အပိုင်း ၂၉ : ရေစက်ဆုံခြင်း

463 64 13
                                    

[Unicode]

ရေစက်--စကားလုံးများထက်သာလွန်သော အံ့ဖွယ်ဖြစ်ရပ်

တနင်္ဂနွေနေ့ နေ့လယ်ပိုင်းများ၌ ယွင်းကျင်လမ်းမှာ ပုံမှန်လောက် အလုပ်မများကြသော်လည်း လမ်းဆုံတွင် မြေအောက်ရထားဘူတာရုံအသစ်တစ်ခုကို ဆောက်လုပ်နေသောကြောင့် ယာဉ်ကြောမှာ သိပ်ပြီး ချောင်ချိမနေဘဲ ကားဟွန်းသံများ တပွမ်ပွမ်ညံနေသည်မှာ ကြားရသူအဖို့ အင်မတန်‌ဒေါသထွက်စရာပေ ။

ကျိုးရွှိသည် ကျောင်း၌အစားထိုးအတန်းချိန်များကို တက်ရောက်ပြီးကာစဖြစ်သဖြင့် အိမ်မပြန်ချင်သေး ။ သို့ဖြစ်ရာ ယွင်းကျင်လမ်းမထက် သူ့သူငယ်ချင်းအဆိုးအပေများဖြင့် ယောင်လည်လည်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည် ။

အခြားသူများမှာ ဘယ်သွားကြရန် အားတက်သရော‌ ဆွေးနွေးနေကြသော်လည်း သူကတော့ ဝင်ရောက်ဆွေးနွေးရန်စိတ်ပါမနေချေ ။ လမ်းလျှောက်ရင်း သူ့နားကြပ်ကြိုးကို လွှဲယမ်းနေလျက် မြေကြီးပေါ်ရှိ ကျောက်စရစ်ခဲများကိုသာ ကန်ကျောက်နေလိုက်သည် ။

သူသည် လှောင်အိမ်ထဲမှ ထွက်လာပြီးကတည်းက ယခုလို စိတ်မပါလက်မပါဖြစ်နေသည်မှာ နှစ်ရက်သုံးရက်ရှိပြီဖြစ်သည် ။ သို့ဖြစ်ရာ မှတ်ဉာဏ်ကောင်းလွန်းနေသည်ကလည်း ဆိုးကျိုးဖြစ်နေ၏ ။ စိတ်လှုပ်ရှားစရာတစ်စုံတစ်ခုကို ကြုံကြိုက်ပြီးနောက် ပျင်းရိဖွယ်နေ့စဥ်ဘဝကို ပြန်ရောက်လာသောအခါ ဘာကိုမျှလုပ်ကိုင်ရန် စိတ်မပါတော့ချေ ။

လှောင်အိမ်ထဲသို့ တစ်ကြိမ်သာ ဝင်ဖူးခဲ့သည့်တိုင် အနည်းငယ်စွဲလမ်းနေပြီဟု သူခံစားလိုက်ရသည် ။ ကံဆိုးစွာဖြင့် သူ့အမေခွင့်မပြုသောကြောင့် မည်သူကမှ သူ့ကို ဒုတိယအကြိမ်ထပ်ခေါ်သွားတော့မည်မဟုတ်ပေ ။

ကျန်းမိသားစုတွင် မိသားစုမျိုးဆက်အခွဲများစွာရှိပြီး ဘယ်မိသားစု၏ကလေးကများ အထူးလုပ် ဆောင်ဖွယ်ကိစ္စတစ်ခုခု မရှိဘဲနေအံ့မည်နည်း ။ သူတစ်ယောက်သည်သာ တစ်နေကုန်တစ်နေခမ်း သမားရိုးကျအဆန်ဆုံးကိစ္စများကို သင်ယူရပြီး သာမန်လူသားများနှင့် ပတ်လည်ဝိုင်းနေရကာ ပိတ်ရက်များ၌ အချိန်ပိုအတန်းများတက်နေရသူဖြစ်သည် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now