အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း

440 95 3
                                    

[Unicode ]

ရှဲ့ဝမ်း : " ငါက မျက်နှာပျက်မှာကို တော်တော်ဂရုစိုက်တတ်တယ် ။ အထူးသဖြင့် ငါ့ထက်ငယ်တဲ့ကလေးတွေ အရှေ့မှာ "

မည်သို့ပင်ဆိုစေကာမူ ထိုသို့မဟုတ်ကြောင်း ဝမ်းရှီ အလျင်အမြန် သဘောပေါက်သွား၏........

အကြောင်းမှာ ခုတင်ပေါ်ရှိ ရုပ်သေးရုပ်မှာ အမှန်တကယ် သေဆုံးခဲ့ပြီးဖြစ်သောကြောင့်ပင် ။

အဘိုးအိုက စောင်ကို ပင့်မ,လိုက်သောအခါ ကောင်လေး၏ ခြေလက်များမှာ သစ်ကိုင်းခြောက်များအဖြစ် ပြောင်းလဲနေပြီး သူ၏ အရေပြား နေရာတော်တော်များများကို အညိုရင့်ရင့် သစ်ခေါက်များက အစားထိုးထားပြီးဖြစ်ကြောင်း မြင်လိုက်ရလေ၏ ။ သူ၏ဝမ်းဗိုက်အပေါ်ပိုင်းသည်သာ လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားနိုင်သည်ဆိုရုံ ။

ဤဖြစ်စဉ်ကို "ညှိုးနွမ်းခြင်း"ဟု ခေါ်ပြီး ရုပ်သေးရုပ်တစ်ရုပ် သေဆုံးသွားခြင်းကို ရည်ညွှန်းသည်ပေ ။

ဒီအတိုင်း သေသွားပြီလား ?

ဝမ်းရှီသည် အနည်းငယ် အံ့အားသင့်နေခဲ့သည် ။

သူသည် ကောင်လေး၏ရင်ဘတ်အလယ်တည့်တည့်အား မထိုးဖောက်ခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး သည်လောက်‌နှင့် ကောင်လေးကို သေဆုံးနိုင်စေမည်မဟုတ်ချေ ။ သို့ဖြစ်ရာ အဘယ်ကြောင့် ရုတ်တရက်ကြီး ညှိုးရော်လာရသည်လဲ ?

သို့်သော် မျက်စိတစ်မှိတ်အတွင်း သူနားလည်သွားသည်က ဤမြင်ကွင်းမှာ သူကလေးငယ်အား ဒဏ်ရာရစေပြီးနောက် ဖြစ်ပျက်ခဲ့သည့် နောက်ဆက်တွဲမဟုတ်ဘဲ လက်တွေ့တွင် အမှန်တကယ်ဖြစ်ပွားခဲ့သော အဖြစ်အပျက်ဖြစ်နေခဲ့သည် ။

သည်အဖြစ်အပျက်မှာ အဘိုးအို၏မှတ်ဉာဏ်ထဲတွင် အမြဲတစေ ကျန်ရစ်နေခဲ့ပြီး စွဲစွဲမြဲမြဲ အမှတ်ရထင်ကျန်နေခဲ့သည် ။ လှောင်အိမ်ထဲ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက အတိတ်တွင် ဖြစ်ပွားခဲ့သည်များနှင့် တစ်နည်းနည်းဖြင့် ဆင်တူနေတတ်သောကြောင့် ရလဒ်အနေနှင့် ဤမြင်ကွင်း ထွက်ပေါ်လာခြင်းပင် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Donde viven las historias. Descúbrelo ahora