Special part

522 64 16
                                    

ဂျီဆူးတို့ Singapore ကပြန်ရောက်လာပြီးနောက် ခွင့်ရက်လည်းမပြည့်သေးတာမို့ အိမ်မှာပဲအေးအေးဆေးဆေးနေဖြစ်နေတာများသည် အင်းး ဆော့မင်းရဲ့ ဟန်နီ.. ဟန်နီ လို့ခေါ်သံတွေလည်းမကြားချင်မှအဆုံး အတင်းရောဇွတ်ရောခေါ်နေတာ

"ဟန်နီ ဒီညတော့ဒါလင်ညစာချက်ပေးမယ် "

တွေးနေတုန်းပြောလာတာမို့ လက်ခံရကာ သူချက်ပေးမယ်ဆိုတာကိုစောင့်ကြည့်နေမိတော့ လက်မောင်းခေါက်နင်ကာ ပေါ့ပေါ့ပါးပါးပဲအေးဆေး ဟင်းရွက်တွေတစ်ခုချင်းစိတ်ရှည်လက်ရှည်ရေဆေးနေတာမို့ ကြည့်‌မနေနိုင်တဲ့သူကပဲ အသားကိုရေဆေးဘာညာလိုက်လုပ်ပေးနေရသည် မဟုတ်ရင်ညစာကဘယ်အချိန်မှရမယ်မသိ ရေဆေးထားတဲ့အသားတွေကိုဆေးပြီး လှီးမယ်လုပ်ပြီး အတုံးလေးတွေဖြတ်ပေးနေချိန် စိတ်က‌ဆေးရုံကိုရောက်သွားတာမို့ သတိမထားမိဘဲ လက်ကိုနည်းနည်းလေး လှီးမိသွားသည်

ရုတ်တရက်ဆို‌တော့ လန့်သွားတာမို့ အနညးငယ်ငြီးမိလိုက်တော့မှ ဟင်းချက်နေတဲ့ဆော့မင်းက အနားကိုပြေးလာကာ လက်ကိုကိုင်ကာ ဘေစင်ဆီအမြန်သွားကာ ရေဆေးပေးနေတော့ သူလည်းအနည်းငယ်ရုန်းမိသည် သူကတစ်ခြားလူနာတွေပဲ လုပ်ပေးဖူးတာ အရင်ငယ်တုန်းကတော့အိမ်ကမာမီတို့လုပ်ပေးပေမယ့် အထက်တန်းလောက်ကတည်းကကိုယ်တိုင်ကိုယ်ကျပဲ လုပ်နေကြဆို‌တော့ တခြားတစ်ယောက်ကသူ့ကို ဂရုစိုက်ပေးသလိုအပြုအမူကနေရခက်စေသည်

"အာ ရတယ်ဆော့မင်းနား ကိုယ်တိုင်လုပ်လိုက်မယ် ဟင်းတူးသွားလိမ့်မယ်"

"ဟန်နီရာ ကိုယ့်အမျိုးသားကိုဂရုစိုက်တာဆန်းသလာ မီးပိတ်ခဲ့တာမို့စိတ်မပူနဲ့ ဟန်နီကအရေးကြီးဆုံးပဲ"

ပြောမရဆိုမရမို့ လွတ်ထားလိုက်တော့ လူကိုထပ်ပြီးရုတ်တရက်ချီကာထိုင်ခုံနားအထိခေါ်လာသည်

"ဆော့မင်းနား လက်ညှိုလေးပဲထိသွားတာ လမ်းလျောက်တတ်သေးတယ်"

"ဒါလင်ကဟန်နီ့ကိုချစ်လွန်းလို့ကို ချီတာဘာဖြစ်လဲ"

ခုံပေါ်ချပြီး ဆေးတွေဘာတွေထည့်ပေးတော့ စပ်မှာစိုးသည်ထင် ကလေးတွေလို‌ လေတစ်ဖူးဖူးမှုတ်ပေးပေးနေတာကြောင့် ရယ်မိသေးသည် အီဆော့မင်းကသူ့ကိုကလေးလိုသတ်မှတ်နေတာ လို့တောင်ထင်မိသွားသေးသည်

"ဟန်နီ ဟန်နီ့ကို‌နောက်မထိခိုက်ပဲ‌နေရအောင်  ကိုယ်ကကာကွယ်ပေးမယ် "

"ဒါလင် ငါဆရာ၀န်တစ်ယောက်ဆိုတာမေ့နေတာလား "

"အင်းး ကိုယ့်အတွက်တော့ကလေးလေးပဲလေ "

****

"ဟန်နီ ဘာတူန်းကကိုယ်က ဟန်နီ့ရဲ့Lubb dup ဖြစ်သွားတာလဲ "

"ဟိုးအရင် ဒါလင်မသိခင်ကတည်းက"

ဖုန်းကိုပြစ်ချပြီး လူကိုအတင်းကာရောဖက်ကာ  ပုခုံးပေါ်ကိုမျက်နှာတင်ရင်း

"ကိုယ်ကအဲ့ဒါဘာလဲမသိတာမို့ ကိုယ့်ကိုပြောပြလို့ရလား"

"အင်းမှန်းကြည့်လေ"

""မသိတော့ပါဘူး ဟန်နီပြောမှာသိမယ့်အဆင့်ရောက်နေ‌ပြီ"

"Lubb dup ကလေ ဆေးပညာအရဆိုရင် လူတစ်ယောက်ရဲ့ နှလုံးခုန်သံတစ်ချက်ပဲ Lubb dup ဆိုတဲ့နှစ်လုံးပေါင်းမှာတစ်ချက်လေ Lubb ကပထမဆုံး rhythm ဖြစ်ပြီး dup ကနောက်မှဖြစ်တဲ့ rhythm ဒါလင်ကလဲ ငါ့အတွက်တော့ နှလုံးခုန်သံ အသက်ရှင်ရာလေးလေးမလို့ အဲ့လိုလေးမှတ်ထားတာ "

"ကိုယ်ကတော့ ဆရာ၀န်လေးကို မရိုတတ်ဘူးပဲထင်ထားတာ ဘယ်ဟုတ်ပါ့မလဲနော် "

"ဆော့မင်းဆိုတဲ့ဒါလင့်ကိုချစ်လို့ပါနော် ဟွန်း"

****

This is special part for 9k ..
အပ်ပဒိတ်မလုပ်နိုင်ခင် ပိစိလေးရေးထားတာရှိတာမို့ အရင်လာတင်ပေးထားတာပါ 😙💗

ᴅᴏᴄᴛᴏʀ ꜱᴏᴏ'ꜱ ᴘʀᴏᴛᴇᴄᴛᴏʀ Where stories live. Discover now