ခံစားချက်တွေက တစ်ဘဝလုံး လူတစ်ယောက်အပေါ်ကို တစ်သမတ်တည်းရှိနေမယ်ဆိုတာက ဝတ္ထုတွေ၊ဇာတ်ကားတွေထဲကလွဲရင်မရှိဘူး။လက်တွေ့ဘဝမှာ လက်တွေ့ဆန်ဆန်စရိုက်ကိုကျင့်သုံးပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ရတာက လူ့ဘဝပဲ။
________________________________________"အ့"
"အာ တောင်းပန်ပါတယ်ဗျ ကျွန်တော်မမြင်လိုက် အယ် ဂယူဘင်းနီးဟျောင်း"
သူဘဲ တစ်ယောက်တည်းတောင်းပန်စကားဆိုလိုက် ဂယူဘင်းကိုမြင်တော့လည်း တအံ့တဩဖြစ်သွားသည့်တိုင် မျက်လုံးဝိုင်းတွေဖြင့်ကြည့်လာသည်က ခဏတာသာဖြစ်ပြီး အင်္ကျီပေါ်က အအေးတွေကို လက်နှင့်ဖယ်ချပေးလို့ပြောင်မယ်ထင်နေတာလားမသိပေမယ့် ဂယူဘင်းရှေ့က ကောင်လေးကတော့ လက်နှစ်ဖက်လုံးကို အသုံးပြုလို့ ရင်ဘတ်တစ်ခုလုံး စိုရွှဲသွားသည့် အဝါရောင် အကွက်ကြီးခါချပေးနေဆဲဖြစ်ကာ တစ်ယောက်တည်း ဗျာများပျာယာခတ် လျက်ရှိသည်။
"ဟေး အဲ့လို သုတ်ရင် ပိုပျံ့ကုန်မှာပေါ့"
လက်တစ်ဖက်က အအေးခွက်ကိုင်ထားဆဲဖြစ်တာမလို့ ဂယူဘင်းက ကျန်လက်တစ်ဖက်ဖြင့်သာ ကောင်လေး၏ လက်ကိုလှမ်းဖမ်းလိုက်ရင်းဆိုသည့်အခါမှ 'အာ' ဟူသော အာမေဍိတ်ကိုပြုရင်း ဘာလုပ်ရမှန်းမသိစွာဖြင့် ဟီးကနဲ ရယ်ပြလာတာကြောင့် ဂယူဘင်းက ထိုကောင်လေး၏ လက်ကိုလွှတ်လို့ သက်ပြင်းချလိုက်မိသည်။
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ ရုတ်တရက် တွေ့ဆုံမှုတွေမှာ မပြောင်းလဲတာကတော့ ဟန်ယူဂျင်း၏ ပျာယာခတ်မှုသာလျှင်ဖြစ်သည်။
အမြဲတမ်းတွေ့တိုင်း တစ်ခုမဟုတ် တစ်ခုကဖြစ်နေကြမလို့ ဂယူဘင်းကပဲ လူကြီးပီပီ စိတ်လျော့ခဲ့တာကများပါသည်။
"ကျစ်!"
ဂယူဘင်းက စိုသွားသည့် အင်္ကျီနေရာအား လက်ညှိုးနှင့်လက်မကိုအသုံးပြုလို့ ကိုင်ကာ ဆွဲခါလိုက်တော့ အအေးတွေကိုဖြတ်ကာ ဝင်လာသော လေအေးတွေနှင့် ရင်ဘတ်ကတိုက်ရိုက်ထိတွေ့သည်။
အဲ့ကလေးက ဂယူဘင်းရှိတဲ့နေရာတွေမှာ ဘယ်ကနေ ဘယ်လိုမှန်းမသိ ဘွားကနဲ ထွက်လာတတ်တာမလို့ ဒီအခြေအနေကသိပ်မထူးဆန်း။တွေ့တိုင်းလဲ အဲ့ကလေးကျေးဇူးနဲ့ ဂယူဘင်းမှာ ပြဿနာတစ်ခုမဟုတ် တစ်ခုက တတ်နေကြ။
YOU ARE READING
Ex-husband's present partner likes me so much
Fanficကွာရှင်းထားတဲ့ ယောင်္ကျားဟောင်းရဲ့ လက်ရှိပါတနာက ငါ့ကို သဘောကျနေတာတဲ့။သောက်ကျိုးနည်း!! ShenVin/Gyuky Fanfiction