဘူးဆိုတာကို တောင်းပန်နေတော့ စိတ်ကပျော့ပြီး ထပ်ပြီးခွင့လွတ်ပေးချင်လာသည် ဂျီဆူးနေရခက်နေတာမြင်တော့ ပြာပြာလဲလဲနဲ့ ထကာ ဂျီဆူးလက်ကိုဆွဲကာ ခွင့်လွတ်ပေးဖို့ပဲထပ်ပြောလာသည်

ᴅᴏᴄᴛᴏʀ ꜱᴏᴏ'ꜱ ᴘʀᴏᴛᴇᴄᴛᴏʀ Where stories live. Discover now